Subscribe to our RSS Feed

လူထု ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း ဆန်းဆင့်အား ပြောင်းရွှေ့ခွင့်မပေးနိုင်သဖြင့် ဘောလုံးကွင့်အပြည့် ဆန္ဒပြ

From : 7day

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ရာထူးမှမပြောင်းရွှေ့ရန် ဒေသခံတောင်သူနှင့် ရေလုပ်သားအင်အား ၁၀၀၀ခန့်က က ယနေ့နံနက်၁၀ နာရီခန့်တွင် ပန်းတနော်မြို့အ၀င် ဘော်လုံးကွင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူများ၏အဆိုအရဦးဆန်းဆင့်သည်လယ်မြေအသိမ်းခံရမှုများတွင်လျှော်ကြေးရရှိအောင် ကူညီတောင်းဆိုပေးခြင်းရေလုပ်သားများ၏အခက်အခဲများအားကူညီဆောင်ရွက်ပေးခြင်းနှင့်ပြီးခဲ့သည့်နှစ် အတွင်းကကျရောက်ခဲ့သောရေဘေးတွင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ထိထိရောက်ရောက်အကူအညီအများ ရရှိအောင်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဦးဆန်းဆင့်သည်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အားစွပ်စွဲပြစ်တင်ရန်အတွက်ပြီးခဲ့သည့်နှစ်အတွင်း ကကြိုးပမ်းခဲ့ဖူးသည်။ ထိုစဉ်ကတို်င်းဒေသကြီးအစိုးရအဖွဲ့ သည်လွှတ်တော်ကိုယ်စားလှယ်များမှတင်သွင်းမည့်မေးခွန်းများ၊အဆိုများနှင့် ပတ်သတ်ပြီးခြိမ်းခြောက်မှုများတားဆီးပိတ်ဆို့မှုများပြုလုပ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သည်လက်ရှိလွှတ်တော်များတွင်ပွင့်လင်းမှုအရှိဆုံးလွတ်တော်အဖြစ်လေ့လာ သူများကသဘောထားများပေးခဲ့ကြသည်။


  www.MyanmarExpress.net
 

3 comments:

သမ္မတကြီးကစီစဉ်တဲ့ကိစ္စပဲဘာလို့မလုပ်ချင်ရတာလဲအလုပ်မဟုတ်တာအလုပ်လုပ်ချင်တာမြန်မာလူမျိုး

လူ ထု က ချစ် နေ ရင် ဆက် ပြိး နေ ပေး စေ ချင် ပါ တယ်



သမ္မတကြီးကစီစဉ်တဲ့ကိစ္စတိုင်း က ကောင်းတာပဲလား
လူထုရဲ့သဘောထားက ဒီမိုကရေစီနမှာ အရေးအကြီးဆုံးပဲ.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်