Subscribe to our RSS Feed

အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး ဥပဒေ မအောင်မြင်

From : သူရိယ(WSJ)



အိန္ဒိယက ကာလကြာရှည်စောင့်ဆိုင်းနေခဲ့ရသည့် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ဥပဒေ ပြဌာန်းရေး မအောင်မြင်ဖြစ်ခဲ့ရသည်။ ရင်းနှီးမြုပ်နှံသူများကို ဂတိပေးထားခဲ့သည့် ယင်းသည်အစိုးရအတွက် အရှက်ရစေခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုများလည်း ဖြစ်ပွားစေခဲ့သည်။ ယခုနှစ်နွေရာသီ အကုန်က လူထုဆန္ဒပြမှုများကြောင့် မတည်ငြိမ်ဖြစ်စေသည့် အစိုးရအတွက် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၂၀၁၁ ခုနှစ်အကုန်တွင် ဖက်ဒရယ် အကျင့်ပျက်ခြစားမှုစောင့်ကြည့်ရေးက ဖန်တီးပေးခဲ့သည့် ဥပဒေကြမ်းကို ပြဌာန်းရန်အာမခံထားသည်။


သို့သော်လည်း ကြာသပတေးနေ့ ပါလီမန်ပြီးဆုံးသည် အပြန်အလှန်ပြောဆိုမှုတွင် ယင်းကြိုးစားမှုကို Trinamool ကွန်ဂရက်ပါတီက တားမြစ်ခဲ့သည်။ အစိုးရ၏ ယခုနှစ်ပိုင်းအစပိုင်းလုပ်ဆောင်ချက်အားလုံးကို Trinamoolက တိုက်ဖျက်ခဲ့သည်။


ပါတီက အစိုးရ အဆိုပြုချက်ကို ပါလီမန်တွင် ထောက်ခံရန် ငြင်းဆိုခဲ့သည်။ တရက်ကြာ ဆွေးနွေးပြောဆိုမှုက ညနက်မှ ပြီးဆုံးခဲ့ပြီး ဥပဒေပြုသူများတဦးနှင့် တဦး အောဟစ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဖေဖော်ဝါရီလအထိ ပါလီမန်က ပြန်လည်ကျင်းပမည်မဟုတ်ချေ။ အစိုးရက ပြန်လည် ကျင်းပနိုင်ရေးအတွက် အထူး အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း ယင်းအစီအစဉ်က ဖြစ်နိုင်ချေနည်းပါးလျက်ရှိသည်။


တိုင်းပြည်စီးပွားရေး တိုးတက်မှုသည် ၇ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည်လည်း ငွေကြေးဖောင်းပွမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် လျော့ကျခဲ့သည်။ ငွေကြေးဆိုင်ရာ လိုငွေပြမှုက အိန္ဒိယ ရှုဘီးကို အာရှ အဆိုးဆုံးငွေကြေးဖြစ်သွားစေခဲ့သည်။ တပြိုင်တည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ တောင်းဆိုထားသည့် အချက်များကို ဖြည့်ဆည်းရန် မဟာမိတ်များထံမှ အစိုးရက လုံလောက်သည့် ထောက်ခံချက်ကို ရရှိရန် မလုပ်ဆောင်နိုင်ခဲ့ချေ။ ၂၀၀၈ခုနှစ်ဖုန်းများကို အောက်ဈေးဖြင့်လေလံရောင်းချမှု ထောင်ကျနေသည့် ပါတီခေါင်းဆောင်က နယူးဒေလီ ဓနသဟာရ အရှုပ်တော်ပုံတွင် ပါဝင်ခဲ့မှုစသော အကျင့်ပျက်ခြစားမှုများက မန်မိုဟန်ဆင်း အစိုးရကို အနှောင့်အယှက်ဖြစ်နေခဲ့သည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက်ကြွေးကြော်နေသည့် Anna Hazare က လူထု ထောက်ခံချက်ကို ရရှိခဲ့သည်။


