From : မှူးဇော်
စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ (News Release-1)
( နေပြည်တော် နိုဝင်ဘာ ၁၁)
ယနေ့ နံနက်ကလှုပ်ရှားခဲ့သော ငလျင်နှင့်ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရစစ်ကိုင်းမြို့တွင် မင်းကွန်းခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆)ခန်းတွဲ (၂)ထပ်မှ အခန်း(၃)ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာဆက်သွယ်ရေးရုံးပြိုကျခြင်း၊ ဆယ်ပင် ကျွန်းမူလတန်းကျောင်း(၁)ထပ်ဆောင် ထက်ဝက်ခန့်ပြိုကျခြင်း၊ မကျည်းသုံးပင်ကျေးရွာမူလတန်းကျောင်းအဆောက်အဦ၏(၇ဝ)ရာနှုန်းပြိုကျပျက်စီးခြင်း၊ ဆိတ်သာကျေးရွာမူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာတွဲဖက်မူလတန်းကျောင်းထက်ဝက်ခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း။ ရွှေဘိုမြို့တွင် ချမ်းသာကြီးစေတီတော်၏စိန်ဖူးတော်မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ပြိုကျပျက်စီးခြင်း၊ မင်းသမီးရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များမြေခခြင်း၊ အတွင်းမိတ္ထီလာဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန်ဘုန်းကြီးကျောင်းတို့၏မုဒ်ဦးများပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁)ခုမြေခခြင်း၊ ဇောတိကရာမဘုန်းကြီး ကျောင်းမှ အုတ်တံတိုင်း(၅)ခန်း၊ ရွှေဘုံရတနာမင်္ဂလာနန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း(၄)ခန်းတို့ပြိုကျခြင်း၊ ဆင်အင်းကျေးရွာကုန်းသာဘုန်းကြီးကျောင်းအတွင်း ပြသာဒ်ဟောင်းအပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စုရုံးပင်ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့်အညာသီဟတောဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်းပြိုကျခြင်း၊ ဓမ္မာရုံ(၂)ခု၏အုတ်နံရံပြိုကျခြင်း၊ အိမ်ခြေအလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာဘုန်းကြီးကျောင်းမှ စေတီ (၂)ဆူထီးတော်အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင်ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင်ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းပြိုကျခြင်း၊ ထန်းတပင်ကျေးရွာရွာလယ်စေတီထီးတော်မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရားငှက်ပျောဖူးမှစ၍ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်းနံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာဘုရားစိန်ဖူးတော်မြေခခြင်း၊ ရွာသာကြီးကျေးရွာဘုရားစိန်ဖူးတော်မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာဘုရားစိန်ဖူးတော် မြေခခြင်းတို့ဖြစ်ပေါ်ခဲ့သည်။ ထို့အတူကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်းထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည် များကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
