ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။
အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို နေပြည်တော်၊ နိုဝင်ဘာ - ၁၅ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
Myanmar Express
4 comments:
အသက်၄၀ ကျော်တွေထုတ်ပြစ်တုန်းက အရမ်းနှမျောဖို့ကောင်းတယ်ဗျာ သူတို့ကအခုစင်ကာပူမှာ လစာအရမ်းကောင်းနေကြတယ်
ဒီစနစ်ဖြစ်ရင် အရမ်းကောင်းမှာဘဲ..အဲဒါမှ မြန်မာပြည်သားတွေ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပြန်လည်နိုးထလာကြလိမ့်မယ်
ဒီစနစ်ကိုအရမ်းမျှော်လင့်ပါတယ်။
ဒါမှစစ်တပ်ကိုမုန်းတဲ့သူတွေဘယ်လို စစ်တပ်ဆိုတာဘယ်လိုလည်းဆိုတာသိသွားတာပေါ့
ကျွန်တော်တို့ တွေ စစ်ပညာတတ်ထားဖို့ လိုတယ် ဒါမှ ခွေးကုလားတွေကို သတ်နိုင်မှာ မျိုးချစ်စိတ်အပြည့်ဖြင့် ဖော်ပြသော mmexpress ကို ကျေးဇူးတင်ပါတယ် နောက် ဒီဥပဒေ ပေါ်လာလျှင် ချက်ချင်းတင်ပေးပါဦး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်