Subscribe to our RSS Feed

တစ်သောင်းတန် က ဒေါင်းအလံ ထက် သာတယ်

From : Tun Wai

ကျွန်တော်တို့ နိုင်ငံမှာ အဖွဲ့အစည်းပေါင်းစုံက အလံတွေ ပေါများနေကြတာ ဒီ တိရစ္ဆာန် ဒေါင်းကပဲ မင်းမူနေလိုက်ကြတာ လွန်ရောလွန်ရော ပါလား။ ဘာကြောင့်များ အလံတွေ လွှင့်ပြီး အလေးပြု နေကြတာလဲ နော်။ တိရစ္ဆာန်မဟုတ်တဲ့ တခြားအရာတွေ ဘယ်ရောက်ဘယ်ပျောက် သွားပြီလဲမသိဘူးနော်..။ ပြီးရင် အာချောင်ပြန်ပြီလေ ရိုးရိုးဒေါင်းမဟုတ်ဘူး၊ ခွတ်ဒေါင်းလို့ ဆိုထားပါတယ်.။ သူ့ဘာသူ ခွတ်ဒေါင်းဖြစ်ဖြစ် ဘာဒေါင်းဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပါပဲ။ အဲလို လူ့ထက် နိမ့်တဲ့ တိရစ္ဆာကို အိမ်မှာ ချိတ်ထားကြ၊ နဖူး မှာ ကပ်ကြ၊ အလံလွှင့်ပြီး အလေးပြုနေကြမှတော့ အဲဒီ လူတွေက တိရစ္ဆာန်ထက်ကို နိမ့်ကျလို့ပေါ့။ ပြုပြင်ပြောင်းလေးရေး ကြောင့် ကမ္ဘာက အစိုးရကို ချီးကျုးနေချိန်မှာ အတိုက်အခံတို့ဖက်ကလည်း အလံပေါ်က တိရစ္ဆာန်ပုံကို ပြောင်းလဲသင့်ပါပြီ။



ဗုဒ္ဓဘာသာဝင် များတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုအဖွဲ့အစည်းပဲ ဖြစ်ဖြစ် တိရစ္ဆာန်ကို အလံလွှင့် ထားရင် စိတ်ပျက်စရာပါပဲ။ စတုတ္ထမဏ္ဏိုင် ဆိုတဲ့ Eleven Media ကလည်း ဂယောင်ချောက်ခြားပါဘဲ။ Eleven လောက် ပြည်သူ့ကို ဘယ်မီဒီယာကမှ အကျိုးမပြုဘူး ဆိုပြီး အခု တော့ ငဖားကြီးလုံးလုံးကို ဖြစ်နေပါတယ်။


အစိုးရလုပ်သမျှ အပြစ်မြင်တဲ့ အတိုက်အခံတွေကလည်း အခု ကျတော့ ငွေထုတ်လို့ ကုန်ဈေးနှုံးတတ်တယ်ပေါ့။ ကမ္ဘာက မြန်မာကို စိတ်ဝင်စားလို့ ဧည့်သည်တွေလာရင် နိုင်ငံခြား ဧည့်သည်တွေက ပိုက်ဆံကို အုပ်လိုက်ကိုင်ပြီး သုံးကြပါ့မလား။ နဲနဲပါးပါး ဦးနောက်လဲနဲ့ ချင့်ချိန် ပြောကြပါအုံး။ လစာ မတိုးတော့လည်း ဝန်ထမ်းတွေ အဆင်မပြေဘူးပြောတယ်။ လစာ တိုးမယ်ဆိုတော့ ငွေကြေးဖောင်းပွမယ်ပြောတယ်။ ဝန်ထမ်းတွေ အကုန် လစာ လျှော့ပြီး ငွေစက္ကူတွေကို တစ်သောင်းတန် မထုတ်ပဲ တစ်ကျပ်တန် တွေ ပဲ ထုတ်လိုက်ရင် ကုန်ဈေးနှုံးတွေ ကျမတဲ့လား...။ ညံ့လိုက်တဲ့ အတိုက်အခံများ။

မကြာသေးခင်ကလည်း မြို့ ၃ ၊ ၄ မြို့ မှာ လူ ၁၀၀ စီလောက် က အားလို့ လမ်းပေါ် ဖယေင်းတိုင် တက်ထွန်းတာကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတယ်ဆိုပြီး ပုံကြီးချဲ့ကြပြန်တယ်။ အဲဒီအကြောင်း မသိလိုက်တဲ့လူတွေက တနိုင်ငံလုံးက လူအင်အားရဲ့ ၉၀% ရှိတယ်။ မေးမြန်းကြည့်ကြပါအုံး။
နောက်တမျိုးက က တိုင်းရင်းသား ပြည်သူ အချင်းချင်းဖြစ်တဲ့ ရခိုင် တွေကို မွတ်ဆလင်တွေက အတင်းအဓမ္မကျင့်၊ သတ်ဖြတ်တုန်းက အဲဒီ ဒေါင်းအလံလွှင့်ထားတဲ့ ကျောင်းသားတွေရော၊ ပါတီတွေရောက မသိကျိုးကျွန် ပြုနေကြပြီး ကုလားတွေသေမှ ချစ်ပြနေလိုကကြတာ၊ ကိုယ်ချင်းစာနေလိုက်ကြတာလေ။


နောက်ဆုံးပြောချင်တာကတော့ တိရစ္ဆာန်ကို ချစ်လှပါပြီဆိုရင် အိမ်မှာ မွေးထားပါ။ အိတ်ထဲထည့်ပြီး သွားလေရာ ယူသွားပါ။ ဒါပေမယ့် အလံလွှင့်ပြီး အလေးမပြုကြပါနဲ့၊ စတေကာထုတ်ပြီး နဖူး မှာ မကပ်ကြပါနဲ့။ တိရစ္ဆာကိုမှ ကိုးကွယ်ချင်ရင် ဘုရား မုဒ်ဦးဝတွေမှာ ဆင်တွေ၊ ခြင်္သေ့တွေ ရှိပါတယ်။ ကိုးကွယ်ပါ။ ခြေတစ်ဖက် ကျိုးနေတဲ့ ဒေါင်းကိုတော့ ဦးညွတ်အလေးမပြုကြပါနဲ့တော့...
Myanmar Express

2 comments:

'လစာ မတိုးတော့လည်း ဝန်ထမ်းတွေ အဆင်မပြေဘူးပြောတယ်။ လစာ တိုးမယ်ဆိုတော့ ငွေကြေးဖောင်းပွမယ်ပြောတယ်။ ဝန်ထမ်းတွေ အကုန် လစာ လျှော့ပြီး ငွေစက္ကူတွေကို တစ်သောင်းတန် မထုတ်ပဲ တစ်ကျပ်တန် တွေ ပဲ ထုတ်လိုက်ရင် ကုန်ဈေးနှုံးတွေ ကျမတဲ့လား...။ ညံ့လိုက်တဲ့ အတိုက်အခံများ။' ကောင်းလိုက်တဲ့ စာသား
'ခြေတစ်ဖက် ကျိုးနေတဲ့ ဒေါင်းကိုတော့ ဦးညွတ်အလေးမပြုကြပါနဲ့တော့...' ကြိုက်တယ်

I agree that animal is animal. But 'SYMBOL' can be anything. It depend on your point of view.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်