From : The Voice
ယနေ့နံနက် မြန်မာစံတော်ချိန် ၇နာရီ၄၃မိနစ်အချိန်ခန့်က ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချက်စ်တာ စကေး ၇.၀ပြင်းအားရှိသော မြေငလျှင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မန္တလေးမြေ ငလျှင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ အဆိုပါငလျှင်ကြောင့် ရွှေဘိုမြို့လယ် လမ်းလယ်ဘုရားအနီးရှိ တိမ်လွှာ လျှပ်စစ်ပစ္စည်းဆိုင် အပေါ်ထပ် ပြိုကျခဲ့ပြီး၊ စစ်ကိုင်းမြို့တွင် အဆောက်ဦး အချို့ နံရံများအက်ကွဲခဲ့ကြောင်း ဒေသခံများထံမေးမြန်းချက်များအရ သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်