Subscribe to our RSS Feed

စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း


From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခြင်း၊ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် စွပ်စွဲအပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပထမဦးစွာ တင်ပြအဆိုပြုခဲ့ကြောင်း သိရှိရပါသည်။ ထိုပုဂ္ဂိုလ် ၃၀၁ ဦးတို့သည် ဤစုံစမ်းစစ်ဆေးမှုတွင် ဆန့်ကျင်ဘက်ပုဂ္ဂိုလ်များ (Adverse parties) ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် ထိုပုဂ္ဂိုလ် ၃၀၁ ဦးတို့သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်သော် လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ဆောင်ရွက်ခြင်း မပြုနိုင်ပါ။ ဤသဘောတရားကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၅၅၆ တွင်လည်းကောင်း၊ ယခင် နိုင်ငံတော်ကောင်စီရုံးမှ ထုတ်ပြန်သည့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး လက်စွဲစာအုပ် အပိုဒ် ၄၁ တွင်လည်းကောင်း ပြဆိုထားပါသည်။ PREM’s Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation တွင် “မည်သူမျှ မိမိပါဝင်ပတ်သက်နေသော အမှုကိစ္စ၌ ပါဝင်စီရင် ဆုံးဖြတ်ခြင်း မရှိစေရ” ဟူသော ဥပဒေမူသည် တစ်ကမ္ဘာလုံး၏ တရားမျှတသော တရားစီရင်ရေးတွင် အထွတ်အထိပ် သတ်မှတ်ထားသော ဥပဒေမူ သဘောတရား ဖြစ်ပါသည်။ သို့ဖြစ်၍ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးတို့သည် စုံစမ်းစစ်ဆေးမှု နည်းလမ်းများနှင့် ကျင့်စဉ်တို့အရ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ယခုဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်