Subscribe to our RSS Feed

သျှမ်းပြည်တပ်မတော် (SSA-S) အဖွဲ့ အင်အား ၂၀၀ ကျော်ဖြင့် ၀မ်ပန်ရွာကို မီးရှို့

သျှမ်းပြည်တပ်မတော် (SSA-S) အဖွဲ့မှ တပ်ရင်း(၃၆၂) တပ်ရင်းမှူး ပန်ဖနှင့် တပ်ရင်း(၃၇၁) တပ်ရင်းမှူး ဆိုင်ဝမ့်တို့ ပူးပေါင်းပြီး အင်အား ၂၀၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစ၍ လဲချားမြို့နယ်၊ ၀မ်ပန်ကျေးရွာ ပြည်သူ့စစ်စခန်းကို အဖွဲ့များခွဲ နေရာယူပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ဒီဇင်ဘာလ ၂၂ နေ့တွင်လည်း လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေခဲ့ပြီး ညပိုင်းတွင် တပ်မဟာ(၇၅၉) တပ်မဟာမှူး စိုင်းချစ် ခေါင်းဆောင်သောအဖွဲ့ ထပ်မံရောက်ရှိလာကာ ၀မ်ပန်ပြည်သူ့စစ်စခန်းနှင့် ၀မ်ပန်ရွာတို့ကို ၀ိုင်းပတ်ပိတ်ဆို့၍ ပြည်သူ့စစ်အဖွဲ့ဝင်များကို ၎င်းတို့နှင့် ပူးပေါင်းရန် စည်းရုံးခဲ့ကြသည်၊ ၎င်းနောက် ည ၁၀ နာရီခွဲချိန်ခန့်တွင် အင်အား ၁၀၀ ဦးခန့်သည် ၀မ်ပန်ကျေးရွာအတွင်းသို့ ၀င်ရောက်လာခဲ့ပြီး ကျေးရွာရှိ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြသည်။



သျှမ်းပြည်တပ်မတော်(SSA-S)အဖွဲ့ စတင်ရောက်ရှိပစ်ခတ်သည်နှင့် ၀မ်ပန်ရွာသူ၊ ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသော်လည်း သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကလေးငယ်များမှာ ရွာတွင် ကျန်ရစ်ခဲ့သည်၊ ၀မ်ပန်တွင်ရှိသော ပြည်သူ့စစ်အဖွဲ့များ စခန်းတွင်အင်အား ပြည့်ပြည့်၀၀မရှိသည့်အချိန်ဖြစ်သည့်အတွက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ကြိုတင်ရည်ရွယ်ချက်ဖြင့် အင်အားစုစည်းလာသော သျှမ်းပြည် တပ်မတော်အဖွဲ့များအား ဟန့်တားနိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။
သျှမ်းပြည်တပ်မတော်အဖွဲ့ဝင်များသည် ၀မ်ပန်ရွာအား မီးလောင်တိုက်သွင်းခဲ့ပြီး မြင်သမျှအိမ်အားလုံးအား မီးရှို့ခဲ့သည့်အတွက် စုစုပေါင်းအိမ် ၃၂ လုံး မီးရှို့ခံခဲ့ရသည်၊ ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး အပါအ၀င် ၅ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။



ကျေးရွာအတွက် အစိုးရမှ ဆောက်လုပ်ပေးထားသော ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့် ဆက်သွယ်ရေးရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာဆေးခန်းအဆောက်အဦနှင့် ဆေးပစ္စည်းအားလုံး ဖျက်ဆီးပစ်ခဲ့သည်၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ရိက္ခာဆန်အိတ် ၁၅၀ ကျော်နှင့် ရွာသားများသိုလှောင်ထားသော ဆန်တင်း ၇၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရသည်၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် ကျေးရွာလူထုပိုင် ဖိုးဝှီးယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၂၀ စီးတို့ကိုလည်း ယူဆောင်သွားခဲ့သည်၊ အဆိုးရွားဆုံးမှာ ရွာသားများနေအိမ်တွင် ကိုးကွယ်နေသည့် ဘုရားမှအစ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များအား ထွေလာဂျီ ၆ စီးဖြင့် တင်၍ယူဆောင်သွားခဲ့ခြင်းပင် ဖြစ်သည်။