----------------------------- -----------------------------
စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာ ရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ်ခဲ့ (News Release-2)
(နေပြည်တော် နိုဝင်ဘာ ၁၁)
ယနေ့ နံနက်(၇) နာရီ (၄၂)မိနစ် (၃၇) စက္ကန့်တွင် အင်အားပြင်း ငလျင်(၁) ကြိမ်၊ နံနက်(၇) နာရီ (၅၉) မိနစ် (၅၉) စက္ကန့်တွင် အင်အား အသင့်အတင့် ငလျင်(၁) ကြိမ်နှင့် နံနက်(၈) နာရီ (၂) မိနစ် (၂၈) စက္ကန့်တို့တွင် အင်အား အသင့်အတင့် ငလျင်(၁)ကြိမ် လှုပ်ရှားသွားခဲ့ကြောင်း၊ ပျက်စီးမှု၊ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု အချို့ ဖြစ်ပေါ် ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ ရရှိသော သတင်းများအရ မိုးညှင်းမြို့ ရွှေသာလျောင်း ဘုရားကြီး ဝန်းအတွင်းရှိ ဂန္ဓကုဋီတိုက် မျက်နှာစာ အခန်း(၃)ခန်းရှိ နံရံနှင့် အုတ်တိုင်အချို့ အက်ကွဲခဲ့ကြောင်း ။ ရွှေဘိုမြို့နယ်တွင် ညောင်ပင်သာ (၁၁) ကေဗွီ ဓာတ်အားလိုင်းမှ (၁ဝ)မီတာ ကွန်ကရစ်တိုင် (၁)တိုင် ကျိုးခြင်း၊ အမှတ်(၄) ရပ်ကွက်(၄ဝဝ)ဗို့ ဓာတ်အားလိုင်းမှ (၉)မီတာ ကွန်ကရစ်တိုင်(၁)တိုင် ကျိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။
စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဂိုဒေါင် အဆောက်အဦ၏ နံရံ(၁ဝ)ပေ ခန့် ပြိုကျခဲ့ကြောင်း ။ ကန့်ဘလူ မြို့နယ်တွင် မလယ်ကျေးရွာ တိုက်နယ်ဆေးရုံမှ လူနာဆောင် (၁)လုံး ပြိုကျပျက်စီးခြင်း၊ အထက်တန်းကျောင်းနှင့် မူလတန်း ကျောင်းအုတ်နံရံများ ပြိုကျခြင်း၊ စေတီ(၁ဝ)ဆူ ပြိုကျခြင်း၊ ဘုန်းကြီးကျောင်း (၇) ကျောင်းနှင့် အိမ်ခြေ (၂ဝ) ပြိုကျ ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း ။
စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရား စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံး၏ အနောက်ဘက် အုတ်တံတိုင်း ပေ(၉ဝ)ခန့် ပြိုကျခဲ့ပြီး ရုံးဝင်းအတွင်းရှိ ဓာတ်အားခွဲရုံ၏ (၃၃) ကေဗွီ LA (၂) ခု ကျိုးပဲ့ ပျက်စီးခြင်း၊ ကျည်တောက်ပေါက် ခွဲရုံမှ (၃၃) ကေဗွီ ထရန်စဖော်မာ၏ Bushing (၁) လုံးကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။
သပိတ်ကျင်း မြို့နယ်တွင် အိမ်ခြေ(၁ဝဝ)ခန့် ထိခိုက်ပျက်စီးခြင်း၊ အိမ်(၁)လုံးပြိုကျပြီး လူ(၁) ဦး သေဆုံးကာ (၂၄) ဦး ဒဏ်ရာရရှိခြင်း၊ ပြန်ကြားရေနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံး အပေါ်ထပ် အနည်းငယ် ပျက်စီးခြင်း၊ မျက်နှာကျက် ပျက်စီးခြင်း၊ ခြံစည်းရိုး အုတ်တံတိုင်း (၂)ခန်း ပြိုကျခြင်း၊ ဆေးရုံရှေ့ အုတ်တံတိုင်း ပြိုကျခြင်း၊ ဘဏ်အဆောက်အဦရှေ့ အဆောင်ပြိုကျခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး အပေါ်ထပ်နှင့် ဘုရားစင် ပြိုကျခြင်း၊ ဆိပ်ကမ်း မူလတန်းကျောင်း အဆောက်အဦ နံရံများ ပြိုကျခြင်း နှင့် ထပ်ဆင့်လွှင့် စက်ရုံ တာဝါတိုင် ယိုင်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။
