Subscribe to our RSS Feed

နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ

From : ..the voice

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ပေါ်ရှိ ငါးထပ်တိုက် သုံးလွှာတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိပ်ခန်း အတွင်းရှိ ရွှေထည်နှင့်ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာတစ်လုံး ခိုးယူခံရကြောင်း အခန်းပိုင်ရှင် ဦးကျော်စိန်က The Voice သို့ ပြောကြားသည်။

ယင်းနေ့ နံနက် ၉ နာရီကျော်က သမီးဖြစ်သူကို ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လိုက်ပို့ပြီး အပြန်တွင် အခန်းတံခါးကို ခတ်ထားခဲ့သည့် သော့သုံးလုံးကို ဖျက်ဆီးခံထားရပြီး အိပ်ခန်းအတွင်း ထားရှိသော LEECO အမျိုးအစား မီးခံသေတ္တာ ပျောက်ဆုံးနေကြောင်း၊ မီးခံသေတ္တာအတွင်းတွင် စုစုပေါင်း အလေးချိန် ၂၃ ကျပ်သားရှိ အကယ်ဒမီအခေါက်ရွှေ လေးတုံးအပါအဝင် ကျပ် ၁၅ သိန်း၊ စင်ကာပူ ဒေါ်လာ ၅၀ တန် အရွက် ၂၀ ၊ ရွှေနားကပ် သုံးရန်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်ပါ ပျောက်ဆုံးလျက်ရှိ ကြောင်း ၄င်းက ပြောကြားသည်။

"သော့သုံးလုံးကို ရွှေဖြတ်တဲ့ ကတ်ကြေး (Cutter) နဲ့ ဖြတ်ထားတဲ့ လက္ခဏာ တွေ့ရတယ်လို့ ရဲတွေက ပြောတယ်။ အဲဒီမီးခံသေတ္တာက ဝယ်တုန်းကတောင် လူလေးယောက်မ သယ်ရတယ်။ သူတို့တွေ သေတ္တာကို လှေကားကနေချပြီး ကားပေါ်တင်တာကို တချို့လူတွေ မြင်ကြပေမယ့် ခိုးခဲ့တာလို့ မထင်မိကြဘူးတဲ့" ဟု ဦးကျော်စိန်၏ သမီးဖြစ်သူကဆိုသည်။

မီးခံသေတ္တာကို လူသုံးဦးက ကားတစ်စီးပေါ်သို့ တင်နေသည်ကို မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ဖုန်းအရောင်း ဆိုင်၏ လုံခြုံရေးကင်မရာမှ မြင်တွေ့ရသော်လည်း မည်သူမည်ဝါများ ဖြစ်သည်ကို သဲကွဲစွာမသိရကြောင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တယ်လီဖုန်းအရောင်းဆိုင်၏ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ မီးခံသေတ္တာ တင်ဆောင်သည့်ယာဉ်မှာ Probox အမျိုးအစားဖြစ်ပြီး လူသုံးဦးအနက် တစ်ဦးမှာ တိုက်အနီးရှိ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းမှ လူငယ်တစ်ဦး ပါဝင်ကြောင်း၊ ၄င်းလူငယ်ကို ခေါ်ယူစစ်ဆေးရာ ၄င်းကို အကူအညီတောင်းသဖြင့် အိမ်လှေကားမှ ဝိုင်းဝန်းကူညီ သယ်ဆောင်ပေးခဲ့ရာ မီးခံသေတ္တာ သယ်သူများက ၄င်းကို ၁၅၀၀ ကျပ်ပေးခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း မီးခံသေတ္တာပိုင်ရှင် ဦးကျော်စိုးက ပြောကြားသည်။

"မသင်္ကာတဲ့ လူတစ်ယောက်ကိုတော့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရတယ်။ ဒီရပ်ကွက်မှာ အရင်က ဒါမျိုးမဖြစ်ဖူးခဲ့ပါဘူး" ဟု အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးခံသေတ္တာ အလုံးလိုက်ပျောက်ဆုံးမှုကို လှိုင်မြို့နယ်ရဲစခန်းက (ပ) ၃၆၂/၁၃၊ ပြစ်မှုပုဒ်မ၊ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


 .. www.MyanmarExpress.net
 

အတွင်းခံ အနက် နှင့် ခင်ဝင့်ဝါ

Supranational Myanmar 2013

W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်၊ တစ်ပတ်ခန့် နွားစာခြံမှာထားပြီး ၊ နင်နဲ့ မဆိုင်ဘူး ငါခေါ်သွားပြီး ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်

