Subscribe to our RSS Feed

မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ မကြာမီဖွဲ့မည်

From :rfa

အဲ့ဒီအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ရုံးတို့က ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ၀င်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြား လိုက်တာပါ။

ဒါ့အပြင် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်ကလည်း တရားရုံးတွေမှာ DNA စစ်ဆေးချက်တွေကို သက်သေခံအဖြစ်နဲ့ အသုံးပြုခွင့်ပေးတယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဒီမေးမြန်းချက်ကို ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးအေးက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့ပြီး ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ရုံးတို့က ပြန်လည် ဖြေကြားတာ ဖြစ်ပါတယ်။
  www.MyanmarExpress.net
 

4 comments:

ရေးထားတာမရှင်းပါ။ ဘယ်သူ့ DNA ကိုစစ်မှာလဲ..?ဘယ် သူ့အတွက်လဲ..?ဘာ့ကြောင့်စစ်မှာလဲ..?ဘယ်လိုစစ်မှာလဲ.? ဘယ်နေရာမှာစစ်မှာလဲ..?ဘယ်အချိန် စစ်မှာလဲ..?

နောက်တစ်ခေါက်ပြန်ဖတ်ပါ။အပြစ်တင်မစောပါနဲ့။
DNA ကိုစစ်ဆေးမယ့်အဖွဲ့တရားဝင်ဖွဲ့နိုင်ဖို့အတွက် သုံးပွင့်ဆိုင်သဘောတူပြီးအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ဆုံးဖြတ်လိုက်ကြတာ။အဲဒီလိုပဲ DNA သကိသေခံချက်ကို တရားရုံးကလည်းအခြားသက်သေခံချက်များကဲ့သို့တရားဝင်အသိအမှတိပြုမယ်လို့တင်္ရားရေးကခွင့်ပြုတာကိုပြောတာ ။ သေသေချာချာဖတ်ကြည့်ပါ။

အဲဒါတော့သိတာပေါ့ဟ။ ဒီသတင်းခေါင်းစဉ်နဲ့ ဟိုကောင် မလေးပုံကို တွဲပြီးတင်ထားလို့မေးတာ။ သတင်းနဲ့ဓါတ်ပုံကို မရှင်း မရှင်းဖြစ်အောင် ရောပြီးမတင်ကြနဲ့လေ။ ဒီသတင်း နဲ့ဒီပုံကို တွဲပြီးတင်တော့ ဒီကောင်မလေးရဲ့ DNA ကိုပဲစစ် မယ့်သဘော ဖြစ်မနေဘူးလား။ ဒီကောင်မလေးက ဒေါ်စု သမီးဆိုပြီး ကောလဟလတွေ ထွက်နေတာလေ။မရှင်း မ ရှင်းဆိုတာ ဒါမျိုးပြောတာ။ အာရုံနောက်အောင် မလုပ်ကြ ပါနဲ့။

တစ်ယောက်ကျော်ကငတိ။ဒါလေးတောင်မသိပဲဆရာကြီး ဝင်လုပ်နေရလား? အပေါ်ကသယ်ချင်းပြောတာမှန်တယ် DNA စစ်မှာက ဘယ်သူ့ကိုလဲ.? ရှင်းအောင်ရေးပါ ME

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်