မိုးကုတ်မြို့နယ်တွင် စေတီ(၃)ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း ။ မန္တလေးမြို့တွင် သစ်မင်းရာဇာ ကုမ္ပဏီ (၅) ခန်းတွဲ (၂) ထပ်မှ (၂) ထပ် (၁) ခန်း ပြိုကျခြင်း၊ ကံလှဓမ္မာရုံ ပြသာဒ် ပျက်စီးခြင်း၊ ဦးရွှေရိုး ဘုရားကြီး ဇောင်းတန်း အနောက်ဘက် အုတ်နံရံ အက်ကွဲခြင်း၊ ရွှေဘုန်းရှိန်ရပ်မှ (၂)ထပ် တိုက် အိမ် (၁)လုံး အက်ကွဲခြင်း၊ အမှတ်(၇)ရဲစခန်း အနောက်ဘက် အုတ်တံတိုင်း ပေ(၇ဝ) ခန့် ပြိုကျ ပျက်စီးခဲ့ခြင်း၊ နန်းဦးစေတီ အရှေ့ဘက် မုဒ် ပြသာဒ် အလျား (၈)ပေခန့် ပြိုကျခဲ့ခြင်း၊ အောင်မြေ ရွှေဘုံဘုရား စိန်ဖူးတော် မြေခခြင်း၊ ရွှေလင်းပင်ဘုရား သံထီးတော်ယိုင်ခြင်း၊ ကျောက်တော်ကြီးဘုရား အရှေ့မုဒ်ဦး တိုင်ကျိုး၍ မျက်နှာကျက် အက်ကွဲခြင်း၊ ရွှေဂူကြီးဘုရား အရန်စေတီငယ် တစ်ဆူ၏ ထီးတော် မြေခခြင်း၊ ရွှေဘုံသာဘုရား စိန်ဖူးတော်မြေခခြင်း၊ ငွေအိုးရဘုရား ပြသာဒ်ပြုတ်ကျခြင်း၊ မကျည်းကိုင်း မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ။
တံတားဦး မြို့နယ်တွင် မင်္ဂလာစေတီထီးတော် ကောက်သွားခြင်း၊ ဆေးအိုးဘို စေတီ ဖောင်းရစ်များ ကွာကျခြင်း၊ စန္ဒာမုနိဘုရား၊ လေးထပ်ကြီး ဘုရားနှင့် လောကသရဖူ ဘုရားတို့တွင် ဖောင်းရစ်များ ကွာကျခြင်း၊ လက်ပံလှ ပင်မဓာတ်အားခွဲရုံရှိ စတိုး အဆောက်အဦ၏ မြင့်မိုရ်ပိတ် တစ်ခြမ်းနှင့် ယင်းနှင့် ကပ်လျက်ရှိသည့် အုတ်နံရံ (၄) ပေခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ကိုင်းတိုင်းရွှေဘိုမြို့ အနီး အင်အားပြင်း ငလျင်လှုပ်ခတ် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့(News Release-3)
( နေပြည်တော် နိုဝင်ဘာ ၁၁)
ယနေ့ နံနက်က လှုပ်ရှားခဲ့သော ငလျင်နှင့် ပတ်သက်၍ ဆက်လက်ရရှိသော သတင်းများ အရ စစ်ကိုင်းမြို့တွင် မင်းကွန်း ခေါင်းလောင်းတော်ကြီး အနည်းငယ် နေရာရွှေ့ခြင်း၊ ဝန်ထမ်း အိမ်ရာ(၆) ခန်းတွဲ (၂) ထပ်မှ အခန်း(၃) ခန်း၏ အပေါ်ထပ် နံရံပြိုကျပြီး အပေါ်ထပ် ကြမ်းခင်း ကျွံကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကျောက်မြောင်းမြို့နယ် ကျောက်မြောင်းရွာတွင် ကျေးရွာ ဆက်သွယ်ရေးရုံး ပြိုကျခြင်း၊ ဆယ်ပင်ကျွန်း မူလတန်းကျောင်း (၁)ထပ်ဆောင် ထက်ဝက်ခန့် ပြိုကျခြင်း၊ မကျည်းသုံးပင် ကျေးရွာ မူလတန်းကျောင်း အဆောက်အဦ၏ (၇ဝ) ရာနှုန်း ပြိုကျ ပျက်စီးခြင်း၊ ဆိတ်သာကျေးရွာ မူလတန်းကျောင်း မြင့်မိုရ်ပိတ်ပြိုကျ ပျက်စီးခြင်း၊ မလားကျေးရွာ တွဲဖက်မူလတန်းကျောင်း ထက်ဝက်ခန့် ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း။ ရွှေဘိုမြို့တွင် ချမ်းသာကြီး စေတီတော်၏ စိန်ဖူးတော် မြေခခဲ့ပြီး ကြာမောက်ကြာလန် အောက်မှ အင်္ဂတေအချို့ ပြိုကျပျက်စီးခြင်း၊ မင်းသမီး ရွှေကျောင်းဘုရားနှင့် နန်းဦးကျောင်း အတွင်းရှိ စေတီများ၏ စိန်ဖူးတော်များ မြေခခြင်း၊ အတွင်းမိတ္ထီလာ ဘုန်းကြီးကျောင်းနှင့် အရှေ့လောကမာရဇိန် ဘုန်းကြီးကျောင်းတို့၏ မုဒ်ဦးများ ပြိုကျပျက်စီးခြင်း၊ ရွှေဂူကြီးဘုရား၏ ကြာမောက်ကြာလန်များ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာ ဘုန်းကြီးကျောင်း အတွင်းရှေးဟောင်း စေတီတော်(၁)ဆူ ပြိုကျခြင်းနှင့် စိန်ဖူးတော်(၁)ခုမြေခခြင်း၊ ဇောတိကရာမ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၅)ခန်း၊ ရွှေဘုံရတနာ မင်္ဂလာ နန်းတော်ကျောင်းမှ အုတ်တံတိုင်း (၈)ခန်းနှင့် အောင်ချမ်းသာ ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်း (၄)ခန်းတို့ ပြိုကျခြင်း၊ ဆင်အင်းကျေးရွာ ကုန်းသာ ဘုန်းကြီးကျောင်း အတွင်း ပြသာဒ်ဟောင်း အပေါ်ပိုင်း (၄)ပေခန့်ပြိုကျခြင်းတို့ဖြစ်ပေါ်ခဲ့သည်။
ခင်ဦးမြို့နယ်တွင် ကုက်တတ်အုပ်စု ရုံးပင်ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ပြိုကျခြင်း နှင့် အညာသီဟတော ဘုရားထီးတော်ယိုင်၍ အာရုံခံသစ်သားတန်ဆောင်းတို့ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ကန့်ဘလူမြို့နယ်တွင် မလယ်ကျေးရွာ ဘုန်းကြီးကျောင်းအဝင် အုတ်တံတိုင်း(၁၂) ခန်း ပြိုကျခြင်း၊ ဓမ္မာရုံ(၂) ခု၏ အုတ်နံရံ ပြိုကျခြင်း၊ အိမ်ခြေ အလုံး(၂ဝ)ပြိုကျခြင်း၊ ရေရှင်ကျေးရွာ ဘုန်းကြီးကျောင်းမှ စေတီ (၂)ဆူ ထီးတော် အဆင့်ထိ ပြိုကျခြင်း၊ ဇီးကုန်းဘောင် ကျေးရွာမှ မြန်မာညွန့်ဆန်စက်ခေါင်းတိုင် ပြိုကျခြင်း၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်း ပြိုကျခြင်း၊ ထန်းတပင်ကျေးရွာ ရွာလယ်စေတီ ထီးတော်မြေခခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။
ဝက်လက်မြို့တွင် သစ်ဆိပ်ကျေးရွာဘုရား ငှက်ပျောဖူးမှစ၍ ပြိုကျခြင်း၊ ရေလည်မှော် မူလတန်းကျောင်း နံရံပြိုကျခြင်း၊ ရေလည်မှော်ကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်း၊ ရွာသာကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းနှင့် အင်းမဲကြီးကျေးရွာ ဘုရားစိန်ဖူးတော် မြေခခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ကလေးခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် တမူးခရိုင်တို့တွင် အနည်းငယ် လှုပ်ရှားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် ငလျင်ဘေးဒဏ်သင့် နေရာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Myanmar Express

.jpg)
1 comments:
Earthquake Survival Manual
http://www.myanmar-embassy-tokyo.net/eq/eq-survival-manual.pdf
ငလျင်များနှင့် နေထိုင်ခြင်း
http://www.myanmar-embassy-tokyo.net/news/Living-with-Earthquakes-Myanmar-version.pdf
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်