Subscribe to our RSS Feed

ဒုသမ္မတကို ငလျင်လှုပ်လို့ပြန်တယ်ဆိုတဲ့အဖြစ်မှန်နဲ့ သတင်းအတွက် The Voice တာဝန်ယူနိုင်သလား

From : (မောင်ကျောက်ခဲ အဖွဲ့)

The Voice Weekly ဂျာနယ် ၏ ဖေ့ဘုတ်စာမျက်နှာတွင် ဒုသမ္မတ သည် ပျက်စီးပြိုကျသွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံကိန်းသို့ မလာတော့ဘဲ လှည့်ပြန်သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင်သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည် ဟု သတင်းထုတ်ပြန်လိုက်ရာ အင်တာနက်အသုံးပြုသူများအနေဖြင့်  ဒုသမ္မတအား ပစ်ပစ်နှစ်နှစ် ဆဲဆိုခြင်းများ ပြုလုပ်ကြတော့သည် ။




ဖြစ်စဉ်အမှန်မှာ ငလျင်ဖြစ်ပွါးပြီးနောက် နောက်ထပ် ငလျင်များ လာဦးမည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း   ဒုသမ္မတ နှင့်အဖွဲ့သည် ကျိုးကျပျက်စီးကာ လုပ်သားများ သေဆုံးပျောက်ဆုံးခြင်းဖြစ်ပွါးခဲ့သော ဆောက်လက်စ ရတနာသိင်္ခ တံတားဆီသို့ ထွက်ခဲ့ရာ ညနေ ၄:၁၀ နာရီနောက်ပိုင်းတွင် ရောက်ရှိသွားပါသည် ။ထို့နောက် ပြန်လည်ထွက်ခွါလာပြီး မိနစ်ပိုင်း အနည်းငယ်အကြာ ညနေ ၅း၂၂ နာရီတွင် ငလျင်လှူပ်ခတ်ပြန်သည် ။ထိုဖြစ်စဉ်ကို ထိုဒေသနှင့် တံတားတည်ဆောက်ရေးတာဝန်ရှိသူများ လုပ်သားများ အကုန် သိရှိကြသည် ။ဒုသမ္မတ ပြန်ချိန်နှင့် ငလျင်လှုပ်ခတ်ချိန်သည် မိနစ်ပိုင်းမျှသာ ခြားနားလေရာ The Voice Weekly ဂျာနယ်မှ မျက်မြင်များမှ ပြောကြားသည် ဟု သော စကားရပ်ဖြင့် ငလျင် လှုပ်၍ ဒုသမ္မတက ပြန်ပြေးသယောင်ယောင် အင်တာနက်တွင် သတင်းဖြန့်ချီခဲ့ပါသည် ။

ကျိုးကျသွားသော ဆောက်လုပ်ဆဲ တံတားကြီး


မီဒီယာ သည် မိမိတို့ရေးသားသော သတင်းကို မိမိတို့ တာဝန်ယူနိုင်ရမည် ။မြန်မာနိုင်ငံ ဂျာနယ်များကမူ မျက်မြင်သက်သေတစ်ဦး ဒေသခံတစ်ဥိး ဖုန်းဆက်လာပါသည် တို့ စသည်တို့ဖြင့် ရေးသားလာသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ပြီ ဖြစ်ပါသည် ။ မျက်မြင်သက်သေတစ်ဦး က ပေးပို့သည် ။ထိုသူကို လျို့ဝှက်ရန် မီဒီယာ ကျင့်ဝတ်ရှိသည် ဆိုသော စကားရပ်နှင့်ကိုင်ပေါက်လျှင် ပြန်လည် မေးလိုသည် ။ ထိုသတင်းအတွက် The Voice Weekly မှ တာဝန်ယူနိုင်မည်လော ။

