Subscribe to our RSS Feed

ပြည်ထောင်စုဝန်ကြီးများ လခ တလ ကျပ် ၆ သိန်းသာ ရရှိ


From : DVB

အရင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ယောက်ထားတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ပါး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ပါး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ပါး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ပါးအထိ ခန့်အပ် အလုပ်လုပ်နေတယ် ဆိုပြီး ရှင်းပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်