သျှမ်းပြည်တပ်မတော်က ပစ်ခတ်လို့ အိမ်ကိုလက်နက်ကြီးကျည် ထိမှန်ခံရသူ ၀မ်ပန်ရွာသားတစ်ဦးမှ ]]သူတို့အဖွဲ့တွေ ရွာရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်နေရာတွေကနေ အဖွဲ့တွေခွဲပြီး နှစ်ရက်လုံးလုံး လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေခဲ့တယ်၊ စခန်းကိုပစ်တာဆိုပေမယ့် စခန်းနားမှာရှိတဲ့ ရွာထဲကို ကျည်ဆံတစ်ဝက်လောက် ကျတယ်၊ ကျွန်တော့်အိမ်က စခန်းနဲ့နီးတဲ့အတွက် ညဘက်မှာ သူတို့ပစ်တဲ့ လက်နက်ကြီးကျည်လာမှန်ပြီး ကျွန်တော့သမီးကို ထိသွားတယ်၊ အိမ်လည်းမီးလောင်တယ်၊ စုဆောင်းရှာဖွေထားတဲ့ ပစöည်းတွေအားလုံး မီးထဲပါသွားတယ်၊ ကျွန်တော်တို့ တစ်ရွာလုံးကို ရန်ငြိုးတစ်ခုနဲ့ တိုက်ခိုက်တယ်လို့ ကျွန်တော်ထင်တယ်၊ ကျွန်တော့မိသားစုနဲ့ ရွာကိုပျက်စီးအောင်လုပ်ခဲ့တဲ့အတွက် လုံးဝမကျေနပ်ဘူး}}ဟု ပြောပြသည်။

အခြားသတင်းတစ်ခုအရ သျှမ်းပြည်တပ်မတော်အနေနှင့် ၀မ်ပန်ရွာပတ်ဝန်းကျင်တွင် လွတ်လပ်စွာလှုပ်ရှား လိုခြင်းကြောင့် ၎င်းတို့အတွက် အနှောင့်အယှက်တစ်ခုအနေဖြင့် ရှိနေသော ၀မ်ပန်ပြည်သူ့စစ်အဖွဲ့ကို ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။



ဒီဇင်ဘာလ ၂၂ ရက်နေ့ ညတွင် သျှမ်းပြည်တပ်မတော်အဖွဲ့များ ၀မ်ပန်ရွာအတွင်းသို့ ၀င်ရောက်လာပြီး ပြည်သူ့စစ်ရုံးရှေ့တွင် ၎င်းတို့သယ်ဆောင်လာသည့်ပစ္စည်းများအား စုပုံထားရှိခဲ့ကြောင်း၊ အစိုးရတပ်များ ရောက်ရှိ လာပါက ပြသရန်ရွာသားများအား မှာကြားခဲ့ကြောင်း၊ ၎င်းပစ္စည်းများမှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်ကြောင်း ရွာသားများထံမှ သိရှိရသည်၊ ပစ္စည်းများသယ်ယူလာမှုကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့သူတစ်ဦးက ]]သျှမ်းပြည်တပ်မတော်အဖွဲ့ အင်အား ၂၀ လောက် ည ၁၁ နာရီလောက်မှာ ၀မ်ပန်ပြည်သူ့စစ် ရုံးရှေ့ကိုရောက်လာတယ်၊ သူတို့နဲ့အတူ အထုပ်ကြီးတွေ သယ်ဆောင်လာတာ တွေ့ရတယ်၊ အထုပ်ထဲမှာ ပုလင်းတွေ၊ ပုံးတွေ၊ သံဗန်းတွေ ပါလာတယ်၊ အဲ့ဒီပစ္စည်းတွေကို ရုံးရှေ့မှာ စုပုံပြီး နေရာချနေတာတွေ့ရတယ်၊ မနက်မိုးလင်းမှ အသေအချာကြည့်မိတော့ မူးယစ်ဆေးဝါးချက်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေမှန်း သိရတယ်၊ ဆိုင်ဝမ့် အဖွဲ့က လူတစ်ယောက်ကတော့ အစိုးရတပ်တွေလာရင် ဒါတွေပြလိုက်ဆိုပြီး ကျွန်တော်တို့ကို မှာသွားတယ်၊ တကယ်တော့ဒီပစ္စည်းတွေက ပြည်သူ့စစ်အဖွဲ့တွေ မူးယစ်ဆေးဝါးလုပ်နေတယ်လို့ အစိုးရတပ်ကထင်အောင် လိမ်လည်ဖန်တီးသွားတာပဲဖြစ်တယ်၊ ကျွန်တော်တို့ ရွာနဲ့ဝန်းကျင်မှာ ပြည်သူ့စစ်အဖွဲ့တွေ မူးယစ်ဆေးဝါးလုပ်တာ လုံးဝမကြားမိခဲ့ပါဘူး}}ဟု ပြောပြသည်၊ နောက်ဆုံးသိရှိရသည့်သတင်းအရ အစိုးရတပ်များရောက်ရှိပြီးနောက် နားလည်သူများနှင့် စစ်ဆေးသည့်အခါ ၎င်းပစ္စည်းများသည် အသုံးပြုဆဲပစ္စည်းများမဟုတ်ဘဲ လွန်ခဲ့သော သုံးလေးနှစ်ကတည်းက အသုံးမပြုတော့သည့် ပစ္စည်းဟောင်းများသာ ဖြစ်ကြောင်း သိရှိရသည်။

