Subscribe to our RSS Feed

တရားမ၀င်သစ်များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုသတင်း

From : ရဲဇာနည်

 ၂၁-၂-၂၀၁၃ ရက်နေ့ ၁၀၁၅ အချိန် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကူနယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျွဲ/နွားမှောင်ခိုများ သယ်ဆောင်ခြင်း၊ တရားမ၀င်ရွှေတူးဖော်ခြင်း၊ တရားမ၀င်သစ်မှောင်ခိုသယ်ဆောင်ခြင်းများ စုံစမ်း ဖော်ထုတ်ဖမ်းဆီးရန် ရွှေကူဆိပ်ကမ်းမှထွက်ခွာခဲ့ရာ ဧရာဝတီမြစ်၏ မြောက်ဘက်ကမ်း ကြက်တူရွေး နှုတ်သီးကျောက်တောင်အရောက်တွင် မြစ်ကမ်းဘေး၌ လူ ၄/၅ ဦးခန့်မှ ရပ်တန့်ထားသည့် စက်လှေ(၂)စီးပေါ်သို့ သစ်တုံးများတင်ဆောင်နေသည်ကို တွေ့ရှိ၍ စစ်ဆေးရာ လူများထွက်ပြေး သွားပြီး အလျား ၁၂ တောင်ခန့်ရှိ တရုတ်ဟွန်ဒါ အင်ဂျင်တပ် စက်လှေ ၁ စီးနှင့် အလျား ၁၀ တောင် ခန့်ရှိ တရုတ်ဟွန်ဒါအင်ဂျင်တပ် သဗ်္ဗာန် ၁ စီးတို့ပေါ်မှ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၂၄ ချောင်း၊ ၀.၄၁၈ တန်ခန့် တန်ဖိုး ၁၀၄၅၀၀ိ/- ကိုလည်းကောင်း၊ ပူးပေါင်းအဖွဲ့သည် ဧရာဝတီမြစ်တောင်ဘက်ကမ်း မီးသွေးချောင်းအနီး သဲသောင်ပြင်၌ ကျင်း(၃)ကျင်းဖြင့်ဝှက်သိမ်းထားသည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁၆၇ ချောင်း၊ ၂.၅၈ တန်ခန့်၊ တန်ဖိုး ၆၄၅၀၀၀ိ/- ကိုလည်းကောင်း၊ ဧရာဝတီမြစ်၏ တောင်ဘက်ပျောက်ကျစခန်း သဲသောင်ပြင်တွင် သဲများဖြင့်ဖုံးအုပ်ထားသော တရုတ်နိုင်ငံလုပ် SWIS တံဆိပ်ဖြင့် လွှသွားပါချိန်းဆော ၂ ခု၊ လွှသွားမပါချိန်းဆော ၁ ခု၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၉၃ ချောင်း၊ ၁.၇၇၁ တန်ခန့်၊ တန်ဖိုး ၄၄၃၀၀၀ိ/- တို့ကိုလည်းကောင်း ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသော တရားမ၀င်ကျွန်းသစ်ခွဲသားဆိုဒ်စုံ စုစုပေါင်း ၂၈၄ ချောင်း ၄.၇၇ တန်ခန့်၊ တန်ဖိုး ၁၁၉၂၅၀၀ိ/- နှင့် ဆက်စပ်ပစ်္စည်းများအား မြို့နယ်သစ်တောဦးစီးဌာနမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 
www.MyanmarExpress.net

 

2 comments:

ဟား ဟား ဟား ဟား မင်း တို့ ဖမ်း တာက လဲ သွား ကြား ထိုး ဘို့ လုပ် တဲ့ ကောင် တွေ ဖမ်း မိ တာ လား
KIA SSA O သူ ပုန် တွေ ဗြောင် ထုတ် နေ တဲ့ သစ် ကား တွေ ကြ တော့ မ ဖမ်း ရဲ လို့ လား ငါ မြင် ခဲ့ တယ် နော် ဗြောင်း ဆန် နေ အောင် ကား ကြိး ကား ငယ် တွေ နဲ့ တ ရုတ် ပြည် ပို့ နေ တာ ရီစ ရာ ဖြစ် အောင် တော့ အ ဖမ်း မ ပြ ကြ ပါ နဲ့ ကွယ်

Obviously traded by Authorities n cronies!Its only remains!We forgive.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်