From : ခေတ်လူငယ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံသွားရန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။ “မည်ကာမတ္တ တွေ့ဆုံခြင်းမျိုး၊ ဓာတ်ပုံဖော်ပြရုံလောက် တွေ့ဆုံခြင်းမျိုး မဟုတ်မှာကတော့ သေချာပါတယ်။ သေချာတာကတော့ ပြည်သူအတွက် အကျိုးရှိစေမယ့် ဆွေးနွေးမှုတွေကိုပဲ ကျွန်တော်တို့ ပြုလုပ်သွားမှာပါ။ တွေ့တဲ့အခါကျရင်လည်း ကျွန်တော်တို့ အားလုံးကို ပြန်ပြီး ထုတ်ပြန်သွားမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါသည်။ တွေ့ဆုံမှုအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် နေ့ရက်ကို စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်သမ္မတသည် ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

2 comments:
ဒီခွေးသား ပြည်ပြေးထောင်ထွက်တွေကို တွေ့စရာအကြောင်းမရှိဘူး
နုတ်ျနုတ်စင်းပြီး ခွေးစာကျွေးပစ်လိုက် ဆန်ကုန်မြေလေးတွေ
ဒီကျောင်းသားအယောင်ဆောင်တွေက သမ္မတကြီးနဲ့တွေ့ဖို့
တန်လို့လား။ သမ္မတကြီးခင်ဗျား တိုင်ပြည်အပေါ်သစ္စာရှိသူ
အားလုံး သမ္မတကြီးနောက်မှာ ရှိနေပါတယ်။ သမ္မတကြီးရဲ့
တိုင်းပြည်အပေါ်ထားတဲ့ စေတနာကိုလည်း ယုံကြည်နေပါ
တယ်။ ဒီလိုဘာမဟုတ်တဲ့ ဝေလေလေတွေနဲ့တွေ့မယ့်အစား
နိုင်ငံတော်အတွက် အမှန်တကယ်အလုပ်လုပ်နေတဲ့ ပြည်သူ
တွေကိုသာ တွေ့ဆုံလမ်းညွှန်မှုများ ပြုလုပ်ပေးစေချင်ပါ
တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်