From : မြန်မာ့အလင်း
Y-talk ဆိုသည်မှာ အင်တာနက်မှတစ်ဆင့် ကမ္ဘာ့နိုင်ငံ များစွာရှိ Mobile phone/ land line phone များသို့ တိုက်ရိုက်ခေါ်ဆိုနိုင်မည့် Software ဖြစ်သည်။ အချိန်မရွေး ခေါ်ဆိုနိုင်ခြင်း၊ အသုံးပြုရာတွင် လွယ်ကူအဆင်ပြေခြင်း၊ မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းများဖြင့်လည်း သင့်တော်ခြင်း၊ ခေါ်ဆိုမှု ဈေးသက်သာခြင်း၊ အသံကြည်လင် ပြတ်သားခြင်း၊ မြန်မာပြည်တွင်းတွင် ပြုလုပ်သောကြောင့် အသုံးပြုသူများ၏ အဆင်မပြေမှုများအား အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ခြင်း စသည့် အားသာချက်များ ရှိပါကြောင်း VMG Telecoms မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ Y-talk Application အသစ် မိတ်ဆက်ပွဲ အခမ်းအနားကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် VMG Telecoms တို့ ပူးပေါင်းအကောင်အထည်ဖော် ဝန်ဆောