From : သာနောင်
KIA အဖွဲ့က မေလ ၆ရက်နေ့က ပင်လုံရွာမှအတင်းအဓမ္မဖမ်းဆီး လူသစ် စုဆောင်း သွားသော မိန်းကလေး ၇ ဦးနဲ့ ယောကျာင်္းလေး ၁၅ ဦးအနက် KIA မှ အမျိုးသမီး ၂ဦးအား အတင်း အဓမ္မမတရားပြုကျင့်ပြီးအိမ်ထောင်ပြုခဲ့တဲ့အတွက် မိုးညှင်း မြို့နယ် ပင်လုံရွာမှလူတွေက မကျေနပ် ဖြစ်နေကြပါတယ်။ ကျန်တဲ့ လူတွေကိုတော့ တပ်သားသစ်အဖြစ် နမ္မတီးရွာနားမှာရှိတဲ့ နန့်ခပ်ခချောင်းဖျားမှာ ရှိတဲ့ KIA ရင်း ၁၁မှာ သင်တန်းပေးနေပြီးသင်တန်းမှူးကတော့ ဗိုလ် စီးနော်လော် လို့သိရပါတယ်။ ဖမ်းသွားတဲ့ အထဲမှ အသက်အရမ်းတဲ့ကလေး ၃ယောက်ကိုတော့ သူတို့မိသားစုတွေကို KIA မှ ဖုန်းဆက်ပြီး ငွေ ၅သိန်းနဲ့လာရွေးရန်ပြောခဲ့တယ်လို့သိရပါတယ်။ KIA အဖွဲ့၏လုပ်ရပ်ကတော့ တကယ့်စံတင်စရာပါဘဲ။ လူသတ်၊ မိုင်းထောင်၊ လမ်း၊ တံတားတွေဖျက်စီး အတင်းအဓမ္မငွေတောင်း (ဒမြတိုက်မှုသာသာ) တွေပြုလုပ် ယုံတင် မကတော့ဘဲ လူတွေကိုပြန်ပေးဆွဲ၊ အတင်းအဓမ္မ သားမယားပြုကျင့်တဲ့အဆင့်တွေဖြစ် နေပါတယ်။ ကချင်ပြည်နယ်ကလူတွေကလည်းကျေနပ်မှုတွေမရှိကြတော့ဘဲ သူတို့ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ချင်ပေမယ့်လည်း သူတို့ရဲ့ ညှင်းပန်းနှိပ်စက်မှု သတ်ဖြတ်မှုကို ကြေ်လို့ ဘယ်သူမှမပြောရဲကြတော့ပါဘူး။ အခုလို အဓမ္မအတင်းသားမယားအဖြစ် ပေါင်းသင်းမှုနဲ့ လူမှုရေး ကျူးလွန်မှုတွေအတွက် ပင်လုံရွာသားတွေက တိုင်တန်းဖို့ ကြိုးစား နေကြပြီး အစိုးရတပ် ကိုလဲကူညီမှုတွေပြုလုပ်ပြီး သူတို့ကိုကာကွယ်ပေးဖို့ တောင်းဆိုနေ ပါတယ်လို့ ပင်လုံကျေးရွာမှ တိုင်းရင်းသူတစ်ဦးက KDN သတင်းဌာနသို့ သတင်းပေး ပို့လာပါတယ်။
Myanmar Express

2 comments:
အ စိုး ရ တပ် က အ ပြတ် တိုက် ချင် ပေ မဲ့ ဘက် လိုက် တဲ့ မီ ဒီ ယာ ( မှ တ် ချက် ။ ME မ ပါ ) တွေ ရဲ့ တစ် ဖက် သတ် ရေး သား မှု၊ သ တင်း အ မှန် ကို ထိန် ချန် မှု၊ နိုင် ငံ တော် သ မ္မ တ ကြီး ရဲ့ အ မိန့် ကို လေး စား လိုက် နာ မှု တွေ ကြောင့် အ ပြည့် အ ဝ မ ကာ ကွယ် ပေး နိုင် တာ ကို နား လည် ပေး ပါ။ မီ ဒီ ယာ များ ဘက် လိုက် မှု ရှိ မ ရှိ ကို ဖတ် ကြည့် လျှင် သိ နိုင် ပါ သည်။ မည် သို့ ဖြစ် စေ တပ် မ တော် အား ပြည် သူ နဲ့ သီး ခြား ဖြစ် စေ ရန် သွေး ထိုး လှုံ ဆော် မှု များ လာ လေ လေ နို င် ငံ ၏ အ ချုပ် အခြာ အာ ဏာ ကို ပြည် ပ မှ ဝင် ရောက် စွက် ဖက် ရန် လွယ် လာ လေ လေ ဖြစ် ပါ သည်။
စိတ် မ ကောင်း ပါ ဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်