Subscribe to our RSS Feed

လုပ်သားပြဿနာ ပြေလည်ရန် အလုပ်ရှင်တို့နှင့် တွေ့ဆုံသွားမည်ဟု သမ္မတရုံး ၀န်ကြီးပြောကြား

From :popular

အလုပ်သမားများ၏ ပြဿနာများ ပြေလည်စေရန် အလုပ်ရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

“အလုပ်ရှင်တွေရယ်၊ လေဘာယူနီယမ်၊ အစိုးရရယ် ပူးပေါင်းဆောင်ရွက်ရင် အလုပ်သမားပြဿနာက ပြေလည်နိုင်ပါတယ်”ဟု ဦးစိုးသိန်းက ပြောသည်။

၂၀၁၂ ခုနှစ်အတွင်း အလုပ်သမားများမှ လုပ်ခလစာ၊ လုပ်သားအခွင့်အရေး၊ အဖွဲ့အစည်းဖွဲ့စည်းခြင်း စသည့် ကိစ္စများဖြင့် ဆန္ဒဖော်ထုတ်မှုများ ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခဲ့ကြသည်။

အလုပ်သမားများအနေဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းသည့်အပေါ် အလုပ်ရှင်များအနေဖြင့် အဆိုပါအဖွဲ့အစည်းတွင် ပါဝင်သော အလုပ်သမားများအား လုပ်ခလစာ ထိန်းချုပ်မှုများ ရှိခြင်း၊ အလုပ်ထုတ်ခြင်းများ၊ နေရာရွှေ့ပြောင်းမှုများရှိပြီး အလုပ်ရှင်များအနေဖြင့် အလုပ်သမားဥပဒေများ လိုက်နာမှု အားနည်းနေခြင်းများ ရှိကြောင်း အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်မှ မအိရွှေစင်ညွန့်က ပြောသည်။

“အလုပ်ရှင်တွေနဲ့ ဥပဒေလိုက်နာမှု အားနည်းတာတွေကို အစိုးရက စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီလိုမလုပ်ရင် အလုပ်ရှင်အလုပ်သမား ပြဿနာတွေက ဆက်ဖြစ်နေဦးမှာပဲ”ဟု မအိရွှေစင်ညွန့်က ပြောသည်။

အလုပ်ရှင်များနှင့် အလုပ်သမားများညှိနှိုင်းမှုများ ပြုလုပ်ရာတွင်လည်း အလုပ်ရှင်များမှ ပူးပေါင်းပါဝင်မှုမရှိကြောင်း၊အဆိုပါပြဿနာများပြေလည်စေရန် အလုပ်သမား Center များထားရှိရန်လိုအပ်ကြောင်း အလုပ်သမားအကျိုးဆောင် ရှေ့နေ ဦးဌေးကပြောသည်။

ဆက်လက်၍ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ငြိမ်းချမ်းစွာတောင်းဆိုရာမှာ အလုပ်ရှင်တွေဘက်က အလုပ်ထုတ်တာတွေလုပ်တယ်၊ ဒီလိုဖြစ်နေတာတွေက ကြားခံဖြေရှင်းပေးမှု မရှိသေးတာရယ်၊ အလုပ်ရှင်တွေက ဥပဒေကို အလေးမထားတာတွေကြောင့်ပါ " ဟု ထောက်ပြသည်။

အခြေခံအလုပ်သမားများ၊ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့၌ ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးများ၊ အလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများ ၊ဥပဒေပညာရှင်များ တက်ေ၇ာက်ခဲ့ကြသည်။ ထို ဆွေးနွေးပွဲမှ ရလဒ်များအား သမ္မတထံသို့ တင်ပြပေးသွားမည် ဟု ဝန်ကြီး ဦးစိုးသိန်းက ၎င်းပွဲ၌ပြောကြားခဲ့သည်။

YN

  www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်