Subscribe to our RSS Feed

နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ငါးဈေးကြီးမှ ဆိုင်ခန်းများကို ဘဏ်ချေးငွေဖြင့် အရစ်ကျရောင်းမည် ဆိုင်ခန်း ၂၁၆ ခန်းရှိပြီး ကျပ်သိန်း ၃ဝဝ နှင့် ၅ဝဝ ကြာြး


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာကုန်စိမ်းဈေးကြီးအနီး တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ငါးဈေးကြီးမှ ဆိုင်ခန်းများကိုဘဏ်ချေးငွေဖြင့် အရစ်ကျရောင်းချပေး မည်ဖြစ်ကြောင်း ၂၁-၁၂-၂ဝ၁၁ ရက်ကသိရသည်။ အဆိုပါချေးငွေကို ကမ္ဘောဇဘဏ်မှ ချေးပေးမည်ဖြစ်ကြောင်း၊ ဝယ်ယူမှုတွင် ပထမအဆင့် ၃ဝ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကာ ကျန်ငွေများကို တစ်နှစ်အတွင်း လစဉ်ပေးသွင်းသွားရမည်ဖြစ်ပြီး အတိုးနှုန်း ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ဆိုင်ခန်းတစ်ခန်းတန်ဖိုးမှာ ကျပ်သိန်း ၃ဝဝ နှင့် သိန်း ၅ဝဝ ကြားဈေးနှုန်းရှိကြောင်း ဆိုင်ခန်းအရွယ်အစားမှာ ၁၈ ပေ x ၁၁ ပေဖြစ်ကာ စုစုပေါင်း ရောင်းချရန် ၂၁၆ ခန်းရှိကြောင်း သိရသည်။

၎င်းဈေးကြီးကို ၂ဝ၁ဝ ပြည့်နှစ်ကုန်ပိုင်းကတည်းက တည်ဆောက်ခြင်းဖြစ်ကာ ဆိပ်ခံတံတားနှစ်စင်းပါဝင်ကြောင်း၊ ငွေကျပ်ခုနစ်ဘီလျံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း လာမည့် ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။ ယင်းဈေးကို ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီနှင့် တောက်ထွန်းကုမ္ပဏီက တည်ဆောက်ခြင်းဖြစ်ပြီး ရောင်းချမည့် ဆိုင်ခန်းများကို ကိုယ်စားလှယ်အဖြစ် ရရှိထားသော အဆိုပါကုမ္ပဏီက ရောင်းချပေးသွားမည်ဖြစ်ရာ ဝယ်ယူလိုသူများအား ဘဏ်ချေးငွေအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ''ဝယ်လိုသူအတွက် ဘဏ်ချေးငွေရဖို့ ကုမ္ပဏီက လိုအပ်တာတွေ ဆောင်ရွက် ပေးမယ်၊ ဝယ်သူကတော့ ဘဏ်ကို လိုအပ်တာတွေ ပေးထားရမှာပေါ့'' ဟု ကုမ္ပဏီကတာဝန်ရှိသူတစ်ဦးက ပြောသည်။


SMG

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်