Subscribe to our RSS Feed

ဦးဝင်းတင်ဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရဲတိုက်ဖောင်ဒေးရှင်း ဆိုပြီး အားတိုင်း ဖောင်ဒေးရှင်းနေသော်လည်း ရခိုင်ဒုက္ခသည်တွေဆီ တစ်ခုမှ မရောက်


ယခု နှစ်ပိုင်းအတွင်း ခေတ်စားလာတဲ့ ဖောင်ဒေးရှင်း ခေတ်အရ မှိုလိုပေါက်လာတဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရဲတိုက်ဖောင်ဒေးရှင်း၊ ရွှေမင်းသားဖောင်းဒေးရှင်း ဆိုပြီး အားတိုင်း ဖောင်ဒေးရှင်းနေသော်လည်း ရခိုင်ပြည်နယ်က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေ၊ ဒုက္ခသည်တွေဆီကိုတော့ တစ်ခုမှမရောက်ပဲ ဖောင်ဒေးရှင်း အမည်ခံပြီး ရန်ပုံငွေရှာ ကာ ကိုယ်ကျိုးအတွက်သာ သုံးနေကြောင်း ရန်ကုန်မြို့ ရှိ ဒေသ ခံများက ဆိုပါတယ်။

ဆက်တိုက်ဆိုသလို ဖောင်ဒေးရှင်းက အလှူငွေကောက်တာတွေ၊ ရန်ပုံငွေရှာဖွေတာတွေ ရှိခဲ့ပေမယ့် တကယ် ဒုက္ခရောက်နေတဲ့ သူတွေဆီကို မရောက်ဘူးလို့ သိရပါတယ်။ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း မှ လူအချို့ကို ကူညီနေသော်လည်း အားလုံးက ဦးဝင်တင် ရဲ့ ဆွေမျိုးများ ဖြစ်ပြီး NLD ကို ထောက်ခံမှ သာ ကူညီနေကြောင်း သိရပါတယ်။

ဘင်္ဂလား မြန်မာနယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းခြေတလျှောက်ရှိ ရခိုင်ကျေးရွာတချို့တွင် စားဝတ် နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရပါတယ်။


အခုလို အကူအညီလိုအပ်နေတဲ့ ကျေးရွာများမှာ ငခူရ၊ အောက်ပြုံးမ၊ အထက်ပြုံးမ၊ ရွက်ညှိုးတောင်၊ ခြံပြင်ကျေးရွာ၊ မြို့သစ်၊ ရေမျက်တောင်အပါအ၀င် နတ်မြစ်တလျှောက်ရှိ ရခိုင် ကျေးရွာပေါင်း ၁၀ နီးပါးရှိ ကြောင်း သိရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ခြင်း မရှိခဲ့သော်လည်း ဆူပူမှုများဖြစ်ပြီး နောက်ပိုင်းတွင် ခရီးသွားလာမှုများ လုံးဝရပ်တန့်သွားသည့် အတွက် ယခုကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့နေကြရခြင်းဖြစ်ပါတယ်။

ဆူပူမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါ ကျေးရွာများသို့ “အကိုထွေးနှင့် အဖွဲ့”မှ ဆန် ၈၅ အိပ် လှူးဒါန်းပြီးနောက် နောက်ထပ်လုံးဝ အကူအညီ မရသေးကြောင်း သိရပါတယ်။

NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မွတ်ဆလင်ဘာသာမှ ဗုဒ္ဓဘာသာ ပြောင်းသွားတဲ့ ရဲတိုက် ဟာ မွတ်ဆလင်-ရခိုင် အရေးအခင်းကြောင့် ဒုက္ခရောက်နေသူ ရခိုင်ပြည်သူများသို့ ရုပ်ရှင် အစည်းအရုံး တစ်ခုလုံး သွားရောက် ကူညီခဲ့တာတောင် ရခိုင်သား ရဲတိုက် က လုံးဝ မလိုက်ပဲ ဗုဒ္ဓဘာသာကို နာမည်ခံသာ ကိုးကွယ်ပြီး မွတ်ဆလင် ဘက်မှ ရပ်တည်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးထွက်လာတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကလည်း နေ့စဉ်နှင့်အမျှ အလှူငွေတွေကို သိမ်းကြုံးယူနေတာကိုသာ တွေ့ရပြီး ဘယ်လိုသုံးပြီး ဘယ်လိုကုန်တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိရသေးဘူးလို့ သိရပါတယ်။

ရခိုင်ဒသမှ ဒုက္ခသည်များမှာ နိုင်ငံခြား အကူအညီများကို လုံးဝ မယူကြပဲ ပြည်တွင်းမှ ဖောင်ဒေးရှင်းများနဲ့ အစိုးရရဲ့ အကူအညီ ကိုသာ လက်ခံလျှက်ရှိပေမယ့် ပြေတီဦးဖောင်ဒေးရှင်း တစ်ခု သာ လာရောက်ကူညီကြောင်း သိရပါတယ်။

Google တွင်နေရာယူနေသော လူထုအတွက် အသုံးမကျတဲ့ နာမည်ခံဖောင်ဒေးရှင်းများ

လွှတ်တော်အစည်းအဝေး စတင်သည့်နေ့မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်တိုင်းရင်းသားတို့အတွက် အလှူငွေများ ပေးအပ်သွားကြောင်း သိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်