Subscribe to our RSS Feed

စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်

From : .planet

မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွားလာခြင်းကို ဖြည့်ဆည်းရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်

မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွားလာခြင်းကို ဖြည့်ဆည်းရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့ စတင်မည့် ၀န်ဆောင်မှုတွင် စင်ကာပူလေကြောင်းက ၄င်း၏ လက်ခွဲကုမ္ပဏီဖြစ်သော Silk Air ၏ အချို့ခရီးစဉ်များကို လွှဲပြောင်းရယူမည် ဖြစ်သည်။ စင်ကာပူလေကြောင်းအနေဖြင့် လက်ရှိ Silk Air က အသုံးပြုနေသော လျှောက်လမ်းတစ်ခုတည်းပါ Airbus A 320 လေယာဉ်များအစား ထိုင်ခုံ ၃၂၃ ခုံပါသော ကိုယ်ထည်ကျယ်ဝန်းသည့် Boeing 700-200 လေယာဉ်များ အသုံးပြုသွားမည်ဖြစ်သည်။

singapore airlines

လောလောဆယ်တွင် Silk Air က ရက်သတ္တပတ် တစ်ပတ်လျှင် ၁၆ ကြိမ် ရန်ကုန်သို့ပျံသန်းနေသည်။ စင်ကာပူလေကြောင်း၏ နေ့စဉ်ပျံသန်းမှု စတင်ပါက Silk Air က ခရီးစဉ်ကိုးခုကို ဆက်လက်ပျံသန်းမည်ဖြစ်သည်။ "မြန်မာနိုင်ငံကို စီးပွားရေးအတွက်ရော၊ အပန်းဖြေဖို့အတွက်ပါ ခရီးသွားတာတွေ အလွန်တိုးတက်လာပါတယ်။ စင်ကာပူလေကြောင်းက မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ၀န်ဆောင်မှုပေးဖို့ မျှော်လင့်စောင့်စားနေပါတယ်"ဟု စင်ကာပူလေကြောင်း၏ စီးပွားရေးရာ အမှုဆောင် ဒုဥက္ကဋ္ဌ မက်ဆွီဝါးက ပြောသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်