Subscribe to our RSS Feed

Yangon Trade Exhibition & Car Expo ပြပွဲ တွင် ကားကုမ္ပဏီ ၃၂ ခုမှ ၀င်ရောက်ပြသ လျက်ရှိ

From : MRTV4


ဇွန်လ ၁ ရက်နေ့မှ ၄ ရက်နေ့ အထိ ပြုလုပ်လျက် ရှိနေတဲ့ Yangon Trade Exhibition & Car Expo ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC မြန်မာ
ကွန်ဗင်းရှင်း စင်တာမှာ ပြသလျက် ရှိပါတယ်။ အဆိုပါ ပြပွဲမှာ ကားကုမ္ပဏီ ၃၂ ခုမှ ကားအစီးရေ ၃၀၀ ၀န်းကျင်ကို ပြသထားတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ကားအတွင်း အလှဆင် ပစ္စည်းများနဲ့ ကားပြုပြင်ရေး Service များလည်း ပါဝင်ပြီး ပြသမှုနဲ့ အတူ ၀န်ဆောင်မှုတွေ ပေးလျက် ရှိတယ်လို့ သိရှိရပါတယ်။

ပြပွဲမှာ ပြသ ထားတဲ့ ကားတွေ ကတော့ အင်ဂျင်ပါဝါ 1.3CC မှ 3.0 CC အထိ ကားအင်ဂျင် ပါဝါများ ပါဝင်ပြီး အဆိုပါ ကားတွေကို စလစ်နဲ့ ရောင်းချ ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ကားအမျိုးအစားတွေ အနေ နဲ့တော့ Parado၊ Mark XII Hondar၊ Belta 1.3 စတဲ့ ကားတွေ ပါဝင် ပါတယ်။ ဒါ့အပြင် ကုမ္ပဏီ အချို့ ကလည်း Bus ကားတွေပါ ပြသထား တာကို တွေ့ရပါတယ်။ ပြပွဲမှာ ပြသ ရောင်းချ ထားတဲ့ ကားဈေးနှုန်း တွေကတော့ ငွေကျပ်သိန်း ၂၀၀ ၀န်းကျင်မှ သိန်း ၃၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

အခုလို ကားပြပွဲ အပြင် ပြခန်းပေါင်း ၆၀ ကျော်နဲ့ ကုမ္ပဏီ ၃၈ ခုတို့မှ ကုန်ပစ္စည်း မျိုးစုံနဲ့ လူနေမှုဘ၀ ပစ္စည်း အသုံးအဆောင် များကို ပြသထား ပါတယ်။ ပြပွဲ အတွင်းမှာ IT ပစ္စည်းများ၊ Electronic ပစ္စည်းများ ကိုလည်း ပြသထားပြီး ခန်းမရဲ့ အတွင်းရော အပြင်မှာပါ ပြပွဲရက် အတွင်း Show ပွဲတွေ ထည့်သွင်း ပြသသွားဖို့ ရှိတယ်လို့ ပွဲစီစဉ် ကြီးကြပ်သူရဲ့ ပြောပြချက် အရ သိရပါတယ်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်