 ကမ္ဘာအရပ်ရပ်တွင် သတင်းမှားဖော်ပြပါက လူသိရှင်ကြားတောင်းပန်ရသည့်အပြင် တရားစွဲဆိုခြင်း ဒေါ်လာငွေ သန်းချီ၍ လျော်ကြေးပေးရခြင်းတို့ ရှိသော်လည်း မြန်မာနိုင်ငံ ဂျာနယ်မီဒီယာ လောကတွင်မူ ပြင်ဆင်ဖတ်ရူပါရန် ဟုသော စကားလုံးဖြင့် နှစ်ပေါင်းများစွာ ပျားရည်နဲ့ ဝမ်းချခဲ့ဖူးလေပြိ ။
 ကမ္ဘာနှင့် ပြောသော် ကြိးကျယ်မည်လော ။ မြန်မာ့သမိုင်းတွင် ကျောင်းသား အောင်ဆန်း ဟူသော လူငယ် တစ်ဦးသည် ငရဲခွေးကြီး လွတ်နေပြီဟူသော ဆောင်းပါး ပိုင်ရှင်ကို ဖွင့်ပြောရန် ငြင်းဆိုသဖြင့် ပြဿနာ တတ်ခဲ့ပြီး ထိုအတွက် သူခေါင်းခံခဲ့ဖူးသည် ။ထိုသို့သော သာဓက များရှိဖူး၏ ။ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် မီဒီယာ သမားပီသစွာ ခေါင်းခံခဲ့ဖူး ၏ ။ The Voice Weekly သည်လည်း မီဒီယာ သမားလော ။ပါပါရာဇီ ငဖွလော ။ အစိုးရ အပုတ်ချ ညနေခင်း အတင်းအဖျင်းဂျာနယ်လော ။ မီဒီယာသမား ဟုလည်ကောင်း စတုတ္တမဏ္ဍိုင်သမားစစ်စစ်ဟူလည်းကောင်း
ကြွေးကြော်ဝံ့သလော ။

ဒုသမ္မတ တစ်ယောက်၏ သတင်းကိုပင် မီဒီယာ တိုက်ခိုက်မှု ပြုလုပ်ကာ ပွဲလန့်တုန်းဖျာခင်း သော ထိုဂျာနယ်ကို အစိုးရမှ ကြည့်နေမည် လော ။ အရည်အချင်း ပြည့်ဝသည့် အစိုးရအနေဖြင့် ဤသို့ကိစ္စရပ်များကို ချွင်းချက်ထား လိုက်မည်ဆိုလျှင် လွန်စွာ ရှက်ဖွယ်ကောင်းလှသော လုပ်ဆောင်ချက်များသာ ဖြစ်နေတော့မည် ။

Myanmar Express 

8 comments:

ဒီသတင်းကိုသစ်ထူးလွင်မှာဖတ်လိုက်ရတယ်။သတင်းကိုဝါသနာပါလို့လိုက်ဖတ်တာပါ။သစ်ထူးလွင်တို့ ဒေါက်တာလွဏ်းဆွေတို့ဆိုတာပြည်သူ့အကျိုးထက်ပုဂ္ဂိုလ်စွဲသတင်းဆိုက်တွေဆိုတာ-
The Voice ကပိုတောင်ဆိုးသေးတယ်။KIA ရဲ့ဆပ်ကြေးစားဂျာနယ်။ရန်သူနဲ့ပေါင်းပြီးပြည်သူတွေကိုအတင်းအဖျင်းဝါဒဖြန့်နေတဲ့သတင်းလိမ်ဂျာနယ်ပါ။

I can understand this logic. If you say something to someone, someone will say back to you something. Don't cry when your turn is arrived. Like UTS said. Be prepared for it.

သစ်ထူးလွင် အပါဝင် အခြားသောများပြားလှသည့် web side များတွင် ဒေါ်စု အသုံးမကျပုံများ ရှေ့နောက် စကားမညီပုံများကိုလည်း ဖော်ပြပေးစေလိုပါတယ်

if you said something, you are responsible for what you've said. if you want to say something about vice president, you must confirm first. if you didn't . your news may be humour or bla bla. don't forget you can be accused. even if he run away bcoz of earthquake, it's not their fault. he's our vice president. his safety is also important for the country.

စတုတ္ထမဏ္ဍိုင်အခွင့်အရေးကြအပြည့်အဝလိုချင်ပြီး ကျင့်ဝတ်သိက္ခာကျ မထိမ်းချင်တဲ့ ကောင်တွေ ကျဆုံးဘို့ သေချာပါတယ် ။

the voice ka a pinn thawi khan ya tar par
a yin ka di lo ma hote par buu
internet journalist kyaunt par

BBC ကတာဝန်ရှိသူတွေကတော့ သတင်းအမှား ထုတ်ပြန်မိလို့ နုတ်ထွက်လိုက်ရပြီ။ ဒီက ဂျာနယ်ကတော့ သိက©ာရှိစွာ ထုတ်ဝေခွင့် မိမိဖာသာ ပိတ်သိမ်းသင့်ပါတယ်။ နောင်ဂျာနယ်များ အားလုံး အမှု့လိုက် ဖြေရှင်းရန် ၊ လျှော်ကြေးပေးရန်အတွက် သိန်း(၁၀၀၀၀ိ/-)စီ ဆောင်ထားပါ၇န်။

ဒီနေ့ဒုသမ္မတကြီးအဲ့တံတားဘေးမှာရပ်နေတဲ့သတင်းဓါတ်ပုံ (မြန်မာ့အလင်းက)ကိုဒီကောင်တွေကိုပြလိုက်ပါဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်