Subscribe to our RSS Feed

အစိုးရနှင့် ကေအိုင်အိုထပ်မံတွေ့ဆုံဆွေးနွေးရန် မတ်လ ပထမပတ်တွင်ဖြစ်ဖွယ်ရှိ

From : 7day


အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နှင့်ထပ်မံတွေ့ဆုံဆွေးနွေးရန်မှာမတ်လပထမပတ်အတွင်းတွင်ဖြစ်နိုင်လိမ့်မည်ဟုခန့်မှန်းကြောင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ပြောကြားလိုက်သည်။
တိုက်ပွဲများအရှိန်မြင့်ဖြစ်ပွားပြီးနောက် ပထမအကြိမ်ပြန်လည်တွေ့ဆုံခြင်းကို တရုတ်အစိုးရ၏ကြားဝင်ကူညီမှု့ဖြင့် ဖေဖ၀ါရီ ၄ရက်က တရုတ်နိုင် ငံရွှေလီမြို့ တွင်တွေ့ဆုံခဲ့ပြီး ဖေဖ၀ါရီလမကုန်မီ ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံရန် သဘောတူညီခဲ့ကြသည်။
“ရွှေလီ(အစည်းအဝေး)ကရက်ချိန်းတောင်းနေတုန်း။ရက်ချိန်းရရင်သွားကြမှာ။မတ်လပထမပတ်လောက်ဖြစ်မလားမသိဘူး။ တွက်ကြည့်တာပေါ့။ ”ဟု ၀န်ကြီး ဦးအောင်မင်းက ယနေ့မြန်မာငြိမ်းချမ်းရေးစင်တာ တွင် ပြုလုပ်သော အလုပ် သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ ၏အမေး ကို ဖြေကြားသည်။
ယခုထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲတွင် တပ်များနေရာချထားရေး ကိစ္စကို ဆွေးနွေး သွားနိုင်ဖွယ်ရှိကြောင်းလည်း သတင်းထောက်များ၏မေးမြန်း မှု့ကို ၀န်ကြီးကဖြေကြားခဲ့သည်။
“ဒီတစ်ခေါက်တော့ သူတို့တပ်နေရာတွေပေးမယ်ထင်တာပေါ့။တစ်ထိုင်တည်း ဆုံးဖြတ်ဖို့ကတော့ မဖြစ်နိုင်သေးဘူးထင်တယ်” ဟုပြောကြားသည်။
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ညီညွှတ်သောတိုင်းရင်းသား များဖက်ဒရယ်ကောင်စီ(UNFC) နှင့် ပထမအကြိမ်နိုင်ငံရေးဆွေးနွေးပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့် Framework meeting ကို ပြီးခဲ့သော ဖေဖ၀ါရီလ ၂၀ရက်က ပြုလုပ်ခဲ့ပြီး ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီချက်ရရှိခဲ့ကာ ထိုအစည်းအဝေးရလဒ်ကိုလည်း အားရကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။


  www.MyanmarExpress.net
 

1 comments:

ကချင် သူ ပုန် ယုံ တော့ သစ် နဲ့ ကျောက် စိမ်း တွေ ကုန် တရုတ် ယုံ တော့ က ချင် နဲ့ ရှမ်း နယ် စပ် က မြေ တွေ တ ရုတ် မြေ ဖြစ် ကုန် ရော

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်