Subscribe to our RSS Feed

မင်္ဂလာတောင်ညွန့်မီးလောင်ပေါက်ကွဲမှုတွင် ကျဆုံးမီးသတ်ရဲဘော်များ သူရဲကောင်း ဆုတံဆိပ် အပ်နှင်းမည်


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတိုဆိပ်ရပ်ကွက် မေတ္တာမွန်ဝင်း ကုန်သိုလှောင်ရုံတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁နာရီ ၅၅ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုကြောင့် ကျဆုံးသွားရသော မီးသတ်တပ်ဖွဲ့ဝင်ငါးဦးကို နိုင်ငံတော်က သူရဲကောင်းဆု တံဆိပ်များအပ်နှင်းသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်က ပြောကြားသည်။ ကျဆုံးမီးသတ်ရဲဘော်များ၏ ဈာပနကို ဒီဇင်ဘာလ ၂၉ ရက်နေ့ညနေ ၅နာနရီကျော်က ရေဝေးသုသာန်တွင်ပြုလုပ်ခဲ့ပြီးယင်းဈာပနအခမ်းအနားတွင် ဝန်ကြီးဦးအောင်ကြည်က ကွယ်လွန်သွားသော ရဲဘော်များကို နိုင်ငံတော်က သူရကောင်းဆုတံဆိပ် အပ်နှင်းမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ “အခု မီးသတ်ရဲဘော်လေးတွေ ကျဆုံးသွားတာက အမေရိကန်ပြည်ထောင်စု ဖြစ်ခဲ့တဲ့ ၉/၁၁ ဖြစ်စဉ်နဲ့ တူတယ်” ဟု ဦးအောင်ကြည်က ဆိုသည်။ မီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးဇော်ဌေး (အသက် ၅၀ နှစ်)၊ တပ်သား အောင်အောင် (အသက် ၂၈ နှစ်)၊ တပ်ကြပ် မျိုးကျော်ကျော် (အသက်၂၀ နှစ်)၊ တပ်သား သော်ဇင်မျိုးထက် (အသက်၂၁ နှစ်)၊ တပ်ကြပ်တင်စိုး (အသက် ၃၄ နှစ်)တို့မှာ ကျဆုံးသွားရပြီး မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကွယ်လွန်သွားခဲ့သော တပ်သား မျိုးကျော်ကျော်၏ မိခင်ဖြစ်သူက “ဘယ်ဘက်မှာဝတ်ထားတဲ့ လက်စွပ်ကိုကြည့်ပြီးတော့ ကိုယ့်သားမှန်းသိတာ။ မျက်နှာက လုံးဝမှန်းလို့မရတော့ဘူး” ဟု ပြောကြားသည်။ ယင်းမီးလောင်ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်ငါးဦး အပါအဝင် လူပေါင်း ၁၇ ဦးသေဆုံးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

2 comments:

လုပ်ပေးသင့်ပါတယ် ကျန်ခဲ့တဲ့မိသားစုတွေအတွက်လဲ ကူညီသင့်ပါတယ်
လုပ်သင့်တာကိုလုပ်ပေးတဲ့အတွက် မင်္ဂလာတပါးပါ

ဂုဏ်ပြုသင့်ပါတယ်။ချက်ချင်းဆိုသလိုကိုပြန်တမ်းထုတ်ကြေငြာသင့်ပါသေး
တယ်။တဆက်တည်းပြောရလျှင်..ယနေ့မြန်မာပြည်မှာ၊လေဘေးကြီး
ကြီးကျယ်ကျယ်လဲကြုံခဲ့ဘူးပြီ၊ယခု..မီးဘေးကြီးကြီးကျယ်ကျယ်လဲကြုံ
တွေ့လာခဲ့ပြီဖြစ်လို့မို့..တစ်ခါသေဘူးပျဉ်ဘိုးနားလည်..ဆိုသကဲ့သို့
နောင်မှာ..ဘယ်လိုကာကွယ်မှု့ယူကြမလဲ၊မဖြစ်လာသေးသော..ငလျင်
ဘေးဆိုဘာတွေလုပ်ကြမလဲဆိုတာ..ကြိုတင်စီမံချက်များ၊ဇာတ်တိုက်
လေ့ကျင့်မှု့တွေပြုလုပ်ထားသင့်ပါပြီ။ဖြစ်လာခါမှ..၊ဖြစ်သွားပြီးမှ...၊
စှုပ်သပ်၊လှုပ်ရှားနေလို့မဖြစ်သင့်ပါဘူး။အန္တရာယ်ဖြစ်နေတဲ့နေရာသ
တင်းကိုဆောလျင်စွာရရှိနိုင်ဘို့၊ကယ်ဆယ်ရေး၊ထောက်ပံ့ရေးတွေ
အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ဘို့၊ကယ်ဆယ်ရေးလုပ်နေချိန်တွေ
မှာအချင်းချင်းဆက်သွယ်လှုပ်ရှားနိုင်ဖီု့ဆက်သွယ်ရေးကရိယာတွေ
ကောင်းမွန်၊ပြည့်စုံစွာအဆင်သင့်ရှိနေဘို့၊ကောလဟလတွေမထွက်
နိုင်အောင်အချိန်နဲ့တပြေးညီသတင်းတွေထုတ်ပြန်ပေးနိုင်ဘို့..အစ
ရှိသဖြင့်ဆောင်ရွက်ထားကြရပါမယ်။ခေတ်အခါနဲ့အညီ..ရဟတ်ယာဉ်
ပါလိုအပ်လျှင်အသုံးပြုနိုင်အောင်စီမံထားသင့်ပါပြီ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်