Subscribe to our RSS Feed

မူးယစ်ဆေးဝါးသုံးစွဲသူများပြားနေခြင်းကြောင့် ဖမ်းဆီးအရေးယူမှုပြုလုပ်ပေးရန် ဒေသခံများလိုလား

From : http://www.kachindailynews.com/2013/02/blog-post_5495.html


ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါး သုံးစွဲသူ တွေများပြားနေပါတယ်။ အဲဒီရွာမှာနေထိုင်ကြသူတွေဟာကချင်လူမျိုးတွေဖြစ်ပြီး ဒီမူးယစ်ဆေးဝါးတွေ ဟာKIA တပ်ဖွဲ့တွေကနေရရှိတဲ့မူးယစ်ဆေးဝါးဖြစ်ပါတယ်။ ကျေးရွာမှာရှိကြတဲ့ ရွာသူရွာသားတစ်ဝက်ကျော် ကျော်ဟာ မူးယစ်ဆေးဝါးကို မသုံးဘဲ မနေနိုင်တဲ့အနေအထားကိုရောက်နေကြပါတယ်။ဒါကြောင့် မူးယစ် ဆေးဝါးကို ဖြန့်ဖြူးရောင်းချနေတဲ့ ဦးဂွန်ဖနော်ရဲ့ အိမ်မှာ လူဝင်လူထွက်စည်ကားနေပါတယ်။ ဖားကန့်နယ်မြေမှာ တော့ မူးယစ်ဆေးဝါးဟာ တရားဝင်ရောင်းကုန်ပစ္စည်းဖြစ်နေပါတယ်။
ဒွန်ဘန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်နန်ဒူ အနေနဲ့ သူတို့ကချင်အမျိုးသားအချင်းချင်းဖြစ်တဲ့အတွက်
မူးယစ်ဆေးဝါးရောင်းနေတဲ့ ဦးဂွန်ဖနော်ကို မဖမ်းဆီးဘဲ မသိချင်ယောင်နေတယ်လို့သိရပါတယ်။ ဒွန်ဘန်ရွာ သားတစ်ဦးဖြစ်တဲ့ မရန်ဘောက်ကတော့`` အုပ်ချုပ်ရေးမှူးက ကိုယ့်လူမျိုးအချင်းချင်းမဖမ်းချင်တာလဲပါတယ်။ ဦးဂွန်ဖနော်က KIA နဲ့အဆက်အသွယ်ရှိတော့ ကြောက်တာလဲပါပါတယ်။ ပြီးတော့ ဦးထိန်နန်ဒူအနေနဲ့သူကိုယ် တိုင်လဲ မူးယစ်ဆေးဝါးကိုစွဲစွဲလန်းလန်းသုံးစွဲနေတဲ့အတွက် သူများကိုမပြောတာလဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မူးယစ်ဆေးဝါးဟာ ကလေးလူကြီးအားလုံးအတွက် အလွန်အန္တရာယ်များလှပါတယ်`` လို့ပြောပါတယ်။
ဖားကန့်မြိ့နယ်မှာ ဒွန်ဘန်ကျေးရွာလို အခြားရွာတော်တော်များများမှာလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကြွ ဆေးတွေ သုံးစွဲသူတွေများပြားလာနေတဲ့အတွက် သက်ဆိုင်ရာက လာရောက်စစ်ဆေးအရေးယူပေးသင့်တယ် ပါတယ်။ အထူးသဖြင့် ကလေးတွေ စာမေးပွဲဖြေဆိုကြတော့မယ့်အခုလို အချိန်အခါမှာ မူးယစ်ဆေးဝါးအန္တရာယ် ဟာ တကယ့်ကိုကြီးထွားလာနေတယ်လို့လဲလို့ ဒေသခံပြည်သူတွေပြောဆိုနေကြပါတယ်။  


 www.MyanmarExpress.net
 

1 comments:

Myanmar Extremist Group imported into our country with the help of KHUN SAR. He is living happily with meg's father in law army officers(Read in Than Daw Sint ).

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်