From : .. wirathu







ရက်စွဲ ၂၃.၈.၂၀၁၃
သို့/
ဆရာတော်ဝီရသူ
မစိုးရိမ်တိုက်သစ် မန္တလေးမြို့။
ဆရာတော်အား တပည့်တော်မ၏ ဖြစ်စဉ်အား မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ သင်ခန်းစာ ယူနိုင်စေ ရန် တပည့်တော်မ၏ ဖြစ်စဉ်ကို အမှန်အတိုင်း လျှောက်ထားတင်ပြအပ်ပါသည်။
တပည့်တော်မ၏ အမည်မှာ မကေဇင်ခိုင်ဖြစ်ပြီး အသက် (၂၂) နှစ် အဖ ဦးမောင်မြင့် အမိ ဒေါ်သန်းဌေး တို့၏သမီး မှတ်ပုံတင်အမှတ် ၉/လဝန (နိုင်) ၁၂၀၀၀၃၂ ဖြစ်ပါသည်။ ယခုနေထိုင်သော နေရာမှာ နေပြည်တော်၊ လယ်ဝေး အမှတ် (၆) အင်ဘု (၃) လမ်းတွင်ဖြစ်ပါသည်။ တပည့်တော်မသည် (၂.၂.၂၀၁၂) ခုမှစ၍ တပည့်တော်မတို့၏မြို့တွင် ဖွင့်လှစ်သော (ပင့်ကူ) အခွေငှားဆိုင်တွင် တစ်လျှင် (၃၀၀၀၀) နှုန်းဖြင့် မွတ်စလင် ကုလားတစ်ဦး၏ဆိုင်တွင် အလုပ်ဝင်လုပ်ခဲ့ပါသည်။ အလုပ်ဝင်ပြီး နောက် ထိုဆိုင်ပိုင်ရှင် မွတ်စလင်ကုလား၏ မြှူဆွယ်မှုဖြင့် လူငယ်သဘာဝ ချစ်ကြိုက်ခဲ့မိပါသည်။ ချစ်ကြိုက်မိပြီး လွန်ကြူးစွာ နေထိုင်မိပါသည်။ ထိုသို့ လွန်ကြူးစွာ နေထိုင်ပြီးနောက် ထိုမွတ်စလင်သည် အဝေးသင်စာမေးပွဲ ဖြေရန် ကျောက်ဆည်သို့ သွားပါသည်။ (၃) လ ကြာလျှင် စာမေးပွဲဖြေပြိး ပြန်လာပါမည်ဟု ပြောသွားခဲ့ပါသည်။ သူစာမေးပွဲဖြေနေစဉ် တပည့်တော်မသည် ကိုယ့်ကိုကိုယ် မသေချာ၍ ဆေးခန်းသွားပြခဲ့ပါသည်။ ဆေးခန်းမှ တပည့်တော်မအား ကိုယ်ဝန် (၂) လ ရှိပြီဟု ပြောသဖြင့် တပည့်တော်မလည်း သိသိချင်း ထိုသူထံ ဖုန်းဆက်၍ ပြောကြားခဲ့ရာ ပြန်လာပါမည်ဟု ပြောပြီး စာမေးပွဲဖြေပြီး နောက် (၃) လကြာသည်အထိ ပြန်မလာတော့ဘဲ ရှောင်ပုန်းနေခဲ့ပါသည်။ တပည့်တော်မသည် အမေအားလည်းမပြောရဲ သူငယ်ချင်းများအားလည်း မတိုင်ပင်ရဲပဲ ရှက်လွန်း၍ တစ်ယောက်တည်း ရှောင်ဖယ်နေခဲ့ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် စိတ်ဓာတ်ကျစွာ နေခဲ့ပါသည်။ စားမဝင် အိမ်မပျော်ဘဲ ပိန်လှီနေသော ကျွန်မအား အမေမှ ရောဂါရှိနေပြီထင်ပြီး ဆေးခန်းသွားရန်ပြောပြီး ကုတင် (၁၀၀) ဆေးရုံသို့ လိုက်ပို့ခဲ့ပါသည်။ ဆေးရုံမှ ဆရာမ မှ တပည့်တော်အား ဆီးစစ်ပိုက် ဝယ်ပါဟု ပြောသဖြင့် တပည့်တော်မ အမေအား ဆေးရုံတွင် ထားခဲ့ပြီး တပည့်တော်မ တစ်ယောက်တည်း ထွက်လာခဲ့ပါသည်။ ထိုနောက် လမ်းတွင် ထိုမွတ်စလင်နှင့်တွေ့ပြီး ဆေးရုံတွင် တပည့်တော်မ၏ အမေစောင့်နေကြောင်း ကိုယ်ဝန်ရှိနေပြီ ဖြစ်သည်ကို သိလျှင် သက်ဆိုင်ရာသို့ တိုင်ကြားလိမ့်မည်ဖြစ်ကြောင်း ပြောပြခဲ့ရာ သူမှ တပည့်တော်အား သူနဲ့လိုက်ခဲ့ပါ ဟု ပြောပြီး (၂၂.၄.၂၀၁၃) မှာ ခေါ်သွားခဲ့ပါသည်။ (၂၄.၄.၂၀၁၃) မှသာ တပည့်တော်မတို့နှစ်ဦး သဘောတူ စာချုပ်ကို မကျီးကုန်းရွာမှာ ပြုလုပ်ခဲ့ကြပါသည်။ လက်ထပ်စာချုပ်ပြုလုပ်ပြီး ရွာသူကြီးအား ကွာရှင်းစာချုပ်ပါ ပြုလုပ်ခိုင်းမည်ဟု တပည့်တော်အား ပြောပါသည်။ ဘာဖြစ်လို့လဲဟု တပည့်တော်က မေးသောအခါမှာ ဘာမှမ ဖြစ်ပါဘူး။ ကိုယ်ဝန်ဖျက်ချပြီး ပြန်၍ လပ်ထပ်ပါမည်ဟု ပြောပါသည်။ ရွာသူကြီးမှ တစ်ရက်တည်း လက်ထပ် တစ်ရက်တည်း ကွာရှင်းလို့ မရပါဘူးဟု ပြောပါသည်။
တပည့်တော်မသည် ကိုယ်ဝန်မဖျက်ချနိုင်ကြောင်း ပြောသောအခါ တပည့်တော်မ၏ ကိုယ်ဝန်အား ပျက်ကျစေရန် အနုနည်းနှင့် အမျိုးမျိုး နှိပ်စက်ခဲ့ပါသည်။ ကိုယ်ဝန်အရင့်အမာကြီးနှင့်ဖြစ်သော ကျွန်မအား သူတို့၏ လယ်ထဲ နွားစာခြံ စပါးကျီပေါ်မှာ ထားပါသည်။ ထိုစပါးကျီမှာ ၁၂ ပေခန့်မြင့်ပါသည်။ ထိုပေါ်သို့ ဝါလှေးကားဖြင့် တက်ရပါသည်။ ဝါးလှေကားမှာ တစ်ထစ်နှင့် တစ်ထစ် တစ်ပေခွဲခန့်ရှိပါသည်။ (၁၂) ပေခန့် မြင့်သဖြင့် တပည့်တော်မသည် ပြုတ်ကျမည်စိုး၍ အောက်လည်းမဆင်းရဲပါ။ အောက်ဆင်းမည်ဆိုသော်လည်း အလွန်ဆိုးသောခွေးများကို လွှတ်ထားပါသည်။ အပေါ့အပါးသွားလျှင်လည်း သူလာမှ သွားရပါသည်။ ထမင်းကျွေးသောအခါမှာလည်း နပ်မမှန်ခဲ့ပါ။ တပည့်တော်မအား တိရစ္ဆာန်တစ်ကောင်ပမာ ထားခဲ့ပါသည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျစေရန် W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်။ အားဆေးဟုလည်း ပြောပါသည်။ တပည့်တော်မသည် ဘာမှန်းမသိ၍ မသောက်ခဲ့ပါ။ နောက်ပိုင်းတွင် မြန်မာ့ အလင်းသတင်းစာ ထဲတွင် w.y စာတန်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများဖြစ်ကြောင်း ရေးထား၍ နောက်မှ သိခဲ့ရပါသည်။ သူသည် တပည့်တော်အား တစ်ပတ်ခန့် နွားစာခြံမှာထားပြီး သူ၏ သူငယ်ချင်း မှ ထိုနွားစာခြံသို့ အလုပ်လာရင်း တပည့်တော်မအား သနား၍ သူတို့နေထိုင်သော နေရာသို့ လိုက်ခဲ့ ပါဟု ပြောပြီး တပည့်တော်မတို့နှစ်ဦးအား သူ၏ အိမ်သို့ ခေါ်သွားပါသည်။ ထိုသို့ခေါ်သွားပြီး (၁၀) ရက်ခန့် အကြာ (၁၅.၅.၂၀၁၃) တွင် ထိုအိမ်၌ တပည့်တော်မ မီးဖွားခဲ့ပါသည်။ သားယောကျာ်းလေးဖြစ်ပါသည်။ မီးဖွားစဉ် အချိန်တွင်လည်း တပည့်တော်မအား အခန်းထဲသို့ ဝင်မကြည့်ခဲ့ပါ။ သူ၏ သူငယ်ချင်းက ကျွန်မအား သနား၍ မီးဖွားဆရာမ ခေါ်ပေးခဲ့ပါသည်။ မီးဖွားရာတွင်လည်း အင်္ကျီင်္ီ၊ ထဘီမရှိ၍ တိရစ္ဆာန်တစ်ကောင်ပမာ မွေးခဲ့ရပါသည်။ သူသည် ငွေကြေးပြည့်စုံသူဖြစ်ပြီး ကျွန်မအား မသိချင်ယောင်ဆောင်ကာ တမင်နှိပ်စက်ခဲ့ပါသည်။ ကလေးမွေးပြီးသောအခါတွင်လည်း (၁) ရက်လျှင် ထမင်းကို (၁) နပ်သာ ကျွေးပါတော့သည်။ ထို့အပြင် ညလည်း လာမအိပ်တော့ပါ။ ထမင်းတစ်နပ်ကိုလည်း ဆိုင်ကယ် ကယ်ရီဖြင့်သာ ပို့ခိုင်းပါသည်။ မီးဖွားပြီး (၃) ရက် ကြာသောအခါ ကျွန်မဆီလာတွေ့ပါသည်။ တပည့်တော်မအား သူ၏ဘာသာထဲသို့ ဝင်ရန် မြူဆွယ်ပြန်ပါသည်။ သူ၏ ဘာသာထဲသို့ မဝင်လျှင် ပေါင်းလည်းမပေါင်းနိုင် ကျွေးလည်းမကျွေးနိုင်ဟုပြောပြီး ဒါဆို ငါနဲ့ မွေးထားတဲ့ကလေးက ငါ့သားဘဲ နင်နဲ့ မဆိုင်ဘူး ငါခေါ်သွားပြီး ငါ့ဘာသာဖြစ်တဲ့ အစ္စလာမ် ဘာသာထဲဝင်ခိုင်းမယ်ဟု ပြောပြီး၊ တပည့်တော်မ၏ သားအား သူ၏ဘာသာထဲဝင်ဖို့ အတင်းဆွဲလုပါသည်။ ကျွန်မမှ မပေးနိုင်ပါဘူး ဟုပြောပြီး စကြိုက်စယူစဉ် ကတည်းက အစ္စလာမ်ဘာသာသို့ မဝင်နိုင်ပါဘူးဟု နှစ်ဦးသဘောတူခဲ့ပါသည်။ ထို့ကြောင့် တပည့်တော်မ၏ သားမှာလည်း ဗမာ/ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ခိုင်းမည်ဟု ပြောတဲ့အခါ တပည့်တော်မ၏ သားအား ဇွတ်လုယူရာ တပည့်တော်မမှ လူကြီးတွေနှင့် တိုင်မည်ဟုပြောသောအခါ ကလေးအား သူ၏ လက်ဖြင့် ပုတ်ထုတ်လိုက်သောအခါ ကလေး၏ မျက်လုံးကို ခိုင်းမိပြီး ကလေး၏ မျက်လုံးမှ သွေးများထွက်ကျ လာပါသည်။ သူသည့် တပည့်တော်အား ဆက်လက် မကျွေးနိုင်တော့ဘူး နင့်အိမ်နင်ပြန်တော့ဟု ပြောပါသည်။ ထိုအခါ တပည့်တော်သည် ဒါဆို တစ်ခါတည်း ကွာရှင်းပေးပါဟု ပြောသဖြင့် သူမှ ငါ့မှာ လက်ထပ်စာချုပ်ပဲ ရှိတယ်။ လာခေါ်ချင်တဲ့အချိန်လာခေါ်မှာဘဲ ကွာရှင်းမပေးနိုင်ဘူးဟု ပြောပြီး ထွက်သွားပါသည်။ ကလေးအား (၂) လကျော်လျှင် သူလာခေါ်မည်ဟုလည်း ပြောသွားပါသည်။ ထိုအချိန်မှစ၍ ထမင်းလည်းလာမပို့တော့ပါဘူး။ တပည့်တော်မသည် ကလေး (၇) ရက်ကြာသောအခါမှာ အစာအာဟာရ ချို့တဲ့ပြီး မူးမေ့လဲသွားပြီး သတိပြန်ရလာချိန်မှာ တပည့်တော်၏ အမေအား ဖုန်းဆက်၍ အကျိုးအကြောင်း ပြောပြီး လာခေါ်ပါဟု ပြောသဖြင့် အမေသည် ရပ်ကွက်ရုံးနှင့် ရဲစခန်းသို့ တိုင်ကြားကာ အိမ်သို့ ပြန်ခေါ်ပါသည်။ နောက်ရက်တွင် လူကြီးအား သူနှင့် မပေါင်းနိုင်ပါ။ သူသည် ကျွန်မအား အမျိုးမျိုး နှိပ်စက်နေသည်ဟု ပြောပြရာ ရပ်ကွက်လူကြီးမှ သူ၏အိမ်သို့ အကြောင်းကြားခဲ့ရာ တပည့်တော်မတို့နှင့် လာမတွေ့ခဲ့ပါ။ မကွာရှင်းပေးနိုင်ဘူးဟုလည်း ပြောပါသည်။
တပည့်တော်မအား သတ်ပစ်မည်ဟု ကြိမ်းဝါးနေသဖြင့် တရားရုံးသို့ တိုင်ကြားခဲ့ပါသည်။ ထိုသို့တိုင်ကြား ရာတွင်လည်း အမှုစရိတ် မတတ်နိုင်သဖြင့် အမှုကို ၁၈.၇.၂၀၁၃ မှ တိုင်ကြားခဲ့ရပါသည်။ အလုပ်လိုက်ရှာရာမှာ လည်း ကလေးငယ်လေးနှင့်မို့ အမှုကလည်း တစ်ဖက်နှင့်မို့ မည်သူမှ အလုပ်မခန့်ခဲ့ပါ။ တပည့်တော်မ၏ အဖေမှာလည်း တပည့်တော် (၅) နှစ် သမီးကတည်းက ကွယ်လွန်သွားသဖြင့် တပည့်တော်မ၏ အမေမှာ ကြုံရာ အလုပ်လုပ်၍ ရှာဖွေ ကျွေးမွေးခဲ့ပါသည်။ တပည့်တော်မ၏ အမျိုးများမှာလည်း မွတ်စလင်နှင့် ရသော ကျွန်မအား မခေါ်တော့ပါဘူး။ ယခုလက်ရှိ တပည့်တော်မတို့ နေသောအိမ်မှာလည်း ခြံစောင့်ပေးရန် ခဏထားသောနေရာဖြစ်ပါသည်။ တရားရုံးကို အမှုရင်ဆိုင်ရာတွင်လည်း ရုံးသွားရုံးပြန် သူ့ကို ကြောက်နေရပါသည်။ ရုံးကိုတင်သောစာကိုလည်း သူတို့အိမ်နားက မွတ်စလင် ကုလားနှင့် ရသော မြန်မာ ဗုဒ္ဓ ဘာသာမက တပည့်တော်မ၏ ရုံးတင်သောစာအား မိတ္တူကူးပြီး အနောက် ဗလီဆရာလူကြီးများက သူတို့မွတ်စလင်ကုလားများအား ဖြန့်ဝေနေကြောင်း ပြောလို့ သိရပါသည်။ သောကြာနေ့ တက်တဲ့ မွတ်စလင်များအား ဝေသည်ဟု ပြောပါသည်။ သူသည် ရုံးကိုလာရင် တစ်ယောက်တည်းဖြစ်ပြီး နောက်ကွယ်မှ သူတို့ ဘာသာချင်းစည်းလုံးပြီး အကူအညီပေးနေပါသည်။ တပည့်တော်မအား ပြန်ပေါင်းပါဟု ထိုဗမာမမှလည်း လာ၍ စည်းရုံးပါသည်။ တပည့်တော်မမှ ပြန်မပေါင်းနိုင်ပါဟု ပြောပါသည်။ အရင်က သူ ဗလီမတက်ပါ။ ယခုဆို နေ့တိုင်း ဗလီတက်နေပါသည်။ အဖော်လိုက်ပေးသော လယ်ဝေးမြို့မှ အမျိုးဘာသာ၊ သာသနာစောင့်ရှောက် ရေး အသင်းမှ လူများအားလည်း မထီမဲမြင်နဲ့ ကြည့်ပါတယ်။ ထိုအဖွဲ့မှ နာမည်စာရင်းကိုလည်း ဗလီထဲမှာ ရေး ထားသည်ဟု သူနှင့် ပေါင်းသင်းခဲ့စဉ်က သူပြော၍ သိခဲ့ရပါသည်။ တပည့်တော်မ၏ အမှုအား ယခု လယ်ဝေးမြို့ တရားရုံး တရားခွင် (၂) တရားသူကြီး ဦးကျော်စိုးခိုင်ထံတွင်ဖြစ်ပါသည်။
သူ အဝေးသင်စာမေးပွဲဖြေပြီး (၆) လလောက်အကြာတွင် ကျွန်မတွင် ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးရန် ခဏလာတွေ့ပါသည်။ လာတွေ့ချိန်တွင်လည်း သူ၏ သူငယ်ချင်း မွတ်စလင်တစ်ဦးအား ခေါ်လာပါသည်။ ထိုအချိန်မှာ ၁၀.၃.၂၀၁၃ ရက်နေ့ ဖြစ်ပါသည်။ သူသည် ကျွန်မအား မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဆေးရုံတွင် အန်ထွာဆောင်း ရိုက်ခိုင်းပြီး သူ၏ သူငယ်ချင်း မွတ်စလင်ကုလားနှင့် ထားခဲ့ပြီး ပြန်သွားပါသည်။ ဆေးရုံမှ ကျွန်မအား ကိုယ်ဝန် (၃၂) ပတ် (၈) လ ရှိပြီဟု ပြောလိုက်ပါသည်။ ထိုအန်ထွာဆောင်း ရိုက်သော စာရွက်စာတန်းများအား သူ့ သူငယ်ချင်းနှင့် ပေးလိုက်ရန် ဖုန်းဆက်ပြောပါသည်။ စာရွက်စာတန်းများကို သူ၏ သူငယ်ချင်းမှ ယူသွားပါသည်။ ယခု ကျွန်မတွင် စာရွက်စာတန်းများ တစ်ခုမှ မရှိပါ။ သူသည် ယခု ရုံးပေါ်တွင် ကလေးအား သူ၏ ကလေး မဟုတ်ပါဟု ငြင်းထားပါသည်။ သူသည် ကျွန်မအား အဝေးသင်သွားမတက်မီ ၁၇.၉.၂၀၁၃ တွင်လည်း အတည်တကျ လက်ထပ်ယူပါမည်ဟု ပြောပြီး ပျဉ်းမနား တည်းခိုခန်း Zar Zar သို့ တစ်ညခေါ်သွားပြီးမှ ကျောင်းသွားတက်ပြီး ပြန်လာမှ လက်ထပ်ယူပါမည်ဟု ပြောပြီး ကျွန်မအား အိမ်ပြန်ပို့ ခဲ့သည်မှာလည်း အထောက်အထားရှိပါသည်။
 

.. www.MyanmarExpress.net
 

အားလုံးစောင့်စားနေတဲ့ ခင်ဝင့်ဝါ ဘီကနီနှင့် ဓာတ်ပုံများ (ဓာတ်ပုံ-၆ ပုံ)


 ရေကူးဝတ်စုံဖြင့်ပြိုင်ပွဲဝင်ခဲ့သော Miss Supranational 2013 မှ မြန်မာ့ဂုဏ်ဆောင် မခင်ဝင့်ဝါ










.. www.MyanmarExpress.net
 

သူများ မိန်းမ ကြာခိုလို့ အဝှာ ပြန်ထုတ်လို့ မရသူ (video)

