From : သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၂ဝ
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာဆူစီလို ဘန်ဘန်း ယူဒိုရိုနိုအား
ယနေ့နံနက်(၁ဝ)နာရီမိနစ်(၄ဝ)တွင် ဖနောင်ပင်မြို့ရှိ Peace Palace
စတုတ္ထထပ်ရှိ Call Room ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်
ဦးမင်းလွင်နှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး
အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတနှင့်အတူနိုင်ငံခြားရေးဝန်ကြီး၊ နိုင်ငံရေး၊
ဥပဒေနှင့်လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး၊
ကုန်သွယ်ရေးဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
1 comments:
All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .
He should only use illegal Bangalis instead Rohingya word. OIC support Obama. So All Myanmar people must protest Obama about his Rohingya word in Yangon University.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်