Subscribe to our RSS Feed

နိုင်ငံပေါင်း တစ်ရာကျော်တွင် အသုံးပြုနေသော China Union Pay ကတ်ကို MPU Network ရှိ အဖွဲ့ဝင်ဘဏ်များ၏ ATM နှင့် POS စက်များတွင် စတင်အသုံးပြုနိုင်

From : eleven


နိုင်ငံပေါင်း တစ်ရာကျော်တွင် အသုံးပြုနေသော China Union Pay ကတ်အား မြန်မာနိုင်ငံ MPU network ရှိ အဖွဲ့ဝင်ဘဏ်များ၏ ATM နှင့် POS စက်များတွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က သတင်းရရှိသည်။

CUP နှင့် MPU တို့သည် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ CUP ကတ်ကိုင်ဆောင်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်
ပါက ငွေကြေးယူဆောင်လာရန် မလိုတော့ကြောင်း၊ MPU အဖွဲ့ဝင်ဘဏ်များ၏ ATM စက် ၁၉၈ လုံးတွင် မြန်မာကျပ်ငွေကို ထုတ်ယူသုံးစွဲနိုင်သည့်အပြင် MPU ၏ POS စက် ၄၅၆ လုံးတွင်
ငွေပေးချေခြင်းကို စတင်ပြုလုပ်နိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက ပြောကြားသည်။

China Union Pay Southeast Asia မှ Chife Representativ က "MPU နဲ့ CUP ပူးပေါင်းဆောင်ရွက်မှုက လေးနက်ခိုင်မာပါတယ်။ CUP က ဆယ်နှစ်ကျော် နိုင်ငံတကာ နယ်ပယ်မှာ စိတ်ချယုံကြည်စွာ သုံးစွဲနေတဲ့ ကတ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ သုံးစွဲနေတဲ့အတွက် သုံးစွဲမှုပမာဏက ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပါတယ်" ဟု ပြောသည်။

ထို့ပြင် အဆိုပါကတ် အသုံးပြုပြီး ငွေပေးချေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားတွင် လွန်စွာအရေးပါကြောင်း၊ CUP အနေနှင့် MPU နှင့်အတူ
နိုင်ငံတကာတွင် အောင်မြင်မှုများကို မျှဝေလိုကြောင်း၊ ယခု CUP ကတ်သည် Payment Card Industry မှာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်" ဟု ပြောသည်။

MPU Network ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် နိုင်ငံပိုင်ဘဏ် သုံးခုအပါအ၀င် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် အဖွဲ့ဝင်ဘဏ်
များမှ MPU Debit Card များကို ပြည်တွင်းတွင် သုံးစွဲနိုင်ရန် စတင်ထုတ်ဝေ
ခဲ့သည်။

လက်ရှိ ပြည်တွင်းတွင် နိုင်ငံတကာ သုံးငွေထုတ်ကတ်များဖြစ်သော Visa, Master, CUP ကတ်များကို သက်ဆိုင်ရာဘဏ်များ၏ ATM စက်များတွင်
ငွေထုတ်ယူနိုင်ပြီး POS စက်အချို့တွင် Visa နှင့် CUP ကတ်များကိုသာ အသုံးပြုနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - MPU နှင့် CUP တို့မှ တာဝန်ရှိသူများကို တွေ့ရစဉ်


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်