Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်အား အတည်ပြုသည့် ဖနောင်ပင်ထုတ်ပြန်ချက်ကို အာဆီယံခေါင်းဆောင်များမှ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်

From : သမ္မတရုံး

နေပြည်တော်  နိုဝင်ဘာ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒေသ စံတော်ချိန် မွန်းလွဲ (၁၂)နာရီ (၃၅)မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Peace   Palace တတိယထပ် Nuon  Srey  Hall ၌ ကျင်းပသည့် အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက်အား   အတည်ပြုသည့် ဖနောင်ပင်ထုတ်ပြန်ချက်ကို အာဆီယံခေါင်းဆောင် များမှ လက်မှတ်ရေးထိုးပွဲ အခမ်းအနား သို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအ်ကြီးအကဲ၊ အစိုးရအဖွဲ့အကြီးများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများဖြစ်ကြသည့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုကီးယားမူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်၊ အင်ဒိုနီးရှား သမ္မတနိုင်ငံ သမ္မတဒေါက်တာဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ လာအို ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် ဒါတိုဆရီမိုဟာမက် နာဂျစ်ဘင်ထွန်း ဟာဂျီအဗ္ဗဒူရာဇတ်၊ ဖိလစ်ပိုင် သမ္မတနိုင်ငံ  သမ္မတ မစ္စတာဘီနင်နိုအကွီနို၊ စင်ကာပူသမ္မတနိုင်ငံ  ဝန်ကြီးချုပ်မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းတို့က အာဆီယံ လူ့အခွင့် အရေးဆိုင်ရာကြေညာချက်အား အတည်ပြုသည့် ဖနောင်ပင် ထုတ်ပြန်ချက်ကို အတူတကွ လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးခဲ့သည့် ဖနောင်ပင် ထုတ်ပြန်ချက်ကို အာဆီယံအတွင်းရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်