သျှမ်းပြည်တပ်မတော်(SSA-S)အနေဖြင့် ဒီဇင်ဘာလဆန်းတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ဆောင်ရွက် ခဲ့ပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်အဖွဲ့များကို ခြိမ်းခြောက်မှုများ၊ တိုက်ခိုက်မှုများ ဆောင်ရွက် လာကြောင်း သိရှိရသည်၊ ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဟိုပုံးနှင့် မိုင်းပွန်ကြားရှိ လွယ်ဝိုးတုတ် ပြည်သူ့စစ်စခန်းအား အင်အား ၆၀ ခန့်ဖြင့် ၀င်ရောက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တစ်ဆက်တည်း ၎င်းကျေးရွာနေ ဦးမောင်ငွေ၏ ဈေးဆိုင်အားဖျက်ဆီးခြင်း၊ ကားလမ်းပေါ်တွင် ကျောက်ထုတ်လုပ်ငန်း ဆောင်ရွက် နေသူများအား တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ခရီးသည်တင် မှန်လုံယာဉ်များအား ပစ်ခတ်ရပ်တန့်စေပြီး ယာဉ် ၈ စီးထံမှ ဆက်ကြေး သိန်း ၄၀ ခန့်တောင်းယူခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့အား သျှမ်းပြည် တပ်မတော်(SSA-S) အင်အား ၅၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး လူနေအိမ်များအား ၀င်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်၊ ပြည်သူ့စစ်အဖွဲ့ဝင်များ ထိခိုက်မှုမရှိသော်လည်း အပြစ်မဲ့မိသားစုဝင် ၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ဝမ်ပန်ပြည်သူ့စစ်အဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းနှင့်အတူ ကျေးရွာကိုပါ မီးရှို့ခဲ့ခြင်းမှာ ပြည်သူ့စစ်အဖွဲ့အား ကျေးရွာမှ အကူအညီများ ပေးနေခြင်းကို မကျေနပ်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်၊ သျှမ်းပြည်တပ်မတော် အနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်အတွက် လိမ်လည်အကြောင်းပြနိုင်ရန် ပြည်သူ့စစ်အဖွဲ့ဝင်များ မူးယစ်ဆေးဝါးချက်လုပ်နေသယောင် ကြိုတင်စီစဉ်၍အကွက်ကျကျ ဖန်တီးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်၊ သျှမ်းပြည်တပ်မတော်(SSA-S)၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ ရွာသားများထိခိုက်သေဆုံးရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း၊ စုဆောင်းထားသော ဆန်နှင့် ပစ္စည်းများ ဖျက်ဆီးခံရခြင်းအပြင် မိမိတို့ ယုံကြည်ကိုးကွယ်သည့် ဘုရား ဆင်းတုပါမချန် သယ်ဆောင်သွားခဲ့ခြင်းအတွက် ၀မ်ပန်ရွာသားများနှင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာများမှ သျှမ်းပြည်တပ်မတော်အပေါ် ခံပြင်းဒေါသထွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Myanmar Express

5 comments:

ခွေးမြီးကောက် ကျည်တောက်စွပ် ရိုင်းပျတဲ့ခွေးမဒိန်းကောင်တွေ တူသောအကျိုးပေးလို့ အသေဆိုးနဲ့ သေကြပါစေ..

တပ်မတော်ကငြမ်းချမ်းရေးလုပ်နေတယ်၊အပြတ်တိုက်ရမှာ၊ဘာမှအသိဥဏ်မရှိ့တဲ့ကောင်တွေ

အကုန်အပြုတ်တိုက်လိုက်ရမှာ သိရီင်္လကာ လို ပေါ့ တစ်ခါထဲအေးရော ကချင်ကကောင်တွေလဲပါသေးတယ်

ဟုတ်တယ်အကုန်အပြုတ်တိုက်လိုက်ရမှာ သိရီင်္လကာ မှာ ကျားသူပုန်တွေကို အပြုတ်ဆော်သလိုပေါ့ ကချင်ကကောင်တွေလဲပါသေးတယ် အဲ့ကောင်တွေကိုလဲ ဆော် ပြောလိုက်ရင်သူ တို့ ဘာမှခိုးမရောင်းဘူးခိုးမရောင်းဘူးနဲ့ သေနတ်တွေက ဘယ်ကပိုက်ဆံနဲ့ ဝယ်ထားတာလဲ

ချင်းတွေ ကချင်တွေ ကရင်တွေဟာ ဗမာတွေကို ဒီလောက်မုန်းတီးနေတာကို မြန်မာပြည်အပြင်ဘက်ေ၇ာက်မှ
သိခဲ့ရတယ်
ကျောင်းတွေမှာ တိုင်းရင်းသားမောင်နှမဆိုပြီး သင်ပေးခဲ့တယ်
ပြည်ထောင်စုနေ့ဆိုတိုင်းရင်းသားညီညျွတ်အောင်လုပ်ပေးခဲ့တယ်
ငတို့ဗမာတွေဟာ မင်းတို့တိုင်းရင်းသားတွေကို ရန်သူလို့လည်း မမြင်ခဲ့ဘူး
မုန်းလည်းမမုန်းဘူး

မင်းတို့မုန်းတီးနေတာကိုတောင် မသိခဲ့ရအောင်အစိုးရဟာ
ကလေးတွေကိုသင်ပေးခဲ့တယ်။
မင်းတို့ကသာ ငတို့ဗမာတွေကိုမုန်းတီးနေတာ
စိတ်မကောင်းဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်