ခေတ်မှီ တိုးတက်နေသော နိုင်ငံတိုင် နူကလီးယား စွမ်းအင်ကို ပိုင်ဆိုင်လျှက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ရုရှား အကူအညီဖြင့် နူကလီးယား ဓတ်ပေါင်းဖိုများ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း အတိုက်အခံအချို့၏ ကန့်ကွက်မှုကြောင့် ဖျက်သိမ်းလိုက်ရသည်။ အိမ်နီးချင်း မွတ်ဆလင် တို့၏ ဘင်္ဂလာဒေခ်ျ့တွင် ယခုနှစ်မှ စပြီး ရုရှား အကူအညီဖြင့် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်တော့မည်ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် အတွက် နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ တည်ဆောက်ရန် ရုရှားနှင့် ဇွန်လ ၄ ရက်နေ့က သဘောတူညီမူ စာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့ကြသည်။
ရုရှားနိုင်ငံမှ ဓါတ်ပေါင်းဖိုများ။
ရုရှားနှင့် ဘင်္ဂလာဒေခ်ျ့အကြား အဓိက သဘောတူညီမူ နားလည်မူ စာချွန်လွှာနှစ်ခုကို ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ဇွန်လ၄ ရက်နေ့က ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသား ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ ဘက်က သိပ္ပံနှင့် နည်းပညာဝန်ကြီး Yeafesh Osman နှင့် ရုရှားဘက်မှ စွမ်းအင်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Sergey Kirienko တို့ တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
သဘောတူညီမူ နှစ်ခုတွင် ပထမ တစ်ခုမှာ နျူကလီးယားသုံး ဓါတ်ပေါင်းဖိုများ အတွက် ရုရှားမှ အတတ်ပညာရှင်များ အပါအ၀င် လူသားဆိုင်ရာ အရင်းအမြစ်များ ကူညီ် ပံ့ပိုးရန် အတွက် သဘောတူညီချက် ဖြစ်ကြောင်း သတင်းများက ရေးသား ဖေါ်ပြသည်။
ဒုတိယ အချက်အနေဖြင့် နျူကလီးယား စွမ်းအင်နှင့် နျူကလီးယား ဓါတ်အားပေး စက်ရုံနှင့် ပတ်သက်ပြီး လူထုအား အသိပေး ရန်အတွက် သတင်းပြန်ကြားရေး စင်တာ တစ်ခုကို ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဖွင့်လှစ်ရန် ဖြစ်သည်။
ယခုနှစ် အချိန်တို အတွင်းတွင်ပင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ မြို့တော် ဒက္ကားတွင် အဆိုပါ သတင်းပြန်ကြားရေး Information Center အားဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ အနေဖြင့် ရုရှား အကူအညီဖြင့် နျူကလီးယား ဓါတ်အားပေး စက်ရုံ (၂) ခုကို Rooppur ဒေသတွင် များမကြာမီ စတင် တည်ဆောက်မည်ဟု အာဏာပိုင်များက ပြောသည်။
နှစ်နိုင်ငံ အကြား သဘောတူညီချက် ရရှိပြီးနောက် ရုရှားမှ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဖွဲ့သည် လာမည့် အပတ်တွင် ဒက္ကားမြို့ကို ရောက်ရှိလာမည် ဖြစ်ပြီး အသေးစိတ် လုပ်ငန်း အချက်အလက်များကို အကောင်အတည် ဖေါ် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် မြို့ရော တောပါ မကျန် မဟာ ဓါတ်အားလိုင်းများမှ တဆင့် ၂၄ နာရီ လျှပ်စစ်မီးများ ဖြန့်ဖြူးပေးနေသော်လည်း တစ်နေ့ တစ်ခြား တိုးပွားလာသော လူဦးရေနှင့် စက်ရုံ အလုပ်ရုံများကြောင့် လျှပ်စစ်မီးများ ပုံမှန် မဖြန့်ဖြူးနိုင်ဘဲ ဖြစ်နေသည်။
