Subscribe to our RSS Feed

Democracy ရတာနဲ့ Sexy ကျကျဝတ်ဆင်တာ ပတ်သတ်မူရှိလို့လား?(ပေးစာ - ၂၀၈)

From : Tharr Kong Burma



ဒီနေ့ခေတ် မိန်းကလေးတွေ အတွက် Sexy ဖြစ်တယ်ဆိုတာက ၀တ်စားဆင်ယင်မှုကို ပြောတာလို့ ထင်ကြ ပြီးတခြား အချက်တွေကို မေ့နေကြပါတယ်။ ဒီ Article မှာသင်မေ့နေတဲ့ အဓိက အချက်တွေ ကိုထောက်ပြ ထားပါတယ်။
မနေ့က ကျွန်မရဲ့ မောင်လေးနဲ့ သူ့သမီး အကြောင်း ပြောဖြစ်ကြ တယ်လေ။ ဒီငါးနှစ်အရွယ် လက်တောက်လောက် တူမလေးဆီက အရွယ်နဲ့ မလိုက်အောင် ကြားလိုက်ရတာက "ဆက်စီ (sexy) ဖြစ်ချင်နေ
တယ်" ဆိုပါလား။ မောင်လေးကတော့ မျက်လုံးပြူး၊ မျက်ဆံပြူး တွေဖြစ်လို့...အဲဒါနဲ့ အစ်မကြီး ပီသစွာနဲ့ ကျွန်မသမီးတုန်းက ဒီလို ကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းခဲ့ ကြသလဲ ဆိုတာကို ပြန်မျှဝေ ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက် တုန်းက သမီးအသက် ၁၄နှစ်၊ အထက်တန်းကျောင်း စတက်တဲ့ အချိန်မှာ... ဒီဆက်စီ ဆိုတဲ့စကားကို စသိလာပါတယ်။ တူမလေးလိုပဲ ဆက်စီ ဖြစ်ချင်ပါသတဲ့ သမီးချောက။ ဒါနဲ့ သမီးကို ဆက်စီ ဆိုတာ ဘာလဲ၊ ရှင်းပြပါ လားလို့ မေးတော့... ထင်တဲ့ အတိုင်းပါပဲ... ရေရေရာရာ မပြောနိုင်ပါဘူး။ ဒီတော့ သူ့ကို နားလည်အောင် ရှင်းပြဖို့ အချက်ရ သွားတာပေါ့။ "ဆက်စီ ဆိုတာ ကျန်းမာ သန့်ရှင်းတဲ့ ခန္ဓာကိုယ်၊ ကြည်လင်နေတဲ့ အသားအရည်၊ လန်းဆန်း တက်ကြွမှု ရှိတာ...အင်း...သန့်ရှင်း သပ်ရပ်တဲ့ အခန်းလေး တစ်ခုလိုပေါ့။" သမီးကြည့်ရတာ ကျွန်မရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် မှာသူကြားချင်တဲ့ စကားလုံးတွေ မပါတော့ သိပ်ကျေနပ် ပုံမရပါဘူး။ သူ့သူငယ်ချင်းမ တွေဆီ ဖုန်းဆက်ပြီး သူ့အမေ အကြောင်း အတင်းတုပ် ပါလေရော။

