Subscribe to our RSS Feed

ဥရောပသမဂ္ဂအဖွဲ့ ၏ ဘဏ္ဍငွေများ ဖြုန်းတီးမူပြုလုပ်သည်ကို စစ်ဆေးတွေ့ ရှိ

From : the voice
ဥရောပသမဂ္ဂအဖွဲ့ ၏ ဘဏ္ဍာငွေများကို အကျိုးရှိစွာအသုံးမကျဘဲ ဖြုန်းတီးမူများပြုလုပ်ခဲ့သည်ကို စာရင်းစစ် များက စစ်ဆေးတွေ့ ရှိသဖြင့် အဆိုပါအဖွဲ့ အပေါ် ဝေဖန်မူများပေါ်ပေါက်နေကြောင်း BBC သတင်း တွင်ဖော်ပြထားသည်။

၂၀၁၁ ခုနစ် ဥရောပသမဂ္ဂ ဘက်ဂျက်မှ ဘဏ္ဍငွေ ယူရို ၅ ဘီလျှံကို ခွဲဝေသုံးစွဲရာတွင် မှားယွင်းမူများပေါ် ပေါက်နေသည်ကို စစ်ဆေ
းတွေ့ ရှိရကြောင်း ဥရောပသမ စာရင်းစစ်ရုံးက သတင်းထုတ်ပြန်သွားသည်။

စီးပွားရေးကြပ်တည်းမူများပေါ်ပေါက်နေချိန်တွင် ပြည်သူ့ ဘဏ္ဍငွေများကို အကျိုးရှိ စွာအသုံးပြုသင့်ကြောင်း စာရင်းစစ်အဖွဲ့ ဥက္ကဌ Victor Caldeira ကပြောကြားသွားသည်။

ထို့ အပြင် ဘဏ္ဍငွေသုံးစွဲမူကို ထိရောက်စေရန် ပိုမိုတင်းကျပ်သော ဥပဒေများထုတ်ပြန်ကျင့်သုံးရန် အဖွဲ့ ဝင် နိုင်ငံများက လိုလားနေသည်။

သို့ သော်လည်း ဥရောပသမဂ္ဂအဖွဲ့ ၏ ငွေကြေးလွဲမှားစွာအသုံးပြုမူဖြစ်ပေါ်ခြင်းမှာ အဖွဲ့ ၏ ရူပ်ထွေးလှသော ဥပဒေများကို မှားယွင်းအဓိပ္ပာယ်ဖွင့်ဆိုမူ နှင့် နားလည်မူလွဲမှားခြင်းတို့ ကြောင့် ဖြစ်ကြောင်း စာရင်းစစ်အဖွဲ့ ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယင်းကဲ့သို့ ဘဏ္ဍာငွေများလွဲမှားစွာအသုံးပြုမူမှာ သက်ဆိုင်ရာအဖွဲ့ ဝင်နိုင်ငံများနှင့် ဒေသခံအစိုးရများတွင် တာ ၀န်ရှိသော်လည်း အဓိက တာဝန်ရှိသူမှာ ဥရောပသမဂ္ဂအဖွဲ့ ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ဥရောပသမဂ္ဂအဖွဲ့ ၏ ဘတ်ဂျတ် တိုးမြှင့်ပေးရန် ကတောင်းဆိုနေသော်လည်း ယခုကဲ့သို့ ဘဏ္ဍငွေဖြုန်း တီးမူများဖြစ်ပေါ်နေသည်ကို စစ်ဆေးတွေ့ ရှိရသဖြင့် အဖွဲ့ ဝင်နိုင်ငံများက လက်ခံနိုင်ခြင်းမရှိဖြစ်နေသည်။

“ ကော်မရှင်အနေနဲ့ ရှိတဲ့ ဘတ်ဂျက်ကို ထိထိရောက်ရောက်အသုံးပြုနိုင်ရေးကို သာ ဦးစားပေးသင့်တယ်” ဟု ဗြိတိန် ကွန်ဆာဗေးတစ်ပါတီမှ မာတင်ကယ်လာနန်က ထုတ်ဖော်ပြောကြားသွားသည်။
. Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်