Subscribe to our RSS Feed

ကမ္ဘောဒီးယားမှ ထိုင်း-မြန်မာနယ်စပ်သို့ လျင်မြန်စွာ ပြန့်ပွားလာသော ဆေးယဉ်လာသည့် ငှက်ဖျားရောဂါပိုး

From : ဇာဇာစိုး


ဆေးဝါးကုသမှုကို ခံနိုင်ရည်ရှိသော ဆေးယဉ်လာသည့် သေစေလောက်သော ငှက်ဖျားရောဂါသည် ကမ္ဘောဒီးယားမှ ထိုင်းမြန်မာ နယ်စပ်သို့ လျင်မြန်စွာ ပြန့်ပွားလာနေပြီး ထိန်းမရသော ကပ်ရောဂါတစ်ခုအဖြစ် စိုးရိမ်မှုများတိုးပွားနေကြောင်း သိပ္ပံပညာရှင်များက ဧပြီလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
၎င်းရောဂါသည် နယ်ပယ်သစ်တစ်ခုသို့ မည်သို့ လျင်မြန်စွာရွေ့လျားနိုင်ကြောင်းကို The Lancet ကျန်းမာရေးဆိုင်ရာ သတင်း ၀က်ဘ်ဆိုက်နှင့် Science သတင်းဂျာနယ်တို့တွင် လေ့လာမှုနှစ်ခုဖြင့် ဖော်ပြခဲ့ပြီး အသက်ဆက် ရှင်နိုင်ရန် သန္ဓေပြောင်းလဲခြင်းကို ဖြစ် ပေါ်စေနိုင်သော ကပ်ပါးပိုးမျိုးရိုးဗီဇ အစိတ်အပိုင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။
ငှက်ဖျားရောဂါသည် ခြင်မှပေါက်ဖွားသော ရောဂါတစ်မျိုးဖြစ်ပြီး အများအား ဖြင့် ပလာစမိုဒီယမ် ဖာစီပါရမ် Plasmodium falciparum ကပ်ပါးပိုး ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး တစ်နှစ်လျှင် လူ ၁ ဒသမ နှစ်သန်းကျော်အား သေဆုံး စေကြောင်း အမေရိကန်၊ ဆီယက်တဲလ် မြို့ ၀ါရှင်တန်တက္ကသိုလ်ရှိ ကျန်းမာရေး ဆိုင်ရာ မက်ဒရစ်နှင့်တန် ဖိုးဖြတ်မှုဌာနမှ ပြုလုပ်သော ၂၀၁၀ ခန့်မှန်းခြေစာရင်းများအရ သိရသည်။
ငှက်ဖျားရောဂါသည် လက်ရှိစံသတ် မှတ်ထားသော ရောဂါကုထုံး artemisinin နှင့်ကုသော ကုသမှုကို ခံနိုင်ရည် ရှိကြောင်းကို ၂၀၀၆ ခုနှစ်က ကမ္ဘောဒီးယားတွင် အတည်ပြုခဲ့ပြီးသည့်နောက် ၎င်းငှက်ဖျားရောဂါသည် အနောက်ဘက် ကီလိုမီတာ၈၀၀(မိုင် ၅၀၀) ရှိ ထိုင်း- မြန်မာနယ်စပ်ဘက်သို့ လျင်မြန်စွာ ပျံ့နှံလာနေကြောင်း သုတေတီများက ဆိုသည်။
မြန်မာနိုင်ငံအနီး ထိုင်းနိုင်ငံနယ်စပ် အနောက်မြောက်ဘက်တကြောရှိ လူနာ ၃,၂၀၂ ယောက်ကို ၂၀၀၁ မှ ၂၀၁၀ အထိ လေ့လာ မှုပြု၍ ဆေးကုသမှုအပြီး လူနာ များ၏သွေးမှ ငှက်ဖျားပိုးကူးစက်မှုအား ရှင်းထုတ်ရန် ကြာမြင့်မှုအချိန်ကို တိုင်းတာခဲ့ရာမှ ဆေးဒဏ် ခံနိုင်မှုတွင် တစ်စ တစ်စ တိုးပွားလာသည့်ဖြစ်ရပ်တစ်ခုကို သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါရောဂါပိုးကူးစက်မှုအား ဖယ်ရှားရာတွင် အချိန်ကြာမြင့်လာသည့် အရေအတွက်သည် ၂၀၀၁ က ကုသမှု ခံယူနေသော လူနာများ၏ သုည ဒသမ ၆ ရာခိုင်နှုန်းတွင်ရှိရာမှ ၂၀၁၀တွင် ၂၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။
ကမ္ဘောဒီးယားအနောက်ပိုင်းရှိ ငှက် ဖျားလူနာ ၄၂ ရာခိုင်နှုန်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ အတွင်း ဆေးဒဏ်ခံနိုင်မှုရှိကြောင်းကို တွေ့ရှိခဲ့ရပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသသည်လည်း ကမ္ဘောဒီးယား၏ ဆေးဒဏ်ခံနိုင်သော အရေအတွက်သို့ လျင်မြန်စွာ ရောက်ရှိနေ ကြောင်း သိရသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်