From : ..cnn

ကင်ညာမြို့က ယောက်ျားတစ်ယောက်ဟာ သူ့မိန်းမ ဖောက်ပြန်နေတယ်ဆိုတာကို သံသယရှိလို့ အောက်လမ်းဆရာမ တစ်ယောက်ကို ခေါ်ပြီးတော့ သူ့မိန်းမကို သူ့မိန်းမမသိအောင် အောက်လမ်းနဲ့ လုပ်ထားလိုက်ပါတယ်။ နောက်တစ်နေ့ သူ့မိန်းမ ဖောက်ပြန်တဲ့အချိန်မှာပဲ သူ့မိန်းမနဲ့ ဖောက်ပြန်တဲ့ ယောက်ျားက ဆက်ဆံနေရင်းက အဝှာကို ပြန်ထုတ်လို့မရတော့ပါဘူး၊ ရဲတွေကလည်း အဲလိုဖြစ်နေတာ တစ်နာရီလောက် ကြာတဲ့ထိအောင် မကယ်တင်ပေးနိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆုံးမှာတော့ ဖောက်ပြန်တဲ့ ယောက်ျားဟာ ထိုမိန်းမရဲ့ ယောက်ျားကို နစ်နာကြေးအဖြစ် သျှီလင် နှစ်သောင်း (၂၀ ၀၀၀) ပေးဖို့ သဘောတူလိုက်ပါတယ်။ အဲဒီလို သဘောတူလိုက်မှပဲ ထုတ်လို့မရတဲ့ဟာက အလွယ်တကူပဲ ထွက်သွားခဲ့ပါတယ်။ 

.
. www.MyanmarExpress.net
 

ဖတ်ပါ ရွှေမြန်မာ ...သမိုင်းကိုသိဖို့ပါ



ဒီနေ့ နိုင်ငံတော်ဘာသာနေ့မှာ ဘာအကြောင်းအရာတစ်ခုမှ
တိုက်တွန်းနှိုးဆော်ခြင်းမရှိတဲ့ Eleven , The Voice စတဲ့
သြဇာကြီးမားပါတယ်ဆိုတဲ့ မြန်မာမီဒီယာတွေကို တွေ့တော့
သမိုင်းမှာ ကျန်ခဲ့တဲ့ မျိုးချစ်မီဒီယာ၊ အမျိုးသားရေးကို ဦးစား
ပေးခဲ့တဲ့ မီဒီယာတွေကို သွားပြီးသတိရမိပါတယ်။

အဲ့ဒီမီဒီယာတွေကတော့ “သူရိယ နဲ့ မြန်မာ့အလင်း” သတင်းစာတွေပါ။
ဒီသတင်းစာ ၂ခုထဲမှာ ) ၀ံသာနုရက္ခိတစိတ်ဓါတ်နဲ့ အမျိုးသားရေးကို
ဦးစားအပေးဆုံးက ၁၉-ရာစုတစ်လျှောက် နာမည်ကြီးခဲ့တဲ့ “သူရိယ”
သတင်းစာပါ။ တည်ထောင်ခဲ့တဲ့သူတွေကိုယ်တိုင်ကိုက ဗုဒ္ဓဘာသာ
မျိုးချစ်ပုဂ္ဂိုလ်တွေပါ။ အထင်ကရသမိုင်းကြောင်းတစ်ခု ကျနော်နည်းနည်း
ပြောပြပါမယ်။

၁၉၃၁-ခုနှစ် မှာ ရွှေဘိုခရိုင်၊ မြေဒူးမှာနေတဲ့ အစ္စလာမ်ဘာသာဝင်
မွတ်စလင် “ရွှေဖီ”ဆိုတဲ့သူက “မော်လ၀ီနှင့် ယောဂီစာတမ်း”ဆိုတဲ့
စာအုပ်မကျ စာစောင်မကျ စာအုပ်တစ်အုပ်ကိုရေးခဲ့ပါတယ်။ အဲ့ဒီ
စာအုပ်ကို မွတ်စလင်လူမျိုးတွေကြားထဲမှာ ဖြန့်ခဲ့တယ်။ ပထမအကြိမ်
စောင်ရေနည်းတော့ လူသိနည်းခဲ့တယ်။ ဒါမေယ့် ဒီစာအုပ်ကို သဘောကျ
နေတဲ့ သိမ်ကြီးဈေးက “ပဒုမ္မာသူဌေး ပတေးလ်” ဆိုတဲ့ မွတ်စလင်ကုလား
တစ်ယောက်က ၁၉၃၇-ခုနှစ် နှစ်ကုန်ကာနီးမှာ စောင်ရေ သောင်းဂဏာန်း
နီးပါးထိ ရိုက်နှိပ်ဖြန့်ချီခဲ့တယ်။

စာအုပ်ထဲမှာပါတဲ့အကြောင်းအရာက “ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဗုဒ္ဓဘာသာဝင်”
တွေကို အစွမ်းကုန် ပုတ်ခတ်စော်ကားထားတဲ့ အကြောင်းတွေပါ။ ဒါကို
မွတ်စလင်တွေလက်ထဲက “သူရိယသတင်းစာ သတင်းထောက်တွေ”
တွေ့သွားတဲ့အခါမှာ မခံမရပ်နိုင်ဖြစ်ပြီး သတင်းစာမှာ အချက်အလက်တွေ
ထောက်ပြပြီး တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ သို့သော် အချိန်က မြန်မာတွေ
ကျွန်ဖြစ်နေတဲ့အချိန်၊ အစိုးရကလဲ အင်္ဂလိပ်နဲ့ မွတ်စလင်တွေသဘောကျတဲ့
အစိုးရဆိုတော့ အရေးယူခြင်းမရှိခဲ့ပါဘူး။

ခံရခက်တဲ့စိတ်၊ ၀မ်းနည်းတဲ့စိတ်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာတွေဟာ
၁၉၃၈-ခုနှစ်၊ ဇူလိုင်လ၊ (၂၆)ရက်နေ့မှာ “မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်း
ပျိုများအဖွဲ့” ဦးဆောင်ပြီးတော့ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်မှာ စီတန်း
လှည့်လည်ပြီးတော့ “ရွှေဖီနဲ့ ယောဂီစာတမ်းစာအုပ်” ကို ကန့်ကွက်ဆန္ဒပြ
ကြပါတယ်။

အဲ့ဒီမှာ ဆန္ဒပြနေတဲ့ သံဃာတွေကို မွတ်စလင်ပလိပ်အဖွဲ့က လူစုခွဲခိုင်းတဲ့
အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပြုမူတဲ့အတွက်ကြောင့် ဘေးကရပ်ကြည့်
နေတဲ့ မြန်မာအမျိုးသားတွေ မခံမရပ်နိုင်ပဲ တုန့်ပြန်ခဲ့ရာက “ကုလား-မြန်မာ”
ဒုတိယအကြိမ် အဓိကရုဏ်းဖြစ်ခဲ့ရပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ရေနံချောင်း၊ ပခုက္ကူ၊ မြင်းခြံ၊ ရွှေဘို စတဲ့
မြို့ကြီးအတော်များများကို ကူးစက်သွားခဲ့ပါတယ်။ လူပေါင်း (၁၀၈၄)ယောက်
သေတယ်။ ရန်ကုန်မှာ မြန်မာတွေအများဆုံးသေတယ်။ ပုလိပ်ဘက်က ပစ်လို့
သေတဲ့ (၁၇၁)ယောက်မှာ မြန်မာဗုဒ္ဓဘာသာ (၁၅၅)ယောက် သေခဲ့ပါတယ်။

ရင်နာစရာပါ။ အင်္ဂလိပ်လက်ထက် မွတ်စလင်တွေ အမျိုးမျိုးလူပါးဝနေတဲ့ချိန်၊
ဆူးလေစေတီတော် ဂေါပကမြေကိုယူ ဗလီဆောက်၊ ကျိုက်မြတ်သံချိုစေတီ
တော်ကိုဖျက် သိမ်ကြီးဈေးဆောက် ဗလီဆောက်ခဲ့တဲ့အပြင် ကြုံရင်ကြုံသလို
ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဗုဒ္ဓဘာသာကို အမျိုးမျိုးစော်ကားခဲ့တဲ့ မြန်မာနိုင်ငံရောက်
မွတ်စလင်တွေရဲ့ ရန်စမှုပါပဲ။

ဇူလိုင်လကစတဲ့ အဓိကရုဏ်းဟာ စက်တင်ဘာလလယ် ရောက်မှပြီးဆုံးခဲ့ပါတယ်။
ထုံးစံအတိုင်း ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်နဲ့ လုပ်ခဲ့ကြပါတယ်။ “မိုဟာမတ်
ဒါလ်ဒါလ်ချလ်ဂျီ နဲ့ တရ်ဘက်ဂျီ”ဆိုတဲ့ မွတ်စလင် ၂ယောက်က “အိန္ဒိယအမျိုးသား
ကွန်ယက်နဲ့ မွတ်စလင်လိဂ်”ကို သွားတိုင်တဲ့အတွက် ၁၉၃၉-ခုနှစ်၊ ဧပြီလ၊
(၉)ရက်နေ့မှာ အိန္ဒိယအမျိုးသားကွန်ဂယက်အဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေး
ဆုံးဖြတ်ချက်အရ “မြန်မာနှင့် အိန္ဒိယအစိုးရသည် ပင်လယ်ရပ်ခြား အိန္ဒိယအမျိုး
သားများ၏ အသက်စည်းစိမ်၊ လွတ်လပ်မှု၊ တရားဥပဒေအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်မှုအား ပျက်ကွက်သည်” ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။
(ခုခေတ် ကုလသမဂ္ဂလိုပေါ့ဗျာ)

အဲ့ဒီ “မော်လ၀ီနှင့် ယောဂီစာတမ်း” စာအုပ်ကိုရေးခဲ့တဲ့ “မော်လ၀ီရွှေဖီ” ကို
ပုဒ်မ (၂၉၅/က)နဲ့ ဖမ်းဆီးအရေးယူခဲ့တယ်။ အဲ့ဒီသတင်းကို “သူရိယနဲ့
မြန်မာ့အလင်း” သတင်းစာ ၂စောင်လုံးက အပြိုင်အဆိုင် ဖော်ပြခဲ့ကြပေမယ့်
မော်လ၀ီရွှေဖီရဲ့ ဓါတ်ပုံကိုတော့ ဘယ်သူမှရိုက်ယူနိုင်င်ခဲ့ခြင်း မရှိပါဘူး။
အင်္ဂလိပ်အစိုးရနဲ့ မွတ်စလင်သူဌေးတွေက ရွှေဖီရဲ့လုံခြုံရေးကို ကာကွယ်
ပေးထားခဲ့ပါတယ်။

ဒါပေမယ့် မန္တလေးမြန်မာ့အလင်း သတင်းစားကိုယ်စားလှယ် ”ဦးကိုကိုလတ်”
ရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ “ဦးမောင်မောင်ကြီး” (ပန်းချီကျောင်းအုပ်ဟောင်း
ဦးခင်မောင်၏ ဖခင်ကြီး)က တရားခွင်ထဲကိုဝင်ပြီး နားထောင်ရင်းနဲ့ ရွှေဖီရဲ့
ပုံနဲ့တကွ တရားခွင်မြင်ကွင်းကိုပါ ပန်းချီဆွဲပြီးတော့ မြန်မာ့အလင်းသတင်းစာ
ထဲမှာ ထည့်ခဲ့ပါတယ်။

အဲ့ဒီတော့မှ မြန်မာနိုင်ငံသားတွေဟာ ပြဿနာကို စတင်မီးမွှေးသူ၊ ဗုဒ္ဓဘုရားရှင်ကို
စော်ကားခဲ့သူ မော်လ၀ီရွှေဖီ ကိုမြင်ဖူးခဲ့ကြပါတယ်။ လူတွေက မြန်မာ့အလင်းသတင်းစာ
(ထိုခေတ်ကမြန်မာ့အလင်းသတင်းစာ)ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပြီး
ဝံသာနုရက္ခိတစိတ်ဓါတ်နဲ့ အမျိုးဘာသာကိုချစ်တဲ့ မီဒီယာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
(ဒီခေတ် မြန်မာ့အလင်းကတော့ ဘာမှမပါတော့ပါဘူး။ မျိုးဆက်ပျက်သွားတဲ့သဘော)

အဲ့ဒီလောက်ထိ မျိုးချစ်စိတ်ပြင်းထန်တဲ့ မီဒီယာတွေ ကျနော်တို့နိုင်ငံမှာရှိခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ကုလားဦးရေ ၈၀%ကျော်သွားပြီးတော့ ကုလားစကားမတတ်ရင်
လမ်းသွားလို့မရတဲ့ အချိန်မှာ သတင်းစာတွေထဲ “မြန်မာစာသည် တို့စာ၊ မြန်မာစကားသည်
တို့စကား” ၊ “သခင်မျိုးဟေ့ တို့မြန်မာ” စတဲ့ကြွေးကြော်သံတွေ ညံစီခဲ့ပါတယ်။

အမျိုးကိုချစ်ဖို့၊ ကျွန်ဘ၀ကလွတ်မြောက်ဖို့၊ ဘာသာ သာသနာကိုထိန်းသိမ်းစောင့်ရှောက်ဖို့
အမြဲတမ်းတိုက်တွန်းခဲ့တဲ့ မီဒီယာတွေပါ။ အဲ့ဒါတွေမပါရင်လဲ မြန်မာတွေက မဖတ်ပါဘူး။

