Subscribe to our RSS Feed

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အဆိုရှုံးနိမ့်

From : the voice


လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာ နိုင်ငံ တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက် ပြီး လျှပ်စစ် ပြဿနာ ကို ဖြေရှင်းရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်း သည့် အဆိုကို အမျိုးသား လွှတ်တော် တွင် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

ယင်းအဆိုကို ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော် တွင် တင်သွင်း ခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက် နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၁၁၀ ဖြင့် ရှုံးနိမ့် ခဲ့ခြင်း ဖြစ်သည်။

"လျှပ်စစ်ဓာတ်အား လုံလောက်မှ ပြည်ပ နိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှာ။ အနည်းဆုံး တစ်လုံး လောက်တော့ ဆောက်သင့်တယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က ဆိုသည်။

"နိုင်ငံတကာ အကြွေး တွေကိုတောင် မဆပ်နိုင်သေး ဘဲနဲ့ မလုပ်သင့်ဘူး။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိုသာ ဦးစားပေးသင့်တယ်" ဟု မန္တလေး တိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း က ပြောဆိုသည်။

နျူကလီးယား ဓာတ်ပေါင်းဖို မတည်ဆောက် သေးသော်လည်း လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကြောင့် တည်ဆောက်လျှင် အဆင်သင့် ဖြစ်စေရန် အိမ်နီးချင်း နိုင်ငံများ၏ နျူ ဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ်ပုံကို ကြိုတင် လေ့လာသင့်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး က အကြံပြုသည်။


  www.MyanmarExpress.net
 

3 comments:

ရုရှား က ချာနိုဘိုင်း

ဂျပန် ကဖူကူရှီးမား

နည်းပညာအရာမှာထိပ်တန်းနိုင်ငံတွေ

တောင်မှအခက်အခဲဒုက္ခတွေကြုံခဲ့ရတာ

သင်ခန်းစာယူပြီး ကြိုတင်ပြီး

အစီအမံကောင်းကောင်းချပြီးမှ

လုပ်ဆောင်သင့်ပါတယ်။

ကိုယ့် နိုင် ငံ လို အပ် ချက် က လို အပ် ချက် စည်း မျင်း တွေ ကို ကျော် နေ ပါ ပြိ ဒါ တောင် မှ ဓါတ် ပေါင်း ဖို တည် ဆောက် ဘို့ မဲ ရူးံ ရ တယ် လို့ မြန် မာ နိုင် ငံ မှာ တ လုးံ လောက် နော့ ရှိသင့် တယ် မီး မ လင်း တော့ အ စိုး ရ ဘဲ အ ပြစ် တင် ကြ တယ် ဆန္ဒ က ပြ ချင် သေး တယ် ပြည် သူ လူ ထု ရဲ့ သ ဘော သား ကို လဲ ကောက် ပါ အုးံ နိုင် ငံ ရေး သ မား ၈၈ တွေ မ ပါ ပါ စေ နဲ့ သူ တို့ က အစိုး ရ ကို ဘက် တိုက် မှ ကောင်း တယ် ထင် ကြ တာ မြ အေး ဆို ရင် ကြွက် ဥနောက် လောက် ရှိ တာ

နျူကလီးယားနဲ့ဖြစ်ဖြစ်၊ မြစ်ဆုံနဲ့ဖြစ်ဖြစ်၊ ကြက်ဆူဆီနဲ့ဖြစ်ဖြစ်၊ နှမ်းဆီနဲ့ဖြစ်ဖြစ်၊ ရေ နဲ့ဖြစ်ဖြစ်၊ လုပ်ကြဗျာ။ လျှပ်စစ်မီးက အရေးကြီးတယ်ဗျ။ နိုင်ငံစီးပွားရေးအတွက်ပေါ့။ အထူးသဖြင့် လုပ်ငန်းရှင်တွေ အတွက်ပေါ့။ ဒါပေမယ့် ကျုပ်ပြောချင်တာက ရွာကလူတွေလိုနေတာက စိုက်ပျိုးရေးအတွက် အရင်းနှီးဗျ။ လုပ်တာ လုပ်နေရတာ မစားရဘူး။ မသေယုံ ချေးစား အသက်ဆက်နေရတာ အဲဒါကို စဉ်းစားကြဗျို့။ ကျုပ်အမြင်ပြောတာ။ အစိုးရသစ်ဆိုတော့ အကုန်လုံးပူနေရတာ နားလည်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်