From : MRTV4
နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက် လာရချိန်တွင် ပိုမိုဆိုးရွားသည့် အခြေအနေ တစ်ရပ်အဖြစ် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့က
ပြင်သစ်နှင့် အမေရိကန် သတင်းထောက် နှစ်ဦးမှာ အစိုးရနှင့် အတိုက်အခံများ အကြား ပစ်ခတ်နေမှု များကြောင့် သေဆုံးခဲ့ရပြီ ဖြစ်သည်။ ပြင်သစ် အစိုးရ ပြောရေး ဆိုခွင့်ရှိသူ အပြောအရ အဆိုပါ ပြင်သစ် နိုင်ငံသား ဓါတ်ပုံဆရာမှာ Remy Ochlik ဟု အမည်ရပြီး နောက်ထပ် သေဆုံးသူ တစ်ဦးမှာ အမေရိကန် နိုင်ငံသူ Marie Colvin ဆိုသူပင် ဖြစ်သည်ဟု ပြောခဲ့သည်။ Ochlik မှာဆုရ ဓါတ်ပုံဆရာ တစ်ဦးဖြစ်ပြီး ၎င်း၏ ဓါတ်ပုံ သတင်းသမား ဘဝကို ၂၀၀၄ ခုနှစ် ဟေတီ အရေးအခင်းတွင် စတင်ခဲ့ခြင်း ဖြစ်ကာ မကြာသေးမီက တူနီးရှား၊ အီဂျစ် နှင့်လစ်ဗျား တို့တွင်လည်း သတင်း ဓါတ်ပုံဆရာ တစ်ဦးအဖြစ် ဆောင်ရွက် ခဲ့သူ ဖြစ်သည်။ ထို့အတူ Colvin မှာလည်း The Sunday Times သတင်းတွင် ဂျာနယ်လစ် တစ်ဦးအဖြစ် အလုပ်လုပ် ခဲ့သူ ဖြစ်ကာ ၂၀၀၉ ခုနှစ် တွင်လည်း ဂုဏ်သိက္ခာရှိ ဆုတစ်ခု ဖြစ်သည့် Martha Gelhorn Prize ဆုကို ရရှိခဲ့သူ ဖြစ်သည်။
Myanmar Express

1 comments:
ဖင်ယားနေတာကိုး ..သေပေါ့။ မြောက်ကိုရီးယား ကိုသွားပါလား
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်