ခုခေတ်များကြတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားပါတယ်ဆိုတဲ့ ELEVEN , The Voice စတဲ့
ခေတ်မှီ မီဒီယာတွေဟာ မြန်မာတွေ အနိုင်ကျင့်ခံရတာတွေကို ဖုံးထား၊ ဘုန်းကြီးအသတ်ခံရ
တာကို မဖော်ပြ၊ မွတ်စလင်သေမှ ဓါတ်ပုံရိုက်တင်၊ သံဃာတွေကို တရားရေးနဲ့ ဘာသာရေး
ရောလို့ မကောင်းဘူလို့ပြော၊ အမျိုးစောင့်ဥပဒေကို ကန့်ကွက်၊ ကာတွန်းဆွဲပြီးပြောင်၊
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ကြေညာရင် ဆူပူမှုဖြစ်မယ့်ပုံစံပြော၊ အရေးကြီးဆုံး
နိုင်ငံတော်ဘာသာနေ့ကို ကျင်းပဖို့တောင် စာတစ်ကြောင်းလောက်နဲ့ တိုက်တွန်းခြင်းမရှိ။

အဲ့လိုမီဒီယာတွေနဲ့ ရှေ့ဆက်သွားရမယ့် ကျနော်တို့ရဲ့ခရီးလမ်း ....တွေးရင်းမောရပါတယ်။


 .. www.MyanmarExpress.net
 

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အိုဘားမား ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ

From : ..planet



ဆီးရီးယားကို စစ်ရေးအရ မည်မျှအတိုင်းအတာအထိ တိုက်ခိုက်ရန်အတွက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရေး အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံများကိုလည်း စည်းရုံးထားကြောင်း သိရ

အမေရိကန်က ဆီးရီးယားကို တိုက်ခိုက်ဖွယ်ရှိ
အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံကို စစ်ရေးအရ တိုက်ခိုက်သွားဖွယ်ရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက ပြေကြားလိုက်သည်။ အစောဆုံး ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ဆီးရီးယားကို အကန့်အသတ်ထားရှိသော စစ်ရေးတိုက်ခိုက်မှု စတင်ပြုလုပ်ရန် အမေရိကန်က စီစဉ်နေခြင်းဖြစ်သည်။ ဆီးရီးယားကို စစ်ရေးအရ မည်မျှအတိုင်းအတာအထိ တိုက်ခိုက်ရန်အတွက် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရေး အမေရိကန် ထောက်လှမ်းရေးအဖွဲ့များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံများကိုလည်း စည်းရုံးထားကြောင်း သိရသည်။



သမ္မတအိုဘားမား အနေဖြင့် ဆီးရီးယားကို အကန့်အသတ်ရှိသည့် တိုက်ခိုက်မှု ပြုလုပ်ရန် ချိန်ဆနေကြောင်း၊ စစ်ရေးတိုက်ခိုက်မှုအတွက် ဆုံးဖြတ်ချက်ချနိုင်ရန် ရှုထောင့်မျိုးစုံမှ စဉ်းစားသုံးသပ်လျက်ရှိကြောင်း အမေရိကန်အစိုးရ၏ ထိပ်တန်းတာဝန်ရှိသူများက Washington Post သို့ ပြောကြားသည်။ Washington Post ၏ အဆိုအရ ဆီးရီးယားကို တိုက်ခိုက်ရာတွင် မြေထဲပင်လယ်အတွင်းမှ စစ်သင်္ဘောများ အသုံးပြုကာ ကမ်းတက်တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ပြီး စစ်ပွဲမှာ ၂ ရက်ထက် ပိုမိုကြာမြင့်မည် မဟုတ်ဟုဆိုသည်။ ဆီးရီးယားနိုင်ငံအတွင်း ဓာတုလက်နက်တိုက်များ တည်ရှိနေသည်ဟု ယုံကြည်ရသော နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မည် မဟုတ်ကြောင်း သိရသည်။ အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်သည် ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် စစ်သင်္ဘော ၄ စင်းကို မြေထဲပင်လယ်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။



ဆီးရီးယားတွင် သမ္မတ အာဆတ်၏ အစိုးရတပ်က ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ရာပေါင်းများစွာ သေဆုံးခဲ့ရကြောင်း အတိုက်အခံများက ပြောကြားခဲ့သည်။ ထောင်နှင့်ချီ အရေအတွက်ရှိသော ဆီးရီးယားပြည်သူများမှာလည်း ဓာတုအဆိပ်သင့်မှု ခံစားရကြောင်း သတင်းများကဆိုသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဆီးရီးယားအစိုးရနှင့် အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် စွပ်စွဲမှုများလည်း ရှိနေသည်။
.. www.MyanmarExpress.net
 

အစိုးရ နှင့် UNFC နိုင်ငံရေး ဆွေးနွေးမည်

From : .. irrawaddy

ယမန်နေ့က ချင်းမိုင်မြို့တွင် ပြုလုပ်သည့် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ အကြိုညှိနှိုင်း ဆွေးနွေးပွဲ (ဓာတ်ပုံ - Nyo Ohn Myint / Facebook)
ယမန်နေ့က ချင်းမိုင်မြို့တွင် ပြုလုပ်သည့် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ အကြိုညှိနှိုင်း ဆွေးနွေးပွဲ (ဓာတ်ပုံ – Nyo Ohn Myint / Facebook) 

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့သည် နိုင်ငံရေးဆွေးနွေးပွဲ တခုကို စက်တင်ဘာလ အတွင်း ကျင်းပမည်ဟု သိရသည်။

ထိုဆွေးနွေးပွဲ၌ UNFC ၏ မူဝါဒလမ်းစဉ်များ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ ဖက်ဒရယ် မူဝါဒများ၊ တနိုင်ငံလုံး ငြိမ်းချမ်း ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အလေးထား ဆွေးနွေးမည်ဟု UNFC က ပြောသည်။

စက်တင်ဘာလ ဆွေးနွေးပွဲအတွက် ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ အကြို တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။

ထိုသို့ UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်များ တွေ့ဆုံရာတွင် UNFC ကိုယ်စား ဆွေးနွေးခဲ့သူ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ဒု ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် က စက်တင်ဘာလ တွေ့ဆုံပွဲတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ဧရာဝတီ သို့ ပြောပြခြင်း ဖြစ်သည်။

“သမ္မတ ပြောတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုတဲ့အပေါ်မှာ ကျနော်တို့ရဲ့ သဘောထား၊ UNFC ရဲ့လမ်းပြ မြေပုံကိစ္စ၊ လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြောဆိုကြမယ့် အကြောင်းအရာတွေကို အဓိက အကြိုညှိနှိုင်းတာပါ”ဟု ဒေါက်တာ ခင်မောင် က ဧရာဝတီ ကို ပြောသည်။

ယင်း အကြို ညှိနှိုင်းဆွေးနွေးပွဲကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဦးဆောင်ပြီး UNFC အဖွဲ့ဘက်က ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) ဒု ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင် က ဦးဆောင်ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် သို့မဟုတ် ၈ ရက်နေ့တွင် ချင်းမိုင်မြို့၌ပင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း နှင့်ဝန်ကြီး တချို့ တက်ရောက် မည် ဖြစ်ပြီး UNFC ဘက်က တိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ဆွေးနွေးကြမည်ဟု သိရသည်။

ထိုဆွေးနွေးပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်နေမည့် အစား အားလုံး လက်ခံနိုင်မည့် ဖွဲ့စည်းပုံသစ် တခုရေးဆွဲရေး အတွက်ကိုပါ ဆွေးနွေးမည်ဖြစ်ကြောင်း၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရန် နယ်မြေကျော် တပ်စွဲထားသည့် အစိုးရ စစ်တပ်များကို မူလနေရာများသို့ ပြောင်းရွှေ့ပေးရေး တို့ကိုပါ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ ခင်မောင်က ရှင်းပြသည်။

အကြိုဆွေးနွေးပွဲ၌ ပါဝင်သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က အကြို တွေ့ဆုံမှုတွင် ၎င်းတို့ အနေဖြင့် ထူးခြား သည့် ပြောဆိုဆွေးနွေးမှု မရှိကြောင်း၊ UNFC နှင့်အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မကြာခင်ပြုလုပ်မည့် ဆွေးနွေးပွဲ အတွက် တိုင်းရင်းသားတို့၏ လိုလား တင်ပြတောင်းဆိုမှုများကို ရယူရန်အတွက်သာ ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ဘက်က ဆွေးနွေးတာ ဘာမှ မရှိပါဘူး၊ UNFC နဲ့ ဦးအောင်မင်းတို့ တွေ့ဆုံပွဲ အတွက် အကြိုညှိနှိုင်းတဲ့ သဘော ပါပဲ”ဟု ဦးညိုအုန်းမြင့် က ဧရာဝတီ ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းက ချင်းမိုင်မြို့၌ UNFC ဦးဆောင်ကျင်းပသည့် ညီလာခံတွင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး၊ စစ်မှန် သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တည်ထောင်ရေး၊ လူမျိုးကြီး ၈ ခု ကို ကိုယ်စားပြု၍ ပြည်နယ် ၈ ခု တည်ဆောက်ရေး စသည့် မူဝါဒများကို သဘောတူညီခဲ့ကြသည်။

ယင်းညီလာခံသို့ ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများက ခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်း သား အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက် ဆွေးခဲ့ကြသည်။

UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

.. www.MyanmarExpress.net
 

ငါးပိထဲ မြေသြဇာထည့်ရောင်းသူများကို အရေးယူမည်

From : ..YMG


ဈေးကွက် အတွင်း ရောင်းချနေသော ငါးပိ များတွင် ယူရီးယားဓာတ်မြေဩ ဇာများအသုံးပြုကာ မမှန်မကန် ပြုလုပ်၍ ရောင်းချသောလုပ်ငန်း ရှင်များအား အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဩဂုတ်၂၆ရက်က မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးရုံး ခန်း၌ပြုလုပ်သောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်းဖြစ်မြောက် ရေးကော်မတီနှင့် မြန်မာနိုင်ငံစား သုံးသူ ကာကွယ်ရေးအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်မှုများပြု လုပ်သွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌဦးဗအုပ်ခိုင်ကပြော သည်။
ယင်းက ''ရန်ကုန်ဈေးကွက် ထဲက ငါးပိတွေနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပိတွေကို တစ်ပတ် အတွင်း စစ်ဆေးမှုများပြုလုပ် သွားမှာပါ''ဟုပြောသည်။
ငါးပိရည်များကို အဓိက ထုတ်လုပ်သောနေရာမှာ လေး ဒေါင့်ကန်၊ ပဲခူးနှင့် ကျိုက်ထိုတို့ ဖြစ်သော်လည်း ဧရာဝတီတိုင်းမှ ငါးပိများမှာ ဓာတ်မြေဩဇာအ ရောအနှောများ ပါဝင်ကြောင်း သတင်းရရှိမှုများကြောင့် ဧရာဝ တီတိုင်းရှိ ငါးပိများကိုလည်း စစ် ဆေးမှုများပြုလုပ်သွားပြီး အမျိုး သား အစားအသောက် ဥပဒေဖြင့် လည်း အရေးယူမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ယင်းသို့ ပြုလုပ်သူများကို အရည်အသွေးကောင်းအောင် နှင့် ဓာတ်မြေဩဇာများ မထည့် အောင် ပညာပေးအနေဖြင့် ပထ မဆုံးပြုလုပ်သွားမည်ဖြစ်ပြီး ပ ညာပေးကာလ ပြီးဆုံးသွားပါက င်္ီဗ နဲ့ ပူးပေါင်းပြီး အရေးယူမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်လုပ် ငန်းရှင်များအသင်း ဖြစ်မြောက် ရေးကော်မတီဖွဲ့မှ ဥက္ကဋ္ဌဦးစိုးဝင်း နိုင်က ပြောသည်။
ယင်းက ''ရန်ကုန်မှာရှိတဲ့ ငါး ပိတွေကိုတော့ အချိန်မရွေး စစ် ဆေးလို့ရပါတယ်။ တကယ်လို့ ယူ ရီးယားပါတယ်ဆိုရင် အရေးယူ မှုများ ပြုလုပ်နိုင်ပါတယ်''ဟု ပြော သည်။
ယင်းသို့ ငါးပိရည်ချိုအ တွင်း ယူရီးယားဓာတ်မြေဩဇာ များထည့်၍ သိပ်ခြင်းကြောင့်လည်း ငါးပိမှာ ပိုမိုရောင်းချရခြင်းရှိမည် မဟုတ်ကြောင်းနှင့် ငါးပိမှာ အ ကောင်ပြပြီး ရောင်းရသောကြောင့် ယင်းသို့ ဓာတ်မြေဩဇာများထည့် ခြင်းဖြင့် အကောင်ပျောက်ပြီး ဈေး ကွက်အတွင်း ဝင်ရောက်နိုင်မည် မဟုတ်သောကြောင့်ထည့်ကြမည် မဟုတ်ကြောင်း ယင်းက ဆက် လက်ပြောသည်။
ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြည်သူလူထုများ ရွေးချယ်၍ စားသောက်နိုင်ရန် နှင့် ဝယ်ယူစားသုံးသူများအား အကာအကွယ်ပေးနိုင်ရန် ရည် ရွယ်ချက်များနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းကဲ့သို့ ငါးပိအတွင်း ဓာတ်မြေဩဇာများ ထည့်သွင်း သည်ဆိုသော သတင်းများကြောင့် ငါးပိရည်ချို ရောင်းချမှုများမှာ ငါးပုံလေးပုံ လျော့ကျခြင်းများ ကြောင့် မှန်မှန်ကန်ကန်လုပ်သော လုပ်ငန်းရှင်များမှာ နစ်နာရပြီး ယင်းကဲ့သို့ အဖွဲ့အစည်းများ ပြု လုပ်ပြီး ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်ရကြောင်း ရွှေမင်း သား ငါးပိ၊ ငါးခြောက်လုပ်ငန်း ရှင် ဦးမောင်မောင်သိန်းက ပြော သည်။
ယင်းက ''ဓာတ်မြေဩဇာ ထည့်ပြီးရောင်းတဲ့လူက နှစ်ရာ ခိုင်နှုန်းတောင် ရှိပါ့မလား မသိ ပါဘူး။ ဒါပေမဲ့ လုံးဝမလုပ်ဘူးလို့ တော့ ပြောလို့မရပါဘူး''ဟု ပြော သည်။
မြန်မာ့အစားအစာဖြစ်သည့် ရေချိုငါးပိများအား ပျောက် ပျက်သွားမည်စိုးသောကြောင့် လည်း ယင်းကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ယင်းကဆက် လက်ပြောသည်။
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ကိုင်သော ၉၉ ရာခိုင်နှုန်း မှာ လေးဒေါင့်ကန်၊ ပဲခူး၊ ကျိုက် ထိုတို့တွင်ဖြစ်ပြီး ဧရာဝတီမှာ တစ်ရာခိုင်နှုန်းလောက်သာရှိ ကြောင်း ငါးပိ၊ ငါးခြောက်၊ ငံပြာ ရည်လုပ်ငန်းရှင်များထံမှ သိရ သည်။

