Subscribe to our RSS Feed

မြန်မာ့မီးသတ်များအတွက် ဂုဏ်ပြုရေးစပ်အပ်သည့် ကဗျာရှည်



နေ့တစ်ရက်ရဲ့ကြွေလွင့်တဲ့ချိန်

ရက်သစ်ဆီသို့ခြေလှမ်းမယ်ဟန်ပြင်

ရိုးရိုးတန်းတန်းကြည့်ရင် ညဥ့်နက်တဲ့ည

လင်းကြက်တောင်မတွန်သေး

ဝုန်းကနဲကြား မိုးပြိုသို့နယ်လား

နေရင်းတိုက်ပင် သိမ့်သိမ့်တုန်

ရင်အစုံ၌ လှိုက်ခနဲယောင်ရမ်း

အမယ်လေးဟု မပီမသရေရွတ်လိုက်မိတယ်။

စိတ်၌ထင်လိုက် သွားလေပြန်ပြီတစ်နေရာဟု

IT သတင်းပြေးမကြည့်ဘဲ မေးကြည့်လိုက်တယ်

စက်ဆန်းရဲ့သစ်စိတ်လောင်မြိုက်နေပြီလော

သိရခြင်းပင် ငေါက်ခနဲထသူတို့ လူစုလေပြီ

သံစုံဥသြ ညာသံမပေး ညဥ့်ကြီးတစ်ခေါင်

လူသူအများ အိပ်စက်နားတဲ့ ဒီချိန်ကြီးမှာ

ထိတ်လန့်ဖွယ်ကား မကြားရအောင်

တိတ်တစိတ်လှုပ်ရှား ထိုတာဝန်အား

ငါဟေ့ယောက်ျား သူရဲကောင်းဟု

ဟစ်ကြွေးမြည်ကာ သက်စွန့်ဆံဖျား

လောင်းမီးကြားကို မျက်စိစုံမှိတ်

တိုးတိုးဝှေ့ဝှေ့ ကျိတ်ကျိတ်နယ်နယ်

ငါ၏ အသက်အများတွက် စွန့်ရမည်ဟု

သန္နိဋ္ဌာန်ကာ ပူပူလောင်ကြား

ပြည်သူတွေအသက် ကယ်ပေးခဲ့တယ်။




မီးကြားဒဏ်ရာ သွေးမတိတ်မီ

ထိတ်တလန့်နှင့် စိုးရိမ်စိတ်များ

သူတို့စကား.......

မီးငြိမ်းပြီလား၊ မိုးလင်းပြီလားတဲ့လေ

တာဝန်သိစိတ် လွန်ထက်ကဲ၍

သူတို့စေတနာက ငါ့ပြည်သားတွေ

ဒုက္ခကပ်ဆိုး လွတ်မြောက်ငြိမ်းရာ

စက္ကန့်ကြားက သတိတရမေးတဲ့သံက

နိုင်ငံအတွက် သူရဲကောင်းတို့ရဲ့

ပေးဆပ်ဟစ်ကြွေးခြင်းပြယုဂ်တွေ

လောင်မီးကြားက ပြည်သားသံက

သူပင်သက်စွန့် မပြုအပ်က

အကျွန်ုပ်သည် ဧကန်မုချသေအံ့နိုင်ဟု

ဆိုတဲ့စကား သူတို့များမကြားနိုင်ကား

မကြားလေသလား ဘာကြောင့်လေလဲ

အိပ်နေသူထက် အိပ်ချင်ယောင်ဆောင်သူက

ပို၍နှိုးရခက်အံ့ဟု ဆိုပင်စကားရှိဖူးသည်လေ

ဒါတွေအသာထား ရှင်းပြနေလည်းအလကား

ငါ့အား လူမုန်းသာပင်အဖတ်တင်မယ်

ကဲထားလိုက်တော့မယ် ရှေ့ဆက်ကြစို့

မြန်မာ့မီးသတ် ငါ့တို့မီးသတ်ဂုဏ်ပြုအပ်ဟု

အဖော်မဆွယ် ငါ့တစ်ယောက်တည်းဟစ်ကြွေးလိုက်မယ်

ပြည်သူပြည်သား လူအများက

ဘက်တော်သားဆို မခွဲမခြား ပြစ်တင်မှားတဲ့

အသံတွေက သေတာတောင်ပင်နဲကြသေးတယ်တဲ့

လွန်လိုက်တဲ့စကား ဘယ်သူများက

ပြောထွက်ပါလိမ့် တွေ့ချင်စမ်းတယ်

အာဏာကိုဖူး စစ်ရေးကိုမက်

ပြည်ကိုဖျက်မည့်လက်ဟု ရောယှက်ကာတွေး

ကြီးစိုးသံသယ အမှားတွေက

ဘယ်သောအခါမှပျောက်ကွယ်လိမ့်မယ်

ငါတို့ နိုင်ငံက ခေါင်းနည်းကျတဲ့

လူတစ်စု နောင်ခါ၌ မှောက်မမှားရအောင်

အချိန်မီ၌ ပြင်နိုင်သေးတယ်။

ရွှေနိုင်ငံက လူပိန်းတွေရယ်။

လွမ်းပိုင်ရှင်

(29/12/2011)နေ့ ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်၌ မီးလောင်မှုမှာ မီးသတ်သမားတွေ ဆုံးပါးသွားတာနဲ့  ပါတ်သတ်ပြီး ..သေတာတောင်

နဲသေးတယ်၊ များများသေရင် ပိုကောင်းတယ်လို့ပြောထွက်ခဲ့ကြတဲ့ ငါတို့ ရွှေနိုင်ငံက လူပိန်းတွေကြောင့် စိတ်မကောင်းဖြစ်ရင်းကျဆုံး

သွားတဲ့မီးသတ်ရဲဘော်များအတွက် လေးစားစွာ ဦးညွတ်အလေးပြုရင်း ဂုဏ်ပြုရေးစပ်ပါသည်။




Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်