Subscribe to our RSS Feed

ဧရာဝတီတံတား (မလွန်) တည်ဆောက်ရေးစီမံကိန်း (၈၇)ရာခိုင်နှုန်းပြီးစီး

From :မြဝတီ



ဧရာဝတီတံတား(မလွန်)သည် မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲ-ပဌန ဂိုရ်ကားလမ်းတွင် ဧရာဝတီ မြစ်ကိုဖြတ် ကူး၍ မင်းလှမြို့နယ် မလွန်ဘက်ကမ်းနှင့် ဆက်သွယ်သော တံတားဖြစ်ပြီး တံတားအရှည်မ
ှာ ပင်မတံတား (၃၂၁၅) ပေ၊ ချဉ်းကပ်တံတား ကားလမ်းမှာ မိကျောင်းရဲ ဘက်ကမ်း (၁၃၁၂)ပေ၊ မလွန်ဘက်ကမ်း (၁၃၁၂)ပေ၊ ချဉ်းကပ် တံတား ရထားလမ်းမှာ မိကျောင်းရဲ ဘက်ကမ်း (၁၉၂၇)ပေ၊ မလွန်ဘက် ကမ်း (၂ဝ၁၂)ပေ၊ တံတားအကျယ်ကား လမ်း(၂၈)ပေ၊ ရထားလမ်း(၁ဝ)ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီ ပါရှိသည်။ တံတား အမျိုးအစားမှာ တံတား အောက်ထည် သံကူကွန်ကရစ်၊ တံတား အပေါ်ထည် ပင်မတံတား သံမဏိသံပေါင်၊ ချဉ်းကပ်တံတား (ကားလမ်းနှင့် ရထားလမ်း)မှာ သံကူ ကွန်ကရစ် အမျိုး အစားဖြစ်သည်။ ရေလမ်းကင်းလွတ် အကျယ် ပေ(၃၂ဝ)နှင့် အမြင့်(၅၇)ပေ၊ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန် တန် (၆ဝ)နှင့် စီမံကိန်းစတင်သည့်ရက်မှာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ဖြစ်ပြီး စီမံကိန်း ပြီးစီးမည့်ရက်မှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးရန်လျာထားကာ ယခုအခါ သံပေါင်တပ်ဆင်ခြင်း (၆၅)ရာခိုင်နှုန်း ပြီးစီး၍ တံတားတစ်ခုလုံး ပြီးစီးမှုမှာ (၈၇)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်