From : NLD ကိုမကျေနပ်သူတစ်ဦး
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ် NLD၏ ကျေးရွာ ရုံးတစ်ရုံးတိုက်ခိုက် ခံခဲ့ရပြီး ပါတီ အလံလည်မီးရှို့ ဖျက်ဆီး ခံရကြောင်းသိ ရရှိသည်။“ ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲလောက်က တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာ NLD ရုံးက ဆိုင်းဘုတ်ပေါ်မှာ ထောင်ထားတဲ့ NLD အလံကို ငရုတ်တောင်ရွာက ရွာသားတစ်ဦးက လာဖြုတ်ပြီး အစိတ် စိတ်အမွှာမွှာ ဆုတ်ဖြဲတယ်ဗျာ။ ပြီးတော့အလံကို မီးရှို့ဖျက်ဆီးတယ်ဗျာ” ဟု တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပြည်နယ် အဖွဲ့ဝင် ကိုမင်းအောင်က ပြောကြားခဲ့သည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ရွာသား တစ်ဦး မေးမြန်းရာ တိုက်ခိုက် ဖျက်ဆီးသူမှာ အဆိုပါ ကျေးရွာမှ ကိုအောင်သိန်းရွှေ ဆိုသူ ဖြစ်ကြောင်း ပြောဆိုသည်။
“ သူက ဘာတွေကို မကျေနပ်တာလဲဆိုတာတော့ သေချာမသိဘူး။ဒါပေမယ့်ဆုတ်ဖြဲထားတဲ့NLD အလံကြီးကိုကိုင်ပြီး ရွာထဲမှာဒေါ်အောင်ဆန်းစုကြည် ကိုမကျေနပ်ဘူး၊ဗိုလ်ချုပ်မျက်နှာကို အိုးမဲသုတ်တဲ့ သမီး၊ကုလားလင်တော်ထားရလို့ ကြောက်နေတာလား လို့ပြောတဲ့အော်သံတွေတော့ကြားတယ်” ဟု ငရုတ်တောင် ကျေးရွာသားတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စုရှိရာ ယခုအချိန်တွင် ကျေးရွာအုပ်စုပေါင်း ၃၃ အုပ်စု တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့ဝင်လက်မှတ်ထုတ်ပေးထားသူ စုစုပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
Myanmar Express

1 comments:
ထားဝယ်NLD သတိထား ကုလားပါတီဆိုတော့သတိထားရမှာပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်