Subscribe to our RSS Feed

မြန်မာ့လေကြောင်းမှ လေယာဉ်အဟောင်းတစ်စင်းကို ပြည်သူ့ဥယျာဉ်တွင် ပြသမည်

From : 7day

မြန်မာ့လေကြောင်းမှ နှစ် ၃၀ သက်တမ်းရှိ ဖော်ကာ F 27 အမျိုးအစား လေယာဉ်အား အများပြည်သူများ လေ့လာနိုင်ရန် ပြည်သူ့ ဥယျာဉ်တွင် ထားရှိပြသသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

“F 27 လေယာဉ်ကို မြန်မာနိုင်ငံမှာ နှစ် ၃၀ လောက် မောင်းခဲ့တယ်။ သက်တမ်းကုန်ပြီဖြစ်လို့ ပြည်သူတွေ ပြသဖို့အတွက်ပါပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါလေယာဉ်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ထိုကဲ့သို့လေယာဉ်များ ထားရှိသွားရန်လည်းရှိကြောင်း သတင်းရရှိသည်။

ပြည်သူ့ဥယျာဉ်ဝင်းအတွင်း နက္ခတာရာပြခန်းအနီးရှိ ယခင်ရှေးဟောင်းမီးရထားစက်ခေါင်းထားရှိရာ နေရာအနီး အလုံလမ်း ဘက်ခြမ်းတွင် ပြသရန် လေယာဉ်ဟောင်းကို ပို့ဆောင်ထားပြီး ယမန်နေ့ဖေဖော်ဝါရီ ၂၂ ရက်ညက မင်္ဂလာဒုံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သယ်ယူလာခြင်း ဖြစ်သည်။

အဆိုပါ Fokker F -27 (XYAOZ) လေယာဉ်ကို ၁၉၇၈ ခုနှစ်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး သက်တမ်းကြာရှည်အသုံးပြုပြီး ၂၀၁၀ ခုနှစ် ခုနစ်လပိုင်းတွင် အသုံးပြုမှု ရပ်နားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူးဦးသန်းထိုက်က ပြောသည်။

ဖေဖော်ဝါရီ၂၂ရက်ညက ကမ္ဘာအေးဘုရားလမ်းအတိုင်း ဖော်ကာလေယာဉ်ဟောင်းကို ကားဖြင့်ဆွဲယူလာစဉ်။
 

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်