Subscribe to our RSS Feed

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရမှု တရားဥပဒေ စိုးမို့ရေးကော်မတီ ဥက္ကဌကြီး ဖြေရှင်းပေးပါအုံး

From : 7day

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သီတင်းကျွတ်လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေသာစံမြိ

ု့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ရပ်ရွာလုံခြုံရေးအပေါ် ထိခိုက်မှုရှိနိုင်သဖြင့် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရောင်းဝယ်ခြင်း မပြုရန် မန္တလေးတိုင်းအစိုးရအဖွဲ့မှ တားမြစ်ထားကာ တားမြစ်ချက်ကို မလိုက်နာသူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ မြို့နယ်ထွေအုပ်မှ တရားလိုပြုလုပ်ကာ တရားဝင်ကြေညာချက်ကို ဆန့်ကျင်သည့် ပြစ်မှုပုဒ်မ-၁၈၈ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။

လက်ထဲတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းတွေ့လျှင် ရောင်းသူ၊ ၀ယ်သူ၊ ပစ်ဖောက်သူ မည်သူကိုမဆို ဖမ်းဆီးအရေးယူနေကြောင်း ၄င်းကပြောသည်။

ရဲမှူးစိုးငြိမ်းက "ပင်ရင်းရောင်းတဲ့ဆိုင်တွေကို အဓိကဖမ်းချင်ပါတယ်။ သတင်းပေးတိုင်ကြားကြပါ"ဟု ပြောသည်။

မန္တလေးမြို့ပေါ်တွင် ဗြောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူများကို ဖမ်းဆီးအရေးယူမှုအနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ၄ မှု၊ ၂၉ ရက်တွင် ၉ မှု၊ ၃၀ ရက်တွင် ၁၈ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကာ လာမည့် တန်ဆောင်တိုင်ကာလ၊ ခရစ်စမတ်ကာလတွင်လည်း တင်းကြပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲမှူးစိုးငြိမ်းကပြောသည်။

ဖမ်းဆီးရမိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများမှာ တရုတ်နိုင်ငံလုပ်များ အများဆုံးဖြစ်ပြီး ဗြောက်အိုးတစ်ခုချင်းစီ၏ တန်ဖိုးမှာ ကျပ်ရာဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ တန်ကြေးရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Myanmar Express 

4 comments:

သတင်းပေးမှ သတင်းပေးပါနဲ့များနေပြီ။နယ်ထိန်းကဘာလုပ်နေလို့လဲ?ဒီလိုနေရာတွေကိုရဲကမသိဘူးဆိုတာလုံးဝ(လုံးဝ)ယုတ်သိမရှိပါ။ပြည်သူတွေကတကယ်အားကိုးထိုက်တဲ့ဥပဒေဘတ်တော်သားများဖြစ်ချိန်ရောက်နေပါပြီ။ခေတ်ဟောင်းကပုလိပ်စိတ်ဓါတ်တွေကိုလုံးဝစွန့်လွှတ်သင့်ပြီ။အမှန်ဟာအမှန်အတိုင်းဖြစ်သင့်ပြီ အမှားကိုငွေအားနဲ့အမှန်ပြင် အမှန်ကိုငွေဖုံးပြီအမှားလုပ်တဲ့ ဥပဒေကိုလက်တစ်လုံးခြားလှည့် ငွေနောက်လိုက်တဲ့စိတ်ဓါတ်တွေကိုပြင်ပြီး တိုင်းပြည်မှာတရားဥပဒေ အမှန်တရားဟာစိုးမိုးနိုင်ဖို့ပြည့်သူ့ရဲများလုပ်ဆောင်နိုင်ပါ စေ။

ရဲကိုအပြစ်တင်မယ် ဥပဒေချိုးဖေါက်မယ် အဖမ်းခံရရင်လူ့
အခွင့်ရေးနဲ့ကိုင်ပေါက်မယ်

၁၈၈လောက်နဲ့အလုပ်မဖြစ်ဘူး။ ဖြန့်ချီရောင်းချသူတွေကို ထောင်ချပစ် ပြီတော့တရုတ်ပစ္စည်းဆိုရင်သွင်းကုန်ထုတ် ကုန်ဥပဒေပါတွဲချ ဒါမှနားအေးမှာ။

ယခုအခါ ပစ်ဖေါက်နေသော အရာများကို ဗျောက်အိုးဟု ခေါ်ရန်မသင့်ဟုထင်ပါသည်။ ဗျောက်-ဗျောက်-ဗျောက် မြည်သံမဟုတ်ဘဲ တရပ်ကွက်လုံး၊ တမြို့လုံး တုန်ဟည်းသွားအောင် အုန်း..ဒိုင်း..ဘောင်း..မြည်ပါသည်။ အေးချမ်းသာယာစွာ အပန်းဖြေအနားယူနေသော အများပြည်သူများ၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ တရားဘာဝနာပွားများနေသူများ၊ ကလေးသူငယ်လေးများ၊ စာပေအနုပညာလိုက်စားနေသူများ..အာလုံးအတွက် ထိတ်လန့်တုန်လှုပ်၊ အနှောင့်အယှက်ဖြစ်၊ စိတ်မချမ်းမြေ့ခြင်း ကြီးစွာဖြစ်ရပါသည်။ မိမိပျော်ရွှင်ရေးအတွက် အများပြည်သူအကျိုး ထိခိုက်နစ်နာစေသောလုပ်ရပ် public nuisance ရာဇ၀တ်မှု ဖြစ်ပါသည်။ အခြားသူများ၏ အခွင့်အရေးကို ချိုးဖေါက်သော လူ့အခွင့်အရေး ချိုးဖေါက်မှု violation of human rights ဖြစ်ပါသည်။ အကြမ်းဖက်လုပ်ရပ် terrorist act ဖြစ်ပါသည်။ ယဉ်ကျေးသိမ်မွေ့သော၊ ဒီမိုကရက်တစ် မြို့ပြလူမှုအသိုက်အ၀န်း အတွင်း ရိုင်းစိုင်းယုတ်မာသော လုပ်ရပ်များမရှိသင့်တော့ပါ။ ထိရောက်စွာ ဟန့်တားအရေးယူ သင့်ပြီဖြစ်ပါကြောင်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်