Subscribe to our RSS Feed

လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်

From : popular

အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊ လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူးများအတွက် လိုင်စင် ရရှိစေရန် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

သင်တန်းကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ခြောက်သောင်းခွဲ ကုန်ကျမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် တစ်နှစ် နှင့် ရှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါသင်တန်းကျော င်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Park Royal Hotel ၌ ကျင်းပခဲ့သည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်