မြန်မာ့ဒီမိုကရေစီ ဖခင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၈၀) ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၂၀၄ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးတို့ကို ယနေ့မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည်။ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။
Myanmar Express
Myanmar Express
2 comments:
တို့  သမတ က တော် ပြိးသား က:-)
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကတော့နိုင်ငံရဲ့ဖခင်တစ်ဦးပမာ
နိုင်ငံတော်တိုးတက်ရေးအတွက်နဲ့ ငြိမ်းချမ်းရေးအတွက်နည်းမျိုးစုံနဲ့ ဆောင်
ရွက်ပေးတာကို တို့နိုင်ငံအတွက် ဖခင်ကောင်းတစ်ယောက်ရလေခြင်းဆိုပြီး
ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ....နိုင်ငံခြားရောက်နေတဲ့ မြန်မာလူမျိုးတွေကိုလည်း ပြန်ခေါ်နေတာတွေ့နေရပါတယ်..ဒါပေမဲ့လည်း...တိုင်းပြည်တာဝန်တွေကိုထမ်းဆောင်ခဲ့ကြပြီး စားဝတ်နေရေးနဲ့ အထက်
အောက်ဖိနှိပ့်အုပ်ချုပ်မှု့များကြောင့် မနေနိုင်လို့ ထွက်ပြေးခဲ့ကြတဲ့
တပ်ပြေး / ရဲပြေးတွေအတွက်ကြတော့ ပြစ်ဒဏ်လျှော့ပေးခြင်း
လျှော်ပေးခြင်းတွေ မလုပ်ပေးဘူးလားဗျာ..( ၁ )နှစ်ဆိုတာကြီးက
များလွန်းပြီး ရပ်ကွက်အတွင်းမှာလည်းနေရတာ အလွန်မျက်နှာငယ်ရ
ပါတယ်ဆိုတာ မြန်မာ့ဒီမိုကရေစီ ဖခင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် တစ်ယောက်ကိုသိစေချင်လိုက်ပါတယ်ဗျာ..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်