ဓမစတီခေါင်းလောင်းအတွက် စာတမ်းဖက်ပွဲကိုရန်ကုန်မြို့ Chatrium Hotel မှာ ၃၀.၀၆.၂၀၁၂ ရက်နေမှာကျင်းပခဲ့ပါတယ်။
ထိုစာတမ်းဖက်ပွဲတွင် စာတမ်းပေါင်းနှစ်ဆယ်ကျော်ဖတ်ကြားတင်ပြခဲ့ကြပါတယ်။ ထိုစာတမ်းဆက်ပွဲတွင် Singapore မှSD Mark International LLP Company မှခေါင်းလောင်းရှာဖွေရေးနှင့်ဆယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမည်ဖြစ်ပြီး လိုအပ်ပါကထပ်မံထည့်ဝင်ပြီး ဓမ္မစေတီခေါင်းလောင်းတော်ကြီး ရှာဖွေရေး အတွက်၎င်းတို့ ကုမဏီမှသာ နည်းပညာ နှင့်ငွေကြေး အားဖြင့်အတောင့်တင်းဆုံးဖြစ်ကြောင်းပြောကြားသွားပါသည်။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင် နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း(၄၀၅၀)လုံးပါရှိကြောင်း သမိုင်း အထောက် အထားများ တွင် ဖတ်ရှုလေ့လာခဲ့ရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင် ပွဲသဘင်ကျင်းပ၍ သွန်းလောင်းခဲ့ကြောင်းသိရှိရသည်။
ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊ သံဃရာဇာဆရာတို့ဖြစ်ကာ လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု ပြောကြားခဲ့ သည်။
၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။ မှန်လျှင် သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောက ညဏပဏ္ဍိတ်အမတ်အား `ရာဇပရောဟိတ´ဘွဲ့တော် ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။
ခေါင်းလောင်းတော်ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန်ပိဿ (၁၈၀၀၀၀)(တန်ချိန် ၂၉၀)ရှိကာ ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့ တင်လှူပူဇော်ခဲ့သည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏ ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။
ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြား စွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။
(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။
၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊ အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။
အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။
နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။
Myanmar Express

3 comments:
Absolutely agree with with the idea to recover the bell. But why we need to worship the bell?
al d dollar 10 than ko people atwet use yin ma kg bu lar
အပေါ်က တစ်ယောက်ကတော့ ဗဟုသုတဖင်ကြားညပ်နေတဲ့တစ်ယောက်ပဲ။ ဒေါ်လာဆယ်သန်းကို ပြည်သူတွေအတွက်သုံးမယ်လား။ ဒီလောက်နှစ်ပေါင်းများစွာပျောက်ကွယ်နေတဲ့မြန်မာ့အမွေအနှစ်ကြီးကို မမြင်မတွေ့ချင်လို့လား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်