From : သမ္မတရုံး
Myanmar Express
နေပြည်တော် နိုဝင်ဘာ ၂ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ည(၈) နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ
Diamond Inland Convention and Exhibition Center ၌
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့်ဇနီးတို့က
တည်ခင်းဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်သည်။
အဆိုပါ ညစာစားပွဲသို့
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အာဆီယံနိုင်ငံများမှ
နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အရှေ့အာရှထိပ်သီး
အစည်းအဝေး နိုင်ငံများမှ ခေါင်းဆောင်များဖြစ်ကြသည့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်
မစ္စတာဝမ်ကြားပေါင်၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာယိုရှီဟီကိုနိုဒါ၊
ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင်ဘတ်၊
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၊ အမေရိကန်
ပြည်ထောင်စုနိုင်ငံ သမ္မတ မစ္စတာဘားရက် အိုဘားမား၊ သြစတြေးလျနိုင်ငံနှင့်
နယူးဇီလန်နိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့မှ
နိုင်ငံ့အကြီးအကဲများ၏ အထူးကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ
ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်
ဒေါက်တာဆူရင် ပစ်ဆူဝမ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ ညစာစားပွဲသို့ တက်ရောက်လာကြသည့်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံ့အကြီးအကဲ၊
အစိုးရအဖွဲ့အကြီးအကဲများ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့အား ကမ္ဘောဒီးယား
နိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရင်းနှီးခင်မင်စွာကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊
ဇနီးနှင့် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံ
အတွင်းရေးမှူးချုပ် တို့သည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာသုံးဆောင်စဉ် ကမ္ဘောဒီးယားယဉ်ကျေးမှု ပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက် ကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်