Subscribe to our RSS Feed

အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင့် ဖမ်းတော့မည်



ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်နှုန်းထက်ပိုမို၍ယာဉ်မဆင်မခြင်မောင်းနှင်ပါက ဥပဒေ
အရအရေးယူရန်အတွက် REDFLIX Traffic System သုံးကိရိယာနှစ်ခုဖြင့် အရှိန်တိုင်းတာစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းသတင်း
ရရှိသည်။

ယင်း REDFLIX Traffic System သည်ရေဒါစနစ်ဖြစ်ပြီး သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်နှင်ပါက သတ်သေ
နှင့်တကွမှတ်တမ်းတင်နိုင်သောစနစ်တစ်ခုဖြစ်သည်။ရွှေပြောင်းသယ်ယူ အသုံးပြု၍ရသဖြင့် အမြန်လမ်းမကြီး ပေါ်ယာဉ်မတော်တဆဖြစ်ပွားမှုအများဆုံးသော နေရာများသို့သွားရောက်စစ်ဆေး တိုင်တာနိုင်မည်ဖြစ်သည်။

REDFLIX Traffic System သည် Frequencies 24.0Ghz ကိုအသုံးပြုထားခြင်းဖြစ်ပြီး အမြန်လမ်းရဲတပ်ဖွဲ့က
သတ်မှတ်ထားသော သတ်မှတ်မိုင်နှုန်ထက်ကျော်လွန်မောင်းနှင်ပါက ဓါတ်ပုံမှတ်တမ်၊မောင်းနှင်လာသော အရှိန်နှုန်း၊မိုင်တိုင်အမှတ်စသည်ဖြင့်လိုအပ်သော သက်သေအထောက်အထားများကို မှတ်တမ်တင်ထားမည်ဖြစ်ကြောင်းသိရသည်။

ယင်းအရှိန်တိုင်းကိရိယာ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၇,၀၀၀)ဖြစ်ပြီး ရေဒါစနစ်ကို အသုံးပြုထားသဖြင့်
လက်ရှိသုံးဆွဲနေသော အရှိန်တိုင်းကိရိယာတိုထက်ပိုမိုတိကျစွာ မှတ်တမ်တင်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်ဇွန်လမှသြဂုတ်လအတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပေါ်တွင်ဖြစ်ပွားသည့် ယာဉ်မတော်တဆ
မှုစုစုပေါင်းမှာ(၄၃)မှုရှိပြီး ယင်းအနက်(၃၈)မှုသည်မော်တော်ယာဉ်တိုက်မှုဖြစ်ပြီး ကျန်၅မှုမှာ ဆိုင်ကယ်တိုက်မှုဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဝေးပြေး လမ်းတွေပေါ်မှာ ယာဉ်သတ် မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို လက်ဆုပ် လက်ကိုင် ဖမ်းဆီး အရေးယူဖို့ အတွက် ရေဒါစနစ်ကို အသုံးပြုတော့ မယ်လို့ အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

နေပြည်တော် ၁၉၅ မိုင်စခန်းမှာ ရှင်းလင်းပွဲမှာ ရဲမှူးကြီးက ပြောဆိုလိုက်တာ ဖြစ်ပြီး အဲဒီ REDFLEX Traffic System လို့ခေါ်တဲ့ အရှိန်ထိန်းတိုင်းကိရိယာဟာ သတ်မှတ်ရှိန်ထက် ပိုမောင်းတဲ့ယာဉ်တွေကို တိုင်းတာမှတ်သားနိုင်ပြီး အရေးယူနိုင်မယ်လို့ ရှင်းပြပါတယ်။

ဒီကိရိယာဟာ ၆ လမ်းသွား အသုံးပြုလမ်းတွေအထိ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို ဓာတ်ပုံ၊ သတ်မှတ်မိုင်နှုန်း၊ ကားအမြန်နှုန်း၊ သတ်မှတ်လမ်းပိုင်း၊ ရက်စွဲ၊ အချိန်၊ ရှေးရှုရာအရပ်နဲ့ တည်နေရာတွေကို မှတ်တမ်းတင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက တိကျမှုပိုင်းဆိုင်ရာ အာမခံချက်ရထားတဲ့ ဒီကိရိယာဟာ နေရာရွှေ့ပြောင်းရ လွယ်ကူပြီး ကားငယ်လေးတွေပေါ်မှာ တင်ဆောင် အလုပ် လုပ်နိုင်ပါတယ်။ တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း ကျသင့်တဲ့ ဒီကိရိယာကို မြန်မာနိုင်ငံက ၂ လုံး ၀ယ်ယူထားပြီး မကြာခင် သုံးတော့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အရှိန်နှုန်းဖမ်းတွေ သုံးရတာဟာ အဝေးပြေးလမ်းတွေပေါ် ယာဉ်ထိခိုက်မှုတွေ အနက် သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်းလို့ဖြစ်ရတဲ့ ယာဉ်ထိခိုက်မှုတွေက ပိုများလို့ ဖြစ်တယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကိုရှင်းပြပါတယ်။

ဒီနှစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ယာဉ်တိမ်းမှောက်မှု ၄၅ ခုဖြစ်ပွားပြီး ၁၇ ဦးသေဆုံး၊ ၄၇ ဦးဒဏ်ရာရတဲ့အနက်မှာ တ၀က်ကျော်က မိုင်နှုန်း ပိုမြင့်တဲ့အတွက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့်ကို နိုင်ငံခြားသားပညာရှင်တဦးက ရန်ကုန် – မန္တလေး အဝေးပြေးလမ်းမပေါ် စမ်းသပ်ပြရာမှာ ဓာတ်ပုံရော၊ မိုင်နှုန်းနဲ့ တည်နေရာပါ ရိုက်ကူးမှတ်တမ်းတင်ပြီး ကွန်ပြူတာဒိုင်ခွက်မှာ ပြသတယ်လို့ ဆိုပါတယ်။

ကင်မရာကလည်း 12.0M pixel အရည်အသွေးရှိပြီး ကင်မရာ အမြန်နှုန်းမြင့်လို့ ၁ နာရီကို 400 KM/H နဲ့ မောင်းရင်တောင် ဓာတ်ပုံ ၂ ခါ ရိုက်နိုင်တဲ့အထိ အရည်အသွေးရှိတယ်လို့ ဆိုပါတယ်။

ယာဉ်ငယ်တစီးပေါ် တင်ဆောင်သယ်ယူဖို့ လွယ်ကူတာကြောင့် အမြန်လမ်းမ တကြော ရွှေ့ပြောင်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရင်က မြန်မာပြည်မှာ သုံးတဲ့ လေဆာ စနစ်က အမှားအယွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထက်ပါယာဉ်တိုက်မှုကြောင့် သေဆုံးသူ၁၇ဦးရှိကာ ဒါဏ်ရာရသူ ၇၄ဦးရှိ ခဲ့ကြောင်းအများအားဖြင့် မိုင်တိုင်
အမှတ်၇၅/၀နှင့်၁၀၅/၀အကြား ကျောက်တံခါးမြို့နယ်နှင့် မိုင်တိုင်အမှတ်၂၇၆/၂နှင့်၃၁၇/၂အကြားမိတ္ထီလာမြို့နယ်တို့တွင်အများဆုံးဖြစ်ပွားခဲ့ကြောင်းထပ်လောင်းသိရသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်