ဒါက လွန်ခဲ့တဲ့ လေးနှစ်ကပါ။ အခု သမီးက ၁၈နှစ်ပြည့်ပြီး ကောလိပ်သွားပါပြီ။ သွက်လက် တက်ကြွတဲ့ အမျိုးကောင်း သမီးလေး တစ်ယောက်အဖြစ် ကြီးပြင်းလာလို့ ၀မ်းသာရ ပါတယ်။ ဒီဆက်စီ ဆိုတာနဲ့တော့ ပတ်သက်မှု ရှိသေးပေမယ့် လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ။ ဒီလေးနှစ် အတွင်းမှာ အမေတစ်ယောက် အနေနဲ့ ဘေးကနေ ဆက်စီဆိုတာ ဘာလဲ ဆိုတာကို ခေါင်းထဲ ရိုက်သွင်းရုံမက သူမ အသက်ကြီး လာတာနဲ့ အမျှ ပြောင်းလဲလာတဲ့ အဓိပ္ပါယ်ကို ဆွေးနွေးတိုင်ပင် စကားပြောဖြစ်ခဲ့တဲ့ အကျိုးဆက် တွေကြောင့် ခုလိုဖြစ်လာ ခဲ့တာပါ။ အောက်က ဒီဖွင့်ဆိုချက် တွေက သမီးနဲ့ ပြောဖြစ်ခဲ့ တာတွေပါ။"ကြင်နာ တတ်တာ၊ ပျော်ပျော်နေ တတ်တာ၊ ဟာသဥာဏ်ရှိတာ၊ စမတ်ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတာ၊ စိတ်ကောင်းထားတာ၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တာ၊ စာနာမှုရှိတာ၊ မျှမျှတတ တွေးခေါ် တတ်တာ၊ သဘာဝ ကျကျနေ တတ်တာ၊ ရဲရဲရင့်ရင့် ရှိတာ၊ စိတ်အားထက်သန်မှု ရှိတာ..ဒါတွေ အားလုံးက ဆက်စီ ဖြစ်စေတဲ့ အရာတွေပဲ။ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်ခင်တတ်ပြီး ဘယ်အရာ မဆို ဥာဏ်နဲ့ ယှဉ်ပြီး တွေးခေါ်တတ်တဲ့ မိန်းကလေးမျိုးဆို ဆက်စီ အဖြစ်ဆုံးပေါ့။"

ကျွန်မ သမီးတင် မကပါဘူး...မိန်းကလေးတိုင်းကို သိစေချင်ပါတယ်။ "ဆက်စီ ဖြစ်တယ်ဆိုတာ အပေါ်ယံ အရေပြား တစ်ထောက်စာ ၀တ်စားဆင်ယင်မှု ကိုပြောတာမဟုတ်ဘဲ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာကို ပြောချင်တာပါ။ လူတိုင်း အတွက် အဓိပ္ပါယ် တူချင်မှ တူမှာပါ။ ပုံသွင်းသလို တစ်ပုံစံတည်း လုပ်လို့ မရပါဘူး။ ကိုယ်ပိုင် ဖွင့်ဆိုချက်နဲ့ ကိုယ်ဆက်စီ ဖြစ်ခွင့် ရှိပါတယ်။ ကိုယ့်ကိုကိုယ် ဆက်စီဖြစ်လား၊မဖြစ်လား ဆိုတာ တခြားသူက သတ်မှတ်လို့ မရသလို၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံအစွဲတွေ၊ အများအမြင်နဲ့ တခြားဘေးက လွှမ်းမိုးမှုတွေ (ဥပမာ-မီဒီယာ၊ ရုပ်ရှင်)ကဖွင့်ဆိုချက်တွေ အတိုင်းလိုက် လုပ်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ပိုင် ဟန်နဲ့သာ နေတာကမှ တကယ်ဆက်စီ ဖြစ်တာပါ။ (ဆိုလိုတာက အခု မြန်မာနိုင်ငံမှာ ဖြစ်နေသလို အတိုအပြတ် ၀တ်မှ၊ ရှေးထုံးစံ ထမီ ဘီးဆံပတ်ကြီးနဲ့ နေမှ ဆက်စီ ဖြစ်တာလို့ ထင်စရာ မလိုပါဘူး) ကျွန်မ သမီးနဲ့ တူမလေးလို အမျိုးသမီး တော်တော်များများက ဆက်စီ ဖြစ်ဖို့ ကျိတ်ပြီး ဆုတောင်းတတ် ကြပါတယ်။