အသက်၇၄ နှစ်ရှိ Gandhian တက်ကြွလှုပ်ရှားသူ ဟု ကြွေးကြော်ထားသည့် Hazareက ထောင်နှင့်ချီသော ထောက်ခံသူများရှေ့တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအတွက် အစာငတ်ခံဆန္ဒပြခဲ့သည်။ သြဂုတ်လတွင် Hazareကို ထိန်းသိမ်းခဲ့ပြီး သူ၏ တောင်းဆိုမှုများကို လိုက်လျောရန်လုပ်ဆောင်ခဲ့သည်။ ယင်းအတွက် အကျင့်ပျက် ခြစားမှုစောင့်ကြည့်ရေး အဖွဲ့ကို တည်ထောင်ရန် မျှော်လင့်ဖွယ်ဖြစ်ခဲ့သော်လည်း ကွန်ဂရက်က မူဝါဒကို ပြောင်းလဲနိုင်ခြင်းမရှိသည့် အတွက် ရင်းနှီးမြုပ်နှံသူများကလည်း အိန္ဒိယ စီးပွားရေးကို အယုံအကြည်နည်းပါးလာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အာဏာရခဲ့သော မန်မိုဟန်ဆင်း အစိုးရ ဒုတိယသက်တမ်း ၅ နှစ်အတွင်း အရှက်ရစရာများ ဖြစ်ပွားခဲ့သည်။


နိုဝင်ဘာလက နိုင်ငံခြား တံဆိပ်မျိုးစုံ လက်လီရောင်းချသည့် Wal-Mart စတိုးကို အိန္ဒိယတွင် ခွင့်ပြုရန် ကြေညာခဲ့သည်။ သို့သော်လည်း Trinamoolကွန်ဂရက်စသော မဟာမိတ်တို့က ဆန့်ကျင်မှုကြောင့် နောက်ဆုတ်ခဲ့သည်။ သည် အနောက်ဘင်ဂေါအကြီးအကဲ Mamata Banerjee ဦးဆောင်သည့် Trinamoolတို့က ဘင်္ဂလားဒေ့ရှ်နှင့် မြစ်အတွင်း ရှိရေကို အတူခွဲဝေရန်ဟူသော အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့သည်။




Trinamool တို့က ကွန်ဂရက်တွင် သေချာ ဆွေးနွေးခြင်းမရှိသည့်အပေါ်လည်း ကန့်ကွက်သည်။ ပါတီငယ်များက လွမ်းမိုးနေသည့် ပါတီများအပေါ် အခြေတည်၍ လှုပ်ရှားလျက်ရှိသည်။ အိန္ဒိယနိုင်ငံရေးသည် ပါလီမန်တွင် အများစုရရှိရန် ပါတီများစွာစုဖွဲရသည်။ “အစိုးရက ဖရိုဖရဲဖြစ်နေပြီး မဟာမိတ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲမသိဖြစ်နေတယ်၊ Wal-Mart နဲ့ ပတ်သက်ပြီးတော့ဒါက တကယ်ကိုအရှက်ရစရာပါ” ဟု အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် အသေးစားလုပ်ငန်းရှင်များ ဆိုင်ရာ လေ့လာသူ Sadanand Dhumeက ပြောသည်။

Trinamoolက ယင်းဥပဒေကြမ်းကို အောက်လွတ်တော်ကအတည်ပြုသည့်အချိန်အထိထောက်ခံခဲံသော်လည်း အင်္ဂါနေတွင် ပြောင်းလဲသွားခဲခြင်းဖြစ်သည်။ Trinamool ပြောခွင့်ရ Derek O’Brienက “ဥပဒေကြမ်းကို ပြန်စဉ်းစားဖို့လုပ်လာတဲ့ ဘယ်အချိန်ပဲအဖြစ်ဖြစ် ပါတီက ကန့်ကွက်မှုကို ဆက်လုပ်ဆောင်သွားပါမယ်” ဟု ပြောသည်။ “ကျနော်တို့လည်း စိတ်ပျက်ပါတယ်၊ အစိုးရက မဲပေးတာကနေဘာကြောင့်ရှောင်ထွက် မသွားသင့်ဘူး” ဟု ဥပဒေပိုင်းဆိုင်ရာ ၀န်ကြီး Salman Khurshidက ပြောသည်။

အဓိက အတိုက်အခံပါတီ Bharatiya Janataက အစိုးရက ဥပဒေပြဌာန်းချက်မဖြစ်နိုင်တော့သည့်အတွက် အနှောင့်အယှက်များကိုဖန်တီးခဲ့သည်ဟု ဆိုသည်။ “အစိုးရက မျှော်လင့်ချက်နည်းနေပါတယ်၊ ၀န်ကြီးချုပ်မှာ ဆက်လုပ်ဖို့ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုမရှိပါဘူး၊ နှုတ်ထွက်သင့်ပါတယ်” ဟု Rajya Sabhaရှိ ပါတီခေါင်းဆောင် Arun Jaitley က ပြောသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်