Subscribe to our RSS Feed

၂၀၂၀ ယူရိုဖလား အိမ်ရှင်ဖြစ်ခွင့်ရရန် ဂျာမနီ ကြိုးပမ်း

From : myanma age

၂၀၂၀ ယူရိုဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်
ရရှိရန်အတွက် ဂျာမနီနိုင်ငံသည် ၀င်ရောက်ရွေးချယ်ခံတော့
မည်ဟု ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။

ဂျာမန် ဘွန်ဒက်စ်လီဂါ အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ထိပ်တန်းအသင်းတစ်သင်းဖြစ်သော ဘိုင်ယန်မြူးနစ်
အသင်း၏ အမှုဆောင်အရာရှိချုပ် ရမ်မီနီဂျီက “ကျွန်
တော်တို့ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အာရီနာကွင်းဟာ
၂၀၁၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွေကို ကျင်းပခဲ့ပြီးပါပြီ။ ဥရောပတခွင်မှာလည်း ကျွန်တော်တို့ ကွင်းကို မသိသူ မရှိသလောက်ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံ
အနေနဲ့ ၂၀၂၀ မှာ ယူရိုပွဲတွေ အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေပါပြီ” ဟု ပြောကြားသည်။

၂၀၂၀ ယူရိုဖလားပြိုင်ပွဲကို မြို့တော် ၁၃ မြို့တွင် ကျင်းပရမည်
ဖြစ်ပြီး နောက်ဆုံး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကို အကောင်း
ဆုံး ကွင်းတစ်ကွင်းတွင် ကျင်းပရမည်ဖြစ်ကြောင်း ဥရောပဘော
လုံးအဖွဲ့ချုပ် အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘိုင်ယန်မြူးနစ်အသင်း စီအီးအို ရမ်မီနီဂျီက မိမိတို့အသင်း အိမ်ကွင်းတွင် နောက်ဆုံးဗိုလ်လုပွဲစဉ်များ ကျင်းပရန်အတွက် အလွန်သင့်လျှော်ကြောင်းလည်း ပြောကြားသည်။

၂၀၂၀ ယူရိုဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်
ရရန်အတွက် စာရင်းတင်သွင်းထားသော နိုင်ငံများမှာ တူရကီ၊ စကော့တလန်၊ အိုင်ယာလန်၊ ဝေးလ်၊ ဂျော်ဂျီယာနှင့် အဇာဘိုင်ဂျန်
နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

ယူရိုဖလားပြိုင်ပွဲကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၆ ယူရိုဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည့် နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ 





 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်