ဒါပေမယ့် ကိုယ်က ဘယ်လို ဆက်စီ ဖြစ်ချင်တာလဲ ဆိုတာကို စဉ်းစားဖူး ကြပါလား။ ကိုယ့်အသွင်အပြင်လား၊ ကိုယ့်စိတ်ဓာတ် စရိုက်လား၊ ဒါမှမဟုတ် အများက ဆက်စီကျတယ်လို့ ထင်ကြေးပေးထားတဲ့ အတိုင်းလိုက် လုပ်ချင်တာလား။ အများက ဆက်စီ ကျတယ်လို့ ထင်ထားတဲ့ သူတွေနဲ့ သင်ကိုယ်တိုင်မှာရော တူညီတဲ့ အချက်တွေ ရှိလို့လား။ ဥပမာ- စိတ်ဓာတ်ရေးရာ ပဲဖြစ်ဖြစ်၊ ရုပ်ပိုင်း ဆိုင်ရာမှာပဲ ဖြစ်ဖြစ် (ကိုယ်ခန္ဓာ အနေအထား တစ်ခုတည်း ကိုမဆိုလိုပါဘူး) ကိုယ်နဲ့ ကိုက်ညီတဲ့ အချက်တွေ တကယ်ကော ရှိလို့လား။ ဆက်စီကျကျ နေထိုင်နည်း... ဘာညာဘာညာ စာအုပ်တွေ ရှိပေမယ့် ဒါတွေက အပေါ်ယံ ခဏပဲ ကူညီနိုင်မှာပါ။ တကယ့် သက်တောင့် သက်သာနဲ့ ယုံကြည်မှု အပြည့်ရှိ အထာကျကျ နေတတ်အောင်တော့ မကူညီ နိုင်ပါဘူး။ ဆက်စီ ဖြစ်တယ်ဆိုတာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်တဲ့ အ၀တ်အစား ၀တ်တာလို့လည်း တချို့က ထင်ပါတယ်။ ဒီလို အ၀တ်အစားတွေ ၀တ်ပြီးတော့ သရုပ်ဆောင် မင်းသမီးတွေလို ကြွကြွရွရွ နေနိုင်မယ် လို့ထင်ပါသလား။ သူများရဲ့ အမှတ်အသားကို ခိုးလို့ မရပါဘူး။ ဆက်စီဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်က မိန်းမသား ဆန်ဆန် ယုံကြည်မှု ရှိတဲ့အလှကို ပေါ်လွင်အောင် ပြသတာပါ။ ကိုယ့်နဲ့ လိုက်လျော ညီထွေရှိတဲ့ စတိုင်ကို ရွေးတတ် မှလည်း တကယ် ဆက်စီ ကျကျ လှမှာပါ။ တစ်ခုရှိတာက ဆက်စီဆိုတာကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ထားတာ မရှိတာပါ။ ဘယ်လို အသက်အရွယ် ကမှ၊ ခန္ဓာကိုယ် အချိုးအစားကမှ၊ အရပ်အမောင်း၊ ဆံပင်အရောင်ကမှ ဆက်စီဖြစ်တယ်လို့ သတ်သတ် မှတ်မှတ် ကိုမရှိတာပါ။ ဒါကြောင့်လည်း ကိုယ့်လိုရာ ဆွဲတွေးပြီး ဆက်စီ ဖြစ်နေကြတာ မဆန်းဘူးပေါ့။



 Myanmar Express 

7 comments:

သူများ Sexy ကိုယ်လိုက် Sexy
ဘာမှန်းညာမှန်းမသိ
သောက်ရူးတွေ
မိန်းမကြီးတွေက အသက်ကြီးလှပြီဟ

ကဲ မခိုင်ရေ.. ဒီမိုကရေစီ ၇သွားပီး ဆိုတော့ ဘာမှ့ ၀တ်မနေနဲံတော့
ချွတ်ချလိုက်တော့.. ကြည့်ချင်လို့ မဲမဲ ပြဲပြဲြီ့းကီးကို အဟတ်ဟတ်

It is natural that parents love their respective children very much. However, some parents love their children a wrong way. They let their children wear what they like and they also let them do what they wish to do.All parents are responsible to make their children maintain their own traditions and culture.

မခိုင်ရေ ဝါးချင်လိုက်တာနော် ဟင်းဟင်း

Why Myanmar people write the comments like that?

ဘာပဲ ပြောပြော ကြည့်ကောင်းတယ်... ဘာမှမဝတ် ရင် ပို ကောင်းပါတယ် ဖာခိုင်ရယ်

They wear the same way whatever they like before and after democracy.Just photos are shown to public by reporter or writer after democracy.This is not due to democracy.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်