သို့အတွက်ကြောင့် လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ဘူတန်၊ နီပေါ၊ အိန္ဒိယနှင့် မြန်မာမှ လျှပ်စစ် ဓါတ်အားများ ၀ယ်ယူတင်သွင်းရန် ကြိုးပမ်းနေသလို တစ်ခြားတဘက်တွင်လည်း ရုရှား ပူးပေါင်းပြီး နျူကလီးယား ဓါတ်အားပေး စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကြောင်း နိရဉ္စရာမှ စုံစမ်း သိရှိရသည်။

6 comments:
that's great
မြန် မာ နိုင် ငံ နူး က လီး ယား စက် ရုံ တင် မ ဟုတ် ဘူး။ နူး က လီး ယား ဗုံး ပါ ပိုင် ဆိုင် ဖို့ ကြိုး စား သင့် ပါ သည်။ ကိုယ့် နိုင် ငံ အင် အား တောင့် တင်း ဖို့ ကြိုး စား ခြင်း ကို ကန့် ကွက် သူ များ သည် ချီး ဘ ရိန်း များ ဖြစ် လိမ့် မည်။ အိမ် နီး ချင်း နိုင် ငံ များ သည် ကိုယ့် ထက် လူ ဦး ရေ အ စ မ တန် များ ပါ သည်။ နူး က လီး ယား ဗုံး ပါ ရ အောင် လုပ် ပါ။ ပြည် သူ တစ် ယောက် အ နေ ဖြင့် ထောက် ခံ ပါ သည်။
အိမ်ရှေ့ကိုယ်တော်ကြီး ရေမြှုပ်ဗုံးကိုအောင်ပင်လယ်ကန်ထဲမှာစမ်းသပ်တုန်း မင်းတုန်းမင်းကြီး တားမြစ်တာကြောင့် ကနောင်မင်းသား ပြောခဲ့တဲ့ စကားကိုသတိရစေချင်တယ် ...ငါတို့နိုင်ငံတော့ သူတပါးလက်အောက်ရောက်တော့မယ်ဆိုပြီး ..ပြောခဲ့တာလေး သတိရပေးကြပါ။
နူကလီးယားစီမံကိန်းဖြစ်အောင်လုပ်စေချင်ပါသည်။
အိမ်နီးချင်းနိုင်ငံများအခြေအနေနှင့်နှိုင်းယှဉ်ကာ
ပြည်သူများကိုရှင်းပြပါကလည်း ပြည်သူများလက်ခံလိမ့်မည်ထင်ပါသည်။
လိုအပ်ပါက လွှတ်တော်တွင်တင်ပြဆုံးဖြတ်သင့်ပါသည်။
အမေရိကန်သည် နူကလီးယားပြန့်ပွားရေးစာချုပ်တွင်လက်မှတ်ထိုးထား
ခြင်းမရှိပါ။ ယင်းတို့နှင့်မသင့်မြတ်သောမည်သည့်နိုင်ငံမဆို မည်သည့်
ရည်ရွယ်ချက်ဖြင့်သုံးစေကာမူ ယင်းတို့က ကန့်ကွက်မည်ဖြစ်ပါသည်။
ယခင့်ယခင် မြန်မာအစိုးရငတုံးများကသာ ဘာမှန်းညာမှန်းမသိ နူကလီးယာမပြန့်ပွားရေးစာချုပ်ကိုလက်မှတ် ထိုးခဲ့ကြသည်။
မြန်မာ နိုင်ငံသည် အစöရေးနိုင်ငံကဲ့သို့ ရပ်တည်နေရသဖြင့် ကမÇာအလယ်တွင် တည်တန့်ခိုင်မာစွာ အဓွန့်ရှည် ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်လည်း နူးကလီးယား လက်နက်သည်လည်း မရှိမဖြစ် ရှိနေရန် လိုအပ်နေပြီဖြစ်ပါသည်။ အလားတူ အစရေးနိုင်ငံ၏ ဆောင်ပုဒ်ဖြစ်သော “မှတပါးအခြားမရှိပြီ” ဆိုသကဲ့သို့ သူတစ်ချက်ထိုးလျှင် နှစ်ချက် ပြန်ထိုးနိုင်အောင် ဆောင်ရွက်ထားရတော့မည် အခြေအနေဖြစ်လာပြီကို သတိထားသင့်နေပြီ ဖြစ်ကြောင်း ဖြည့်စွက်တင်ပြ လိုပါသည် ။
ထို့ကြောင့် ဒီနိုင်ငံမှ လုပ်စားနေသည့် ငကြောင်များ၏ စကားများထက် တိုင်းပြည် အရေးပို သတိထားရမှာ ဖြစ်ပါသည်။ အင်္ကျီ လည်ကတုံးဝတ်ပြီး တိုင်းပြည် ရှေ့ရေး မတွေးပဲ ကြောင်တောင်တောင် ကောင်တွေ ဘာတွေ ပြောနေပါစေ တိုင်းပြည် အဓွန့်ရှည်ရေးကို စဉ်းစားသင့်ပါသည်။
ထောင်ထဲ ရောက်ဖူးတိုင်း သူရဲကောင်းလိုလို လုပ်ပြနေရင် တော်ကြာ ဓားပြတွေပါ သူရဲကောင်း လုပ်ပြနေအုံးမယ်။
ဒါကြောင့် ငကြောင်တွေကို ဦးနှောက်ထဲ မထည့်ပါနဲ့ ။ တိုင်းပြည် အဓွန့်ရှည်ရေးသာ စဉ်းစားပေးကြပါလို့ပဲ တောင်းဆိုလိုပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်