Subscribe to our RSS Feed

နိုင်ငံတကာ စီးပွားရေး အငြင်းပွားမှုများ မြန်မာနိုင်ငံအတွင်း ဖြေရှင်းနိုင်ရန် UMFCCI ကြိုးပမ်း

From : မြ၀တီ


မြန်မာပြည်အတွင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ယင်းမှတစ်ဆင့် ဖြစ်ပွားလာနိုင်သည့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုများကို နိုင်ငံတကာပဋိပက္ခဖြေရှင်းရေး (International Arbitration) နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်က ပြောကြားသည်။ နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသော နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးနှင့် ညှိနှိုင်းရေး ဥပဒေညီလာခံ (နယူးယောက်ညီလာခံ) The Convention on the Negotiation and Enforcement of Foreign Arbitration Awards Law (New York Convention) တွင် မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးနိုင်မှသာ နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးစီးပွားနှင့် ပတ်သက်သော အငြင်းပွားမှုကို ပြည်တွင်း၌ အဆုံးအဖြတ်ပေးနိုင်ပြီး ပြည်ပနိုင်ငံများ၏ အကူအညီကိုပါ ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ စီးပွားရေးလုပ်ငန်းရှင် ဒေါ်တီတီအုန်းကလည်း “စီပွားရေးလမ်းပွင့်နေတဲ့ အချိန်၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှု တွေဝင်လာမယ့်အချိန်မှာ သူတို့ရဲအကျိုး ခိုင်မာဖို့အတွက် ဥာဏဥပဒေ (နိုင်ငံတကာ ပဋိပက္ခဖြေရှင်ရေးဆိုင်ရာ ဥပဒေ) ရှိဖို့လိုတယ်” ဟု သုံးသပ် ပြောကြားသည်။ “ဥပမာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အရေးကိစ္စမှာ ဖြစ်သွားတဲ့ နယ်နိမိတ်နဲ့ ရေနံတူးဖော်ရေးကိစ္စတွေမှာ တတိယ အဖွဲ့အစည်းဖြစ်တဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ အဖွဲ့ (Arbitrary Group) ကနေ ဝင်ဖြေရှင်းပေးတာမျိုးပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။ UMFCCI မှ နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ကော်မတီအနေဖြင် နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဥပဒေကို ရေးဆွဲပြင်ဆင်လိုသည့်အတွက် နိုင်ငံတကာမှ ပညာရှင်များ၏ ပံ့ပိုးကူညီမှု ကိုရယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကုန်သွယ်ရေးနှင့် ပတ်သက်သည့် အငြင်းပွားမှုများ ဖြေရှင်းပေးနိုင်မည့် နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်  (UMFCCI)မှ မေလ တတိယပတ်တွင် Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း   သိရှိရသည်။
 

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်