Subscribe to our RSS Feed

Andriod နှင့် Apple IOS ဖုန်းများတွင် Y-Talk သုံးနိုင်ပြီ

From :popular


Andriod နှင့် Apple IOS ဖုန်းများတွင် Y-Talk စနစ်ရယူကာ စတင်သုံးစွဲနိုင်တော့မည့် မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စနစ်အား ဖုန်းအတွင်းထည့်သွင်းအသုံးပြုလိုပါက www.vmgtelecoms.com/YTALK.apk မှအခမဲ့ရယူနိုင်မည်ဖြစ်ပြီး စတင်သုံးစွဲအကောင့်ဖွင့်ရန် account card ကို ငွေကျပ်တစ်သောင်းဖြင့် ၀ယ်ယူရမည်ဖြစ်သည်။

“အကောင့်ကတ်မှာ user name နဲ့ Password ပါပါတယ်။အဲ့ဒါကို ဖုန်းမှာရိုက်ထည့်ပြီး YTALK ရဲ့ ငွေဖြည့်ကတ်ဝယ်ထည့်သုံးရုံပါပဲ” ဟု YTALK တာဝန်ရှိသူက ပြောသည်။

၎င်းစနစ်အားအသုံးပြုရန် မိုဘိုင်းဖုန်းအတွင်းအင်တာနက် ရှိရန်လိုအပ်ပြီး Wifi စနစ်ဖြင့်လည်း တွဲ၍ အသုံးပြုနိုင်ကြောင်းသိရသည်။

အဆိုပါ YTALK စနစ်အား ယခုလကုန်ခန့်တွင် စတင်အသုံးပြုသွားနိုင်တော့မည်ဟု YTALK ကုမ္ပဏီထံမှ သိရသည်။


  Myanmar Express 

3 comments:

ဖရီး ထင်လို့.. တော်ပါတော့ အကောက် ဖွင့် တာတောင် ၁ သောင်း ပေးရအုံးမယ်တဲ့..
နိုင်ငံတကာကမှ့ ကြားလို့ မကောင်း .. မြန်မာက လုပ်ချလိုက်၇င် ဖြင့် အမြဲတမ်း သူများနိုင်ငံထက် ချွန်နေရမှာ.. ( စားတဲ့ နေရာမှာ ချွန်တာကို ပြောတာပါ)..



......

ဟုတ်တယ်ဗျို့ မဟုတ်တဲ့နေရာတွေမှာ သောက်တလွဲတွေချည်းပဲ ချွန်နေတာ ဟုတ်တာမှန်တာကို မဟုတ်မမှန်ထင်၊ မဟုတ်မမှန်တာကို ဟုတ်တယ်မှန်တယ်ထင် ပြောရင်လည်း ဒေါသထွက်ကြဦးမယ် အိုးရွဲ့စလောင်းရွဲ့တွေပဲ ကိုက်ပါတယ်

ပြည်သူတွေအတွက်အလကားသုံးခွင့်ပေးတာဘာရှိလဲ မတန်တဆကောက်တာပဲရှိပါတယ် အောက်ခြေမှာကတော့ နင်းပြားဘ၀တွေပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်