From : mrtv4
Myanmar Express
လိုင်စင်ဆော့ဖ်ဝဲ အသုံးမပြုနိုင်သောကြောင့် Free download ကိုသာ အားထားနေရသော အိန္ဒိယ နိုင်ငံရှိ OS အသုံးပြုသူများအား
လိုင်စင်OS အား အသုံးပြုနိုင်စေရန် အတွက် ၁၉၉၉ ရူပီးဖြင့် Window8 ကို ရောင်းချလိုက်ပြီ ဖြစ်ပြီး လအနည်းငယ် အထိ Window8 ကို ဈေးလျော့ ရောင်းသွားမည် ဖြစ်သည်။
Windows XP ၊ Vista၊ Windows 7 တို့အား လိုင်စင်နှင့် သုံးသည်ဖြစ်စေ ၊ မသုံးသည်ဖြစ်စေ Window8 Pro ကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ download ရယူနိုင်မှာ ဖြစ်ကြောင်း သိရသည်။ Upgrade DVD တစ်ခုအတွက် ၃၄၉၉ ရူပီး ကျသင့်ကာ ၂၀၁၂ ဇွန်လ မတိုင်မီ Windows 7 ကို ဝယ်ယူ အသုံးပြုထားသော သူများအတွက်ကိုမူ ၆၉၉ ရူပီးသာ ကျသင့်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်