Subscribe to our RSS Feed

နိုင်ငံရေး အကျဉ်းသား စာရင်းစိစစ်ရေး ဝန်ကြီးများနှင့် ဆွေးနွေးမည်

From : the voice

သမ္မတရုံး ဝန်ကြီးများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (ထိုင်းနိုင်ငံ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ (နိုင်ကျဉ်း)၊ နိုင်ငံရေး အကျဉ်းသား များ အဖွဲ့ချုပ် (နိုင်ချုပ်)၊ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ အဖွဲ့ တို့၏ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ၍ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက် စနေနေ့တွင် ငြိမ်းချမ်းရေး စင်တာ၌ ဆွေးနွေးမည်ဟု စုံစမ်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် တို့ တက်ရောက်မည် ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့က ဆွေးနွေးခဲ့သည့် နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ် ဖွင့်ဆိုချက်၊ မည်သူတို့ကို လွှတ်ပေးသင့် မသင့်၊ လွှတ်ပေးသည့် မည်သူ များကို သမ္မတ ထံ တင်ပြရေး တို့ကို ဆွေးနွေးမည်ဟု ရှစ်ဆယ့်ရှစ် မျိုးဆက် ဦးတိုးကျော်လှိုင် က ပြောကြားသည်။

စာရင်းများကို စိစစ်နေဆဲ ဖြစ်ပြီး ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားများ စာရင်းအရ တစ်နိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသား အယောက် ၃၀၀ခန့် ကျန်ရှိ နေသေးသည် ဟု ရှစ်ဆယ့်ရှစ် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး က ပြောကြားသည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်