From : သမ္မတရုံး



Myanmar Express
နေပြည်တော် နိုဝင်ဘာ ၅
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌
ရောက်ရှိနေသာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စဂျုလီယာ ဂေးလ်လက်နှင့်
နိုဝင်ဘာ (၅) ရက် နံနက်(၁၁)နာရီ မိနစ်(၂ဝ)တွင် ခေတ္တ တည်းခိုသည့်
ဗီယင်ကျန်းမြို့ရှိ ဒေါင်ချန်း ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊
ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့်
အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြပြီး သြစတြေးလျနိုင်ငံ
ဝန်ကြီးချုပ်နှင့်အတူ အမျိုးသား လုံခြုံရေး အကြီးတန်း အကြံပေး Mr. Richard
Moude နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်းပြီး ဖြစ်၍ နှစ်နိုင်ငံ အကြား
ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ သတ္တုနှင့်
စွမ်းအင် ကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ နေရောင်ခြည်
စွမ်းအင် ထုတ်လုပ်ရေး အပါအဝင် လျှပ်စစ်စွမ်းအား တိုးမြှင့်ထုတ်လုပ်ရေး၊
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေး ထွက်ကုန်များကို အဆင့်မြှင့်
ထုတ်လုပ်နိုင်ရန် နည်းပညာရပ်များ ပံ့ပိုးပေးရေး၊ ကျေးလက်ဒေသများ အထိ
ဆက်သွယ်ရေးနှင့် အိုင်တီ နည်းပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက်
ပံ့ပိုးပေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင်
တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေး အတွက်
သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အကူအညီပေးရေး၊ ၂ဝ၁၄
ခုနှစ်တွင် အာဆီယံ အသင်းကြီးနှင့် သြစတြေးလျနိုင်ငံ တို့၏
ဆက်ဆံမှုနှစ်(၄ဝ)ပြည့် မြောက်ချိန်နှင့် တိုက်ဆိုင်သဖြင့် ထိပ်သီး အစည်းအဝေး
ပြုလုပ်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

1 comments:
မစ္စဂျူလီယာဂျေးလ်လက်ကိုမြန်မာပြည်သို့လာလည်စေ ချင်ပါသည်။ဒေါက်တာချက်ကြီးဆိုက်ထဲကမစ္စဂျေးလ်ရဲ့"သမိုင်းတင်မည့် ရဲရဲတောက်မိန့်ခွန်းကိုကျနော်အရမ်းကြိုက်တယ်။အရမ်းလည်းလေးစားတယ်။သူကတော့ခရစ်ယာန်ဆိုတော့ခရစ်ပေါ့။ကျနော်တို့ကတော့ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာပေါ့။ဘာသာပဲကွာတယ်။ကျန်တဲ့မိန့်ခွန်းတွေကတော့အတူတူပဲ။သတ္တိရှိတယ် ရဲရင့်တယ် ပြတ်သားတယ်။ဒါ့ကြောင့်အရမ်းလေးစားတယ်။ကျနော်တို့အဖွားစု(ဒေါ်အောင်ဆန်းစုကြည်)နဲ့ကတော့ဆီနဲ့ရေလိုပဲ အရမ်းကွာတယ်။ဒေါ်စုကမြန်မာလူမျိုးတွေပေါ်မှာတာစွာကျယ်စွာကျယ်လုပ်နေတာ။ကုလားကိစ္စကျတော့အမြှီးကိုကုတ်နေတာပဲ။မစ္စဂျေးလ်နဲတောင်လဲလို့ရရင်လဲလိုက်ခြင်သေးတယ်။တကယ်ပြောတာပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်