Subscribe to our RSS Feed

လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အကျဉ်းသား အများအပြားကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ကြေငြာစာ ထွက်ရှိ


ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့ ၄း၂၀ နာရီခန့်က MRTV-4 မှ ထုတ်လွှင့်သွားသော Breaking News အရ ....

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန်ကြေငြာစာအမှတ် ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

... ဟု ဖော်ပြပါရှိပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်