.. www.MyanmarExpress.net
 

မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမီးများ အများဆုံးပါဝင်

From : .. YMG


 မူးယစ်ဆေး ဝါးဖြတ်ပေးသည့်စင်တာများ၌ မိမိအသိစိတ်ဖြင့် ဆေးလာဖြတ် ကြသူများထဲတွင် စိတ်ကြွဆေး သုံးစွဲသူများ အများဆုံးဖြစ်ပြီး ယင်းတို့အနက်မှ အသက် ၃၅နှစ် အောက်လူငယ်အမျိုးသမီးများ အများဆုံးပါဝင်ကြောင်း သိရ သည်။

ယင်းတို့ကိုယ်ပိုင် အသိစိတ် ဓာတ်ဖြင့်လာရောက်အကြံဉာဏ် တောင်းခံ၍ ဆေးဖြတ်သူများတွင် လူငယ်အမျိုးသမီးများ ပါဝင်မှု များပြားကြောင်းကို'လူငယ်အား မာန်'ကျန်းမာရေးစောင့်ရှောက် မှုစင်တာမှအဖွဲ့ ခေါင်းဆောင် ကိုလှထွန်းမျိုးကပြောသည်။
 

 ''ဒီနှစ်လာရောက်ဆေးဖြတ် သူတွေမှာလူငယ်တွေပိုများတယ်။ နောက်ပိုင်းမိန်းကလေးတွေပါ ပါ ဝင်မှုများလာတယ်။ သူတို့ကိုယ် ပိုင်အသိစိတ်ဓာတ်နဲ့ လာရောက် ဆွေးနွေးတိုင်ပင်တဲ့အခါ ကျွန် တော်တို့အနေနဲ့ Refer လုပ်ပေး ရတာပေါ့။ ဆေးရုံကိုပို့ဆောင်ပေး ပြီးဆေးဖြတ်နိုင်ဖို့ကူညီဆောင် ရွက်ပေးပါတယ်''ဟု ကိုလှထွန်း မျိုးက ပြောသည်။

၂၀၁၂ခုနှစ်တစ်နှစ်လုံး တွင် လာရောက်ဆေးဝါးစောင့် ရှောက်မှုခံယူသူမှာ ၃ဝကျော်သာ ရှိခဲ့သော်လည်း ယခုနှစ် ဩဂုတ် အထိ ဆေးဝါးစောင့်ရှောက်မှု ခံယူသူဦးရေမှာ ၂ဝကျော်ရှိခဲ့ ကြောင်းသိရသည်။
 

အဆိုပါမူးယစ်ဆေးဝါးသုံး စွဲနေသူအမျိုးသမီးအများစုသည် အသက် ၃၅နှစ်အောက် လူငယ် များဖြစ်ကြပြီး ဈေးကြီးပေး၍ဝယ် ယူရသော နံပါတ်ဖိုးနှင့်စိတ်ကြွဆေးလိုမျိုး မူးယစ်စေသည့်အရာ များကို ပိုက်ဆံရှိလူတန်းစားနှင့် အနုပညာရှင်များအသုံးပြုနေကြ သလို အခြားသောငွေကုန်ကြေး ကျသက်သာသည့် မူးယစ်စေနိုင် သည့်အရာများကိုသုံးစွဲနေသူ အခြေခံလူ တန်းစားများလည်းရှိ နေကြောင်းMANA ဥက္ကဋ္ဌ ဦး ခင် မောင်ထွန်းကပြောသည်။

ဦးခင်မောင်ထွန်းက''မူးယစ် ဆေးဝါးဆိုတာ စမ်းသပ်သုံးစွဲနေ ရာကစွဲသွားကြတာပါ။ သုံးစွဲနေ သူအမျိုးသမီးတွေကတော့ အ သက် ၃၅နှစ်အောက်လူငယ်တွေ များတယ်။ ဆေးသုံးစွဲသူတွေက တော့ လူတန်းစားမျိုးစုံပါပဲ။ အ လုပ်သမားတွေ၊ အနုပညာရှင်တွေ ကနေလုပ်ငန်း ရှင်တွေအထိရှိကြ တာပဲ။ တစ်ဖက်နိုင်ငံကနေပြန် လာပြီး ဆေးစွဲလာတာမျိုးတွေ လဲရှိတယ်။ ဒီစင်တာမှာဆေးဝါး ကုသမှုခံပြီးရင် ပြန်လည်ထူထောင် ရေးနဲ့ အလုပ်ရရှိရေးကို(MANA) က လုပ်ဆောင်ပေးပါတယ်''ဟု ပြော သည်။
လက်ရှိရန်ကုန်တိုင်းအ တွင်း မူးယစ်ဆေးဝါးအပြင် မူး ယစ်စေတတ်သောအရာများ သုံး စွဲမှုများတွင် လူငယ်အမျိုးသမီး များပါဝင်လာမှုသည် တဖြည်း ဖြည်းများပြားလာကြောင်းနှင့် အရေးယူခံရမည်ကို စိုးရိမ်နေသ ဖြင့်လာရောက် အကူအညီတောင်း ခံမှုမရှိသော လူငယ်အမျိုးသမီး များလည်းတွေ့ရှိနေရကြောင်း ဆက်လက်ပြောသည်။


ကိုလှထွန်းမျိုးက''တချို့မိန်း ကလေးတွေဆိုသုံးနေတာ၊ ဆေး စွဲနေတာသိနေတယ်။ တွေ့နေရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီ ရောက်မလာတာတွေရှိပါတယ်။ အကူအညီလာမတောင်းကြဘူး။ ကျွန်တော်တို့က အင်န်ဂျီအိုအဖွဲ့ ပါ။ ဘယ်သူ့ကိုမဆိုကူ ညီပေးမှာ ပါ။ အစိုးရနဲ့ မဆက်နွှယ်ပါဘူး။ တချို့တွေက ထင်ပါလိမ့်မယ်။ မူး ယစ်ဆေးဝါးလာဖြတ်ရင်အရေး ယူခံရမှာတွေ၊ ကျွန်တော်တို့ ဒါကို တာဝန်ယူပါတယ်။ ဘာမှမဖြစ် စေရပါဘူး''ဟု ပြောသည်။


အမျိုးသမီးလူငယ်အများ စုသုံးစွဲနေခြင်းမှာ ငွေကြေးတတ် နိုင်ခြင်း၊ အပေါင်းအသင်းစုံခြင်း နှင့် အမှန်တကယ်ဆေးစွဲနေသူ များအနေဖြင့် ဆေးဖြတ်ရန်မှာ မလွယ်ကူကြောင်း တောင်ဒဂုံမြို့ နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။


ယင်းမှ''လွန်ခဲ့တဲ့သုံးလ လောက်တုန်းကတော့မြင်ဖူးတယ်။ မိန်းကလေးတစ်ဦးပါ။ အသက်က ၁၉၊၂ဝအရွယ်လောက်ပဲရှိမယ်။ ရုပ်ရည်က သန့်သန့်ပြန့်ပြန့်ပါပဲ။ သူနဲ့ပတ်သက်နေတဲ့ သင်္ဘောသား တစ်ဦးကြောင့် သုံးတတ်သွားတာ လို့သိရတယ်။ သူသုံးနေရာကနေ ဖြတ်မရတဲ့အဆုံးနောက်ပိုင်း ရောင်းချတဲ့အထိဖြစ်လာတယ်။ အခုတော့မတွေ့ရတော့ဘူး။ အ ဖမ်းအဆီးတွေများလာတာ ကြောင့်ဖြစ်မယ်''ဟု ပြောသည်။


ယင်းကျန်းမာရေးစောင့် ရှောက်မှုစင်တာကို မြန်မာနိုင်ငံ တွင်၂၀၀၉ခုနှစ်စက်တင်ဘာမှ စတင်ဖွင့်လှစ်ခဲ့သည်။


 .. www.MyanmarExpress.net
 

မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့်မူအားဖြင့်သဘောတူညီထားဟု သမ္မတရုံးဝန်ကြီး ပြော

From : ..YMG



အမေရိ ကန် ACO ကုမ္ပဏီမှ မြန်မာနိုင်ငံ မြင်းခြံမြို့တွင် ဆိုလာစက်ရုံတည် ဆောက်ရန် အစိုးရအနေဖြင့် သဘောတူထားပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ဩဂုတ် ၂၄ရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးဗဟို စင်တာတွင်ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောသည်။
သမ္မတရုံးဝန်ကြီးဦးစိုးသိန်း က ''ကျေးလက်ဒေသတွေမှာ ဆို လာစနစ်နဲ့မီးလင်းနိုင်ဖို့အတွက် ထိုင်ဝမ်နဲ့ပေါင်းလုပ်နေတာတွေ ရှိတယ်။ အမေရိကန်ကုမ္ပဏီက တော့ မဂ္ဂါဝပ်၂၀ဝထုတ် ဆိုလာ စက်ရုံတည်ဖို့ မူအားဖြင့် သဘော တူပြီးသွားပါပြီ''ဟုပြောသည်။

အဆိုပါ ACO Investment Group ကုမ္ပဏီသည် အမေရိကန် အခြေစိုက် ဘိုးအင်းပရော်ဖက်ရှင် နယ်ဆားဗစ်နှင့်Burns & Mc Donnell Engineering, Fentress Architechs, The MTRE ကော် ပိုရေးရှင်းနှင့် Unison Consulting တို့ပါဝင်ကြောင်း သိရသည်။

ဦးစိုးသိန်းက ''အခု ဆိုလာ စက်ရုံတစ်ခုကို ထိုင်ဝမ်နဲ့ပေါင်း ပြီးတော့ လုပ်နေတယ်။ အမေရိ ကန်နဲ့ ထိုင်ဝမ်နည်းပညာပေါင်း ထားတယ်။ ဒါပေမဲ့ ဈေးကွက်မှာ တရုတ်က ဈေးပေါပေါနဲ့ရောင်း နေတဲ့အတွက် မယှဉ်နိုင်ဘူး။ အ ခု ကျေးရွာတော်တော်များများ မှာ ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့ လုပ်နေတာတွေရှိတယ်။ ဆိုလာ က ကန့်သတ်ချက်တွေများတယ်။ ဘက်ထရီက ပြဿနာရှိတယ်။ အခု ဂျာမနီကိုလဲ ကမ်းလှမ်းထား တယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ကျပ်သန်းပေါင်း ၇၅ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်သုံးစွဲရန် စီ စဉ်ဆောင်ရွက်လျက်ရှိပြီး ကျေး လက်ဒေသများတွင် အမှန်တကယ် လိုအပ်သည့် ရေရရှိရေး၊ ကျေး လက်မီးလင်းရေးနှင့် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ရေးတို့ကို ဦး စားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ဦးနေမျိုးဇင် က ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အောက်ခြေ အထိဆင်းပါ။ အသိပညာပေးပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေမှာ လျှပ်စစ်မီးမရှိလို့ အခက်အခဲတွေ အများကြီးဖြစ်နေပါတယ်။ ကျေး လက်ဒေသတွေမှာ မီးလင်းဖို့ဆို ရင် ဆိုလာစနစ်နည်းပညာသုံး စက်ရုံတွေ တည်ဆောက်ဖို့လို တယ်''ဟု ပြောသည်။
မြင်းခြံမြို့တွင် တည်ဆောက် မည့် ဆိုလာစက်ရုံနှင့်ပတ်သက်၍ မည်သည့်နေရာတွင် မည်သို့တည် ဆောက်မည်ဆိုသည်ကိုတော့ သမ္မတရုံးဝန်ကြီး ရှင်းလင်းပြော ကြားခဲ့ခြင်းမရှိပေ။


.. www.MyanmarExpress.net
 

ဂျပန်အကြီးဆုံး လေကြောင်းလိုင်း ANA က မြန်မာ Asian Wings လေကြောင်းလိုင်း၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူရန် စီစဉ်

From : ..YMG

K-28-8
Asian Wings လေကြောင်းလိုင်း၏ ATR 72-500 လေယာဉ်တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-Asian Wings Airways)

ဂျပန်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်း ANA Holdings (All Nippon Airways) သည် မြန်မာနိုင်ငံမှ ပုဂ္ဂလိက လေကြောင်းလိုင်း တစ်လိုင်းဖြစ်သော Asian Wings Airways Ltd ထံမှ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူရန် စီစဉ်နေကြောင်း Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

"ANA က မြန်မာ Asian Wings ရဲ့ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူဖို့ အနည်းဆုံး ယန်းသုံးဘီလျံ (အမေရိကန်ဒေါ်လာ ၃၁ သန်း) ပေးအပ်သွားမှာပါ" အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဂျပန်အခြေစိုက် The Nikkei စီးပွားရေး သတင်းစာက Asian Wings လေကြောင်းလိုင်းသို့ အတည်ပြု မေးမြန်းခဲ့သော်လည်း ချက်ချင်းအကြောင်း မပြန်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့ရှိ Asian Wings လေကြောင်းလိုင်းရုံးကလည်း  သတင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မပြုသေးကြောင်း သိရသည်။

တိုကျိုမြို့ အခြေစိုက် ANA လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင် ယမန်နှစ်မှစ၍ ပြန်လည်ပြေးဆွဲခဲ့သည်။ ချမှတ်ထားသော ပိတ်ဆို့မှုများ ဖြေလျှော့အပြီး ၁၂ နှစ်အကြာမှ လုပ်ငန်းများကို ပထမဦးဆုံး ပြန်လည်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း တစ်လိုင်းဖြစ်သော Asian Wings ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်း စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ATR 72 - 500 သုံးစီးနှင့် Airbus A321 တစ်စင်းတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက် ရှိသည်။

လက်ရှိ ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မုံရွာ၊ ဟုမ္မလင်း၊ သဲတွဲ၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့များသို့ ပြေးဆွဲလျက်ရှိပြီး ထပ်မံတိုးချဲ့ ပျံသန်းရန် စီစဉ်နေကြောင်း သိရသည်။

ANA ၏ အစုရှယ်ယာ ဈေးနှုန်းသည် မြင့်တက်လျက်ရှိပြီး လက်ရှိအစုရှယ်ယာ ဈေးနှုန်းသည် ယခင်နှစ်ကထက် ယန်း ၁၇၄ ဘီလျံ မြင့်တက်လာခဲ့သည်။ အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ လေကြောင်းလိုင်း လုပ်ငန်းများနှင့် အစုစပ်ပြုလုပ်ပြီးနောက်ပိုင်း အစုရှယ်ယာ ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

ANA သည် ယမန်လက Pan Am Holding Inc. သင်တန်းကျောင်းကို အမေရိကန်ဒေါ်လာ ၁၃၉ ဒသမ ၅ သန်းဖြင့် ၀ယ်ယူခဲ့ပြီး Philippine Airlines Inc. ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကိုလည်း ၀ယ်ယူရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၁၉၅၂ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့သော ANA လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် လေယာဉ် ၁၈၉ စင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးတွင် ပြေးဆွဲလျက် ရှိသည်။

.. www.MyanmarExpress.net
 

လွှတ်တော်နှင့် သမ္မတရုံး ပြေလည်မှုမရှိဟု ပြည်သူလူထု အထင်အမြင်မလွဲစေလို

From : ..popular

လွှတ်တော်နှင့် နိုင်ငံတော် သမ္မတ ရုံးတို့ကြား မပြေလည်မှုများ ရှိနေသည်ဟု ပြည်သူလူထု အထင်အမြင်မလွဲစေလို ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောသည်။

ယခုလဆန်းပိုင်းတွင် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ တို့နှင့် ပတ်သက်သော သ ဝဏ်လွှာ နှစ်စောင်ကို နိုင်ငံပိုင် သတင်း စာများတွင် ထည့်သွင်းဖော်ပြခြင်း၊ နိုင်ငံ တော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ် ပြန်ချက်အမှတ် (၁၄/၂ဝ၁၃နှင့် ၁၅/ ၂ဝ၁၃)တို့ဖြင့် ကြေညာ လိုက်ခြင်းသည် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် များ၏ ဥပဒေပြုရေး ဆောင်ရွက်ချက် များကို ပြည်သူလူထုအနေဖြင့် အထင် အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မဲဆန္ဒနယ်မှ ဦးကျော်နိုင်ဌေးက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့ကြောင့် ဥပဒေပြုခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေများတွင် အကျုံး မဝင် သော သဝဏ်လွှာများ၊ သတင်းထုတ် ပြန်ချက်များသည် ဥပဒေပြုရေး အပိုင်း နှင့် တရားစီရင်ရေး အပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်ေ ကြာင်း၊ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာပါ အကြောင်းအရာနှင့် သတင်း ထုတ်ပြန် ချက်များသည် ပြည်ထောင်စုလွှတ်တော် အပေါ် အများပြည်သူက အထင်အမြင် လွဲမှားမှုများ၊ နားလည်မှု၊ လွဲမှားမှုများ ဖြစ်ပေါ် စေနိုင် သည့်အပြင် ပြည် ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်ေ စနိုင်ကြောင်း ကိစ္စသည် ပြည် ထောင်စုလွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးတို့အကြား ဆက်သွယ်ဆက်ဆံ ရေး မပြေလည်မှု များ ဖြစ်နေ သကဲ့သို့ ထုတ်ဖော်ရာ ရောက်ကြောင်း ဥပဒေ ကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌက ပြည် ထောင်စုလွှတ်တော်တွင် တင်ပြအစီရင် ခံခဲ့သည်။

''ဒီအတွက် ပြည်သူတွေအတွက် ထိခိုက်မှု မရှိပါဘူး။ ပြည်သူ့ အတွက် ရေရှည်မှာ ရပ်တည်နေထိုင်မှု ကောင်း အောင် ကြိုးစားပြီး လုပ်နေတဲ့ ဥပဒေပြု ရေးတွေချည်းပါပဲ''ဟု ဦးတီခွန်မြတ်က ထပ်ေ လာင်းပြောသည်။

လွှတ်တော် ပေါ်ပေါက်လာပြီး နောက်ပိုင်း ၂ဝ၁၂ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ နုတ်ထွက် သွား ခြင်းနှင့် အသစ်ပြန်လည် ခန့်အပ်ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာဥပဒေနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည် နယ်ဆိုင်ရာ လွှတ် တော် ဥပဒေတို့နှင့်ပတ်သက်သော ကိစ္စ အချို့ကြောင့် ပြည်ထောင်စုလွှတ်တော် နှင့် နိုင်ငံတော်သမ္မတရုံးတို့ အကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု အထင်အမြင် လွဲမှားဖွယ်ရာရှိသည်။

''သမ္မတကြီးကတော့ တစ်ယောက် တည်းအနေနဲ့ အားလုံးကို သေေ သ ချာချာကြည့်ဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ဝန်းရံ ထားတဲ့ သမ္မတ အကြံပေးတွေက မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ လိုတယ်။ ဒါမှ လည်း အထစ်ငေါ့ မရှိ ဖြစ်သွားမှာ ပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာ နယူးစ်ဂျာနယ်သို့ သြဂုတ်လ ၂၆ ရက် တွင် ပြောသည်။

လတ်တလောတွင် ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးနိုင်ရ န်နှင့် အတည်ပြုနိုင်ရန် တောင်သူလယ်သမား များ ကာကွယ်စောင့်ရှောက်ေ ရး ဥပဒေ ကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း တို့ကို အလေးထား လုပ်ဆောင်နေရ ကြောင်း သိရသည်။

''လွှတ်တော်နဲ့ အစိုးရတစ်သံတည်း ထွက်နေရင် တိုင်းပြည်အတွက် လည်း ကောင်းမှာ မဟုတ်ဘူး။ နိုင်ငံတကာမှာ လည်း လွှတ်တော်နဲ့ အစိုးရပိုင်းက အတိုက်အခံဖြစ်နေတဲ့ အချက်တွေ ရှိပါ တယ်။ အတိုက် အခံဖြစ်နေရင် ပိုပြီးတိုး တက်မှု ရှိမယ်လို့ ထင်ပါတယ်''ဟု ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက သုံး သပ်သည်။

   
.. www.MyanmarExpress.net

 

Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာ ယှဉ်ပြိုင်မည်

From : ..the voice

ရှရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလအတွင်း (၆၁) ကြိမ်မြောက်အဖြစ် ကျင်းပမည် ဖြစ်သော Miss Universe အလှမယ် ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း Miss Myanmar Universe Organization တာဝန်ယူထားသော Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ်က ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် အရပ် ၅ ပေ ၆ လက်မ အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ် မှ ၂၇ နှစ်အတွင်း ရှိရမည် ဖြစ်ကြောင်း၊ စကားပြော ယဉ်ကျေး သိမ်မွေ့ရမည့် အပြင် မြန်မာ ဆန်သော အမျိုးသမီး ဖြစ်ရမည် ဖြစ်ကြောင်း၊ အပျို ဖြစ်ရမည် ဖြစ်ပြီး အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရန် မလိုကြောင်း၊ ယှဉ်ပြိုင်လိုသူများသည် Hello Madam Media Group သို့ ဆက်သွယ်၍ ပြိုင်ပွဲ ဝင်ခွင့် လျှောက်လွှာများ ဝယ်နိုင်ပြီး ဆန်ခါတင် ရွေးချယ်၍ Miss Myanmar Universe ကို ရွေးချယ်မည် ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူသည် ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိမည် ဖြစ်ပြီး ရှရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဒီပွဲကြီးက ကမ္ဘာ့အလှမယ် ပြိုင်ပွဲတွေမှာ အကြီးဆုံး ဖြစ်ပြီးတော့ အဲဒီပွဲမှာ မြန်မာနိုင်ငံက သွားပြိုင် ရမယ်ဆိုတော့ အရမ်း ကောင်းပါတယ်။ ဒီပွဲ အကြောင်းကိုလည်း ကြားပါတယ်။ အဓိကကတော့ ကိုယ်လည်း သူများနိုင်ငံမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမယ်ဆိုတော့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီးတော့ အကောင်းဆုံး ယှဉ်ပြိုင်မယ်လို့ စိတ်ထဲမှာထားပြီး သွားပြိုင်စေချင်ပါတယ်”ဟု Miss Grand Myanmar မထားထက်ထက်က ပြောကြားသည်။

ယခုအချိန်တွင် ပြိုင်ပွဲဝင်ရန် လာရောက် လျှောက်ထားသူများမှာ ၃၀ ဦးခန့် ရှိပြီး သြဂုတ်လကုန်ထိ လျှောက်လွှာ တင်နိုင်ကြောင်း၊ စက်တင်ဘာလတွင် လူတွေ့ စစ်ဆေးမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံး အလှမယ် ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြု Organizer ပြုလုပ်ခွင့်ရ၍ အတိုင်းမသိ ဝမ်းသာကြောင်း Hello Madam Media Group မှ မန်နေဂျာ ဒေါ်ဆုမြတ် က ပြောကြားသည်။

Miss Universe ပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ၁၉၅၉ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင် သုံးကြိမ် ဆက်တိုက် သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ယခု ၂၀၁၃ ခုနှစ်ကျမှ ပြန်လည် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။


 .. www.MyanmarExpress.net
 

လိုင်ဇာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်း မထုတ်ပြန်ရန် ကုလ ကိုယ်စားလှယ် တားမြစ်

From : ..the voice


မြစ်ကြီးနားသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက လိုင်ဇာသို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) မှ ပြောရေးဆိုခွင့်ရှိသူ ဆရာ ဒေါင်ခါးက The Voice သို့ ပြောသည်။

“ဒီနေ့ မစ္စတာ ဗီဂျေနမ်ဘီးယားရဲ့ လိုင်ဇာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေး တာ ရှိပေမယ့် သတင်း ထုတ်ပြန်ခြင်း မပြုလုပ်ဖို့အတွက် မေတ္တာရပ်ခံထား တယ်။ မနက်ဖြန် လိုင်ဇာက ပြန်ရောက်ရင်တော့ အခြေအနေကို ပြောပြနိုင် မယ် ထင်ပါတယ်”ဟု ဆရာ ဒေါင်ခါးက ဆိုသည်။

ကေအိုင်အို အလုပ် အမှုဆောင်အဖွဲ့နှင့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ တွင် အလုပ်အဖွဲ့ရုံး ဖွင့်လှစ်ပြီး နောက်ပိုင်း တစ်လအတွင်း တိုးတက်မှု အခြေအနေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု အခြေအနေနှင့် ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် (Peace Process) တွင် ကုလသမဂ္ဂ က မည်ကဲ့သို့ ပါဝင် ကူညီနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြကြောင်း ဆရာဒေါင်ခါး၏ ပြောပြချက်အရ သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အကောင်းမြင်တဲ့ဘက်ကနေ ချဉ်းကပ်သွားရမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်” ဟု မစ္စတာ နမ်ဘီးယားက သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သီတာရပ်ကွက် ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေး အဖွဲ့အစည်းများ၊ ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ကြောင်း ပြည်နယ် အစိုးရ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား က လိုင်ဇာသို့ သွားရောက်ခွင့် ရရှိသော်လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနားကိုမူ လိုင်ဇာသို့ သွားရောက်ခွင့် မပြုခဲ့ကြောင်း မြစ်ကြီးနား ဒေသခံများထံမှ သိရသည်။


.. www.MyanmarExpress.net
 

တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူများ၏ပုံတူများ ရဲကရရှိထားပြီ

From : ..  mizzima


တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို ဓားဖြင့်လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အမြန်စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းလွင်က သြဂုတ် ၂၇ ရက်ကမဇ္ဈိမကိုပြောသည်။

“ပြစ်မှုကျူးလွန်သူတွေရဲ့ ပန်းချီပုံတူတွေ ရေးဆွဲရရှိထားပါပြီ။ မြို့နယ်ရဲစခန်းတွေကို ဖြန့်ဝေပြီး ရှာဖွေနေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုအခင်းသည် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ပါးကို ဆွဲခြစ်ခံရသည့် အမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ အဿက ၂၂ လမ်းတွင်နေထိုင်သည့် အသက် ၄၆ နှစ် အရွယ် ဒေါ်ချိုချိုဝင်းဖြစ်ကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးသည် သားဖြစ်သူကျောင်းမှအပြန် ကြိုရန် ဆိုက်ကားဖြင့် နေအိမ်လမ်းထိပ်မှ ကျောင်းသို့အသွား အထက (၃)ကျောင်းလမ်းနှင့် အဿက(၂၅)လမ်းဆုံအရောက်တွင် ပါးအား ပြတ်ရှစေတက်သောအရာဖြင့် ဆွဲခြစ်ခြင်း ခံရသည်ဟု ကာကကံရှင်က ရဲကိုတိုင်ကြားချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆွဲခြစ်သွားသူများကို ထိုအမျိုးသမီးက မသိရှိဘဲ လူမြင်လျှင် မှတ်မိကြောင်း တစ်ဦးက ဆိုက်ကား အားတားပြီး ကျန်တစ်ဦးက သံပြားအ၀ိုင်းဖြင့် ယာပါးကို ဆွဲခြစ်၍ ထွက်ပြေးသွားသည်ဟုလည်း ကာယကံရှင်ဖြစ်သူ ဒေါ်ချိုချိုဝင်း က ရဲအားပြောပြထားပါသည်။

ဒေါ်ချိုချိုဝင်း၏ပါးတွင် သုံးလက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက် ကုသနေသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ဘာသာခြားများဖြစ်သည်ဟုဆိုကာ ကောလာဟလ သတင်းများ ထွက်ပေါ်လာသဖြင့် ယင်းမြို့နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ကျော်ဖြင့် ၂၄ နာရီ လုံခြုံရေးယူနေသည်ဟု မြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

“လုံခြုံရေးကို ခရိုင်နဲ့ မြို့နယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၄ နာရီ လုံခြုံရေးကို တရားခံ ဖမ်းဆီးရမိရေးနဲ့ နယ်မြေလုံခြုံရေး အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်” ဟုလည်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အောင်ထွန်းလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အမှုအခင်းကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၃၁၂/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး
ပြစ်မှုကျူးလွန်သူများကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/၃၄၁/၁၁၄ တို့ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။ 


.. www.MyanmarExpress.net
 

"လွှဲ" သံသရာထဲမှာဝဲကာလည်နေမှာလား ဗိုလ်ချုပ်ရုပ်ရှင်

 
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းနဲ့ ပုံရိပ်တွေကို နောင်လာနောက်သားတွေ သိရှိနိုင်အောင် ပြန်လည် အသက်သွင်းဖို့ ကြိုးစားလာခဲ့တာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ က ရုပ်ရှင်အနုပညာရှင် တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက စတင်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒီကိစ္စအတွက် ကော်မတီဖွဲ့ကြလေတော့ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ လုပ်ပြီး လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သရုပ်ဆောင် ဇင်ဝိုင်း၊ ဒါရိုက်တာ ၀ိုင်း၊ သရုပ်ဆောင် လူမင်း၊ ဒါရိုက်တာ မောင်မိုးသူ၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာ မောင်မောင်ဦး(စနိုးဝှိုက်) နဲ့ ကိုလွင်(စနိုးဝှိုက်)၊ သရုပ်ဆောင် ဝေဠုကျော်၊ ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း၊ သရုပ်ဆောင် (ဦး) အောင်လွင်၊ လူရွှင်တော် အရိုင်းတို့နဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ နောက်တော့ မောင်မောင်ဦး( စနိုးဝှိုက်)၊ ကိုလွင် (စနိုးဝှိုက်) တို့ကို အကြောင်းတစုံတရာ မသိရဘဲ အဖွဲ့ထဲမှာ မတွေ့ရတော့ပါဘူး။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ရုံးခန်းဖွင့်ပွဲ လုပ်တဲ့အခါ ဇာတ်ညွှန်းရေးဆရာ ဦးဇော်သက်ထွေးနဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်တို့ ပါဝင်လာတာ တွေ့ရပါတယ်။ ဒီအခါမှာတော့ ဦးဇော်သက်ထွေးက ပြန်ကြားရေး တာဝန်ခံ၊ ဒေါ်အိအိခိုင်က ဘဏ္ဍာရေးမှူး၊ ထွန်းအိန္ဒြာဗို ကတော့ စာရင်းစစ် ဆိုတဲ့ တာဝန်တွေနဲ့ပါ။ ဒီ ဗိုလ်ချုပ် ရုပ်ရှင်ကြီး ဖြစ်မြောက်ဖို့အတွက် တနိုင်ငံလုံးကလည်း အုန်းအုန်းကြွက်ကြွက်နဲ့ ၀ိုင်းဝန်းလှူဒါန်းခဲ့ကြ ပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ထဲ ပါတာ၊ မပါတာ ပတ်သက်ပြီးတော့လည်း တော်တော် လှုပ်လှုပ် ခတ်ခတ် ဖြစ်ခဲ့ပြီးမှ ဦးကျော်သူရဲ့ အဖေ ဦးစိန်တင်က သူပိုင်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဗိုလ်ချုပ်ဇာတ်ကား ရိုက်ဖို့ လှူတန်းခဲ့ ပြန်ပါတယ်။

ဒီမှာလည်း ပြဿနာနဲ့ပါ။ ဦးကျော်သူ တို့ရဲ့ အမျိုးသား ရုပ်ရှင် ဆိုတာ အရင်က နှစ်စဉ် အခွန်ကြေး မပေးဆောင်တော့တဲ့ အတွက် အပိတ်ခံထားရတဲ့ ကုမ္ပဏီ တခုပါ။ ဒါကိုမှ လာလှူရသလား ဆိုပြီး ပြဿနာ တက်ခဲ့တာတွေလည်း ရှိခဲ့ပြန်ပါတယ်။ တကယ်တော့ ရုပ်ရှင် ကုမ္ပဏီ တခု အတွက် မြန်မာငွေ ၃ သိန်းလောက် ပေးရင် ရုပ်ရှင်တကား ထုတ်လုပ်လို့ ရတဲ့ခေတ်မှာ ဦးကျော်သူတို့ရဲ့ အမျိုးသားရုပ်ရှင် အတွက် အရင်က မပေးဆောင်ခဲ့တဲ့ နှစ်အလိုက် အခွန်ကြေးတွေကို ကျပ်သိန်း ဆယ်ဂဏန်းကျော် သုံးစွဲ အလျော်ပေးပြီး ရှင်းခဲ့လင်းခဲ့ ပေးရတယ်လို့လည်း သိခဲ့ရပြန်ပါတယ်။ တကယ်တော့ ဒီပိုက်ဆံ တွေဟာ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေတွေဆိုရင် မမှားပါဘူး။

နောက်တော့ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ ဦးချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာ ဦးငြိမ်းမင်း တို့တတွေ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ဇာတ်ညွှန်း ရေးပါတော့တယ်။ ဒါပေမယ့် ဦးငြိမ်းမင်းက နောက်ပိုင်းမှာ ထွက်သွားခဲ့ပြန်ပါရော။ သူ့နေရာမှာ မြမြင့်မိုရ် ဖြစ်လာပါတယ်။ တနှစ်နီးပါး အချိန်ယူရေးခဲ့တဲ့ ဒီဇာတ်ညွှန်းဟာ ၂၀၁၃ ခုနှစ် နှစ်ဆန်းကျမှ ပြီးပါတော့တယ်။ ဒီဇာတ်ညွှန်းရေး ဆရာတွေကို အနုပညာကြေး ဘယ်လောက် ပေးခဲ့ရတယ် ဆိုတာတော့ မစပ်စုတို့ ဘယ်လိုမှ စုံစမ်းလို့ မရခဲ့ပါဘူး။

ဒါပေမယ့် ဒီလို ပြီးစီးသွားပါပြီဆိုတဲ့ ဗိုလ်ချုပ် ဇာတ်ညွှန်းကို ပြန်ရေးဖို့ ဇာတ်ညွှန်ရေး ဆရာတွေ ပဲခူးမြို့ကို ထွက်သွားတယ်လို့ ကြားရပြန်တော့ အံ့အားသင့်လို့ ဗိုလ်ချုပ်ရုပ်ရှင် ကော်မတီကို မေးခဲ့ပေမယ့် ဖြေမယ့်သူ မရှိခဲ့ပါဘူး။ တခါ၊ အခု မေမြို့ကို ဒါရိုက်တာတွေ ဖြစ်ကြတဲ့ အိအိခိုင်၊ ကြည်ဖြူသျှင်၊ မင်းထင်ကိုကိုကြီး၊ ၀ိုင်း တို့က ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ညွှန်း သွားရေး ပြန်ပြီလို့ ဆိုလာပြန်ပါပြီ။ ဒါနဲ့ မစပ်စုလည်း ဘယ်လိုမှ မနေနိုင်တော့တာနဲ့ အမိအရ လိုက်စုံစမ်း ခဲ့ပါတော့တယ်။

  

ပထမ ဇာတ်ညွှန်းရေး ဆရာကြီးတွေ ရေးထားပြီးသွားပြီလို့ ဆိုတဲ့ ဇာတ်ညွှန်းကို နောက် ဇာတ်ညွှန်းရေး ဆရာတွေက မေမြို့သွားပြီး ထပ်ရေးကြ ပြန်တယ်လို့ ကြားရတော့ ပထမ ဇာတ်ညွှန်းက ဘာကြောင့်လဲ၊ မကောင်းလို့လား၊ မပြည့်စုံ လို့လားဆိုတဲ့ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့တယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်က “ဒီကိစ္စတွေကို ဗိုလ်ချုပ်ရုပ်ရှင် ပြန်ကြားရေးက ဦးဇော်သက်ထွေးကို
မေးကြည့်လိုက်ပါ။ ကျမတို့ရဲ့ကိစ္စတွေကို ပြန်ကြားရေးတခုတည်းကပဲ ဖြေကြားပေးဖို့သဘောတူထားလို့ပါ”
လို့ ဧရာဝတီကို ပြောပါတယ်။

ဒါနဲ့ မစပ်စုလည်း ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပြန်ကြားရေးက ဦးဇော်သက်ထွေးကို
မေးကြည့်ပါတော့တယ်။

“အမှန်တကယ်တော့ ကျနော်တို့ ရုပ်ရှင်ကားတကား ရိုက်တဲ့အခါမှာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ရိုက်မယ်ဆိုရင် သူ့ရဲ့ Time Limit ရှိပါတယ်။ အဲဒီတော့ Oscar Nominate လုပ်တဲ့ ဇာတ်ကားတွေက ၃ နာရီထက် ပိုလို့ မရပါဘူး။ ၃ နာရီအောက်ကို ဖြစ်ရပါလိမ့်မယ်။ အဲဒီတော့ ဆရာသုံးယောက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀တွေကို အပိုင်းလိုက် ခွဲပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ် အလှုပ်ရှားရဆုံး၊ တကယ့်ကို ရသ အမြောက်ဆုံးတွေကို သူတို့ရဲ့ စိတ်ကူးစိတ်သန်း တွေနဲ့ ရေးချ လိုက်တာပါ။ အဲဒီလို ရေးချလိုက်၊ ဘ၀အပိုင်းတွေကို ပြန်လည် ဆက်စပ်လိုက်တဲ့ အခါမှာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဇာတ်ကား တခုလုံးကို Over view ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားက ၃ နာရီစာ ရှည်လျားတဲ့ ဇာတ်ညွှန်း အခန်းတွေကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီအထဲကမှ ၃ နာရီစာ Frame ထဲ ပြန်ဝင်ပြီးတော့ ဇာတ်လမ်းရဲ့ အတက်အကျတွေ၊ တိုင်းပြည်ရဲ့ မသိရသေးတဲ့ သမိုင်း အချက်အလက်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသားဆန်မှုတွေ ပါအောင်လို့ သူ့ဟာနဲ့သူ အစီစဉ် တကျ ရရှိဖို့အတွက် ဆရာကြီးတွေ ရေးပြီးသား ဇာတ်ညွှန်း ကို ပြန်လည်ပြီး နေရာတကျ စီစဉ်ထားသိုမှုတွေ ပြန်လုပ်ရတာပါ။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပြန်လည် ပြင်ဆင် တည်းဖြတ်ရတာ ဖြစ်ပါတယ်” လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

မူလက ဇာတ်ညွှန်းရေးခဲ့တဲ့ ဦးချစ်ဦးညိုကို မေးကြည့်တော့ “နယ်သွားရေးတယ် ဆိုတာ ကျနော်တို့ ကြားတောင် မကြားမိပါဘူး။ ကျနော်တို့ သိထားတာတော့ ကျနော်တို့ရဲ့ သုံးခုကို သမအောင် စပ်မယ်၊ ပေါင်းမယ်ပေါ့။ အဲဒီအပေါ်မှာမှ ထပ်ပြီးတော့ နည်းနည်း ပြင်စရာရှိတာ ပြင်မယ်၊ တည်းဖြတ်မယ်ပေါ့။ အဲဒီလိုပဲ သိထားတယ်။ အဲဒီလို လုပ်လားတော့ မသိဘူး။ ဒီလို ပြန်လုပ်တဲ့ အပေါ်ကိုလည်း ဘယ်လိုမှ မသုံးသပ်ချင် တော့ဘူး။ ဘာမှလည်း မပြောချင်တော့ပါဘူး။ လုပ်ချင်တာသာ လုပ်ကြတော့၊ ဒါပဲ ပြောချင်ပါတယ်။ ဘယ်လိုမှ မခံစားတော့ပါဘူး။ စိတ်ထဲက ကိုယ့်ကို တာဝန်ပေးတာ ပြီးသွားပြီလို့ပဲ သဘောထား လိုက်တယ်။ အဲဒါကို ကြိုက်ခြင်း မကြိုက်ခြင်း၊ အသစ်ပြန်ရေးခြင်း မရေးခြင်းကို စိတ်ထဲ ဘယ်လိုမှ မထားတော့ဘူး” လို့ ဆိုပါတယ်။

ဒီကြားထဲ ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာမှာ The Iron Lady နဲ့ King’s Speech တို့ရဲ့ ထုတ်လုပ်မှု မန်နေဂျာ Kate James နဲ့ တွေ့ဆုံကြတယ်လို့ဆိုပြန်တော့ မစပ်စု တော်တော် လေးစားသွားမိပါတယ်။ မစပ်စုတို့ရဲ့ ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကားကြီးကို အကြီးကျယ် အခမ်းနားဆုံး ဖြစ်အောင် တကယ် လုပ်ဆောင်နေကြတာပဲလို့ပါ။ ဒါပေမယ့် အဲဒီ သြစတြေးလျ နိုင်ငံသူ Kate James ဟာ Iron Lady၊ King’s Speech ဇာတ်ကားတွေနဲ့ ဘယ်လိုမှ မပတ်သက်ဘူး ဆိုတာကို သိလာရတော့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့သားတွေ ဘာကြောင့် ဒီလို ဖော်ပြရတာလဲ ဆိုတာကို သိချင်လာပြန်တော့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေး ကိုမေးတဲ့အခါ Kate James က Iron Lady၊ နဲ့ King’s Speech ဇာတ်ကားတွေနဲ့ မပတ်သက်ဘူး ပတ်သက်တယ် ဆိုတာကို ဘာမှ မှတ်ချက်မပေးဘဲ အခုလိုပဲ ပြောပါတယ်။

ဦးဇော်သက်ထွေးက “ကျနော်တို့ ဘက်ကလည်း Kate James က ကျနော်တို့ဇာတ်ကားကို တာဝန်ယူမယ်လို့ ဘယ်တုန်းကမှ သတင်း မထုတ်ပြန်ခဲ့ဖူး ပါဘူး။ ကျနော်တို့ ပြောထားတာက နိုင်ငံတကာ ရုပ်ရှင်လုပ်ငန်း ထုတ်လုပ်တဲ့ အတွေ့အကြုံရှိတဲ့ Kate James ကို မလေးရှားက Art Audio ရဲ့ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေကို ခေါ်ပြီးတော့ နိုင်ငံတကာ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရင် ဘာတွေ လိုအပ်မလဲ ဆိုတာကို သူက လိုအပ်တဲ့ အချက်အလက်တွေ လာရှင်းပြတာ။ Kate James ရှင်းပြတဲ့ အချက်အလက်တွေကို မှတ်သားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ပြန်ပြောပြတာ။ ဘယ်လိုလည်း ဆိုတော့ နိုင်ငံတကာအဆင့် ရုပ်ရှင်ဇာတ်ကား ရိုက်တဲ့အခါ ကျနော်တို့က ဒီအတိုင်း လုပ်လို့မရဘူး။ ကျနော်တို့မှာ လိုအပ်တဲ့ ဖြတ်သန်းမှုတွေရှိတယ်၊ အဆင့်တွေရှိတယ်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ၀င်ပြီးမှသာ ကြယ်ပွင့်သတ်မှတ်ချက်အရ နိုင်ငံတကာ ရုံတွေကို တင်လို့ရတာ။ ကြယ်ပွင့် သုံးပွင့်ဆိုရင် ဘယ်နိုင်ငံက ရုံမှာ အရင် တင်မယ်၊ နှစ်ပွင့်ဆိုရင် ဘယ်လိုဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့က ဆွေးနွေးခဲ့တာ။ တကယ်လို့ နိုင်ငံတကာ အဆင့် သွားမယ်ဆိုရင် တကယ့်ကို Professional ဖြစ်တဲ့ ဘယ်လို ကုမ္ပဏီ၊ ဘယ်လို လူတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရမလဲ၊ နောက် တခုက ရုပ်ရှင်ဒါရိုက်တာ မရွေးခင်မှာ ပရောဂျက် ဒါရိုက်တာ တယောက်ကို ရွေးပြီးမှ အဲဒီ ပရောဂျက် ဒါရိုက်တာက လုပ်ငန်း အကောင်အထည်ဖော်ဖို့ စနစ်တွေ၊ ဇယားတွေနဲ့ လုပ်ရမယ်ဆိုတာတွေကို ဆွေးနွေးခဲ့တာပါ။ ကျနော်တို့က Kate James ကို တာဝန်ပေးတာ မဟုတ်ပါဘူး” လို့ပဲ ပြောပါတယ်။



ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့သားများနဲ့ Kate James တွေ့ဆုံသည်ကို (ဓာတ်ပုံ – ဗိုလ်ချုပ်ရုပ်ရှင်အဖွဲ့ရဲ့ တရားဝင် facebook စာမျက်နှာတွင် တွေ့ရစဉ်)

ဒါ့အပြင် Kate James ကို ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့က အကုန်အကျခံ ခေါ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးမှူး ဖြစ်တဲ့ ဒါရိုက်တာ ဒေါ်အိအိခိုင်ကို မေးတော့ ဘာမှမပြောဘဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီ ပြန်လွှဲလိုက်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက “ဒီကိစ္စက တကယ်တော့ ပြန်ကြားရေးရဲ့ တာဝန်ခံ ကိုဇော်သက်ထွေး ဖြေရမှာပေါ့။ အဲဒီတုန်းက သူမပါတဲ့ အတွက် ကျနော်တို့ နည်းနည်း ပြောလို့ရတာလေးတွေ ရှိတယ်။ ကိုဇော်သက်ထွေးကို သွားမေးရင်လည်း နည်းနည်း ရှုပ်ထွေးနိုင်ဖွယ် ရှိတဲ့အတွက်၊ ကျနော်ကလည်း အဲဒီတုန်းက ရှိနေခဲ့တဲ့ သူဖြစ်တဲ့အတွက် နောက်ဆုံး အချိန်အထိ သိနေခဲ့တဲ့ သူတယောက် အနေနဲ့ နည်းနည်း ၀င်ပြောပါ့မယ်။ ဒါက ကျနော့်ရဲ့ တာဝန်တော့ မဟုတ်ဘူး။ ဒီဟာကို တာဝန်ယူပြီး ဖြေလိုက်ပါမယ်။ အဲဒီမှာ သူ့ကို ခေါ်တယ် ဆိုတာကလည်း မလေးရှားကနေ ဒီကို ရုပ်ရှင်အစည်းအရုံးကိုရော၊ ဗိုလ်ချုပ် အောင်ဆန်း ရိုက်ကူးရေး အဖွဲ့နဲ့ပါ တွေ့ဖို့ကို ဒီခရီးစဉ် အတွက် လမ်းစရိတ် ထုတ်ပေးလိုက်ရုံပဲ ရှိတယ်။ အသွားအပြန် လေယာဉ်စရိတ်နဲ့ ဟိုတယ်စရိတ်အတွက် ဒေါ်လာ ၆၀၀ ထုတ်ပေး လိုက်တာပဲ ရှိတယ်။ သူနဲ့ အလုပ်လုပ်မယ် ဆိုပြီး သူ့ကို တခြား ငွေကြေး ပမာဏ ပေးတာလည်း မရှိသေးပါဘူး။ ဆွေးနွေး ထားတာလည်း ဘာမှမရှိဘူး။ ကနဦး တွေ့ဆုံမှုပဲ ရှိသေးတယ်” လို့ ရှင်းပြပါတယ်။

မစပ်စုတို့က ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကြီးကို ကြည့်ချင်ပါတယ်။ ဒီဇာတ်ကားကြီး ဖြစ်မြောက်ဖို့အတွက် ကြိုးစားပမ်းစား ၀ိုင်းဝန်း လုပ်ကိုင်သူတွေကိုလည်း အားပေးပါတယ်။ ဒါပေမယ့် ဘာမှ ပွင့်ပွင့်လင်းလင်း မရှိတဲ့ ဗိုလ်ချုပ်ရုပ်ရှင် အဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်ရပါတော့တယ်။ သရုပ်ဆောင်တွေ ရွေးထားပြီး ဘာဆက်လုပ်မယ် ဆိုတာ ရေရေရာရာ မရှိတာလည်း အံ့သြစရာပါ။ ဒီနေရာမှာ သူတို့မဖြေပေမယ့် မေးချင်တာကတော့ ၁။ ဒါရိုက်တာ ဘယ်သူလဲ၊ ၂။ နိုင်ငံခြားက ဘယ်ရုပ်ရှင် ကုမ္ပဏီတွေက ရိုက်မှာလဲ၊ ဂျပန်ကလား၊ အင်္ဂလန်ကလား၊ ၃။ ဒီဇာတ်ကားရိုက်ကူးဖို့  ရန်ပုံငွေ ဘယ်လောက် ရှိလဲ၊ တနိုင်ငံလုံးက လှူထားတဲ့ ပိုက်ဆံတွေထဲက ဘယ်လောက်ကို အသုံးပြုထားပြီးပြီလဲ၊ ၅။ ဘာပြီးရင် ဘာဆက်လုပ်မယ် ဆိုတဲ့ တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေရှိလား၊ ရှိရင် ဘာလို့ ပြည်သူတွေကို အသိမပေးတာလဲ၊ ၆။ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်ချုပ် အဖွဲ့သားတွေပဲ ပိုင်တယ်လို့ ထင်ထားကြသလား ဆိုတာတွေပါပဲ။ ဒါပေမယ့် မစပ်စု မမေးသာခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မေးလိုက်ရင် တယောက်က တယောက်ကို ဟိုလူလွှဲ၊ ဒီလူလွှဲနဲ့ လွှဲသံသရာ မဆုံး ဖြစ်နေမှာမို့ပါ။ ဒါကြောင့် ၂၀၁၅ ဖေဖေါ်ဝါရီ ၁၃ မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အထိတော့ လွှဲမနေကြပါစေနဲ့ လို့ပဲ ဆုတောင်းမိလိုက် ပါတော့တယ်။
 
 
.. www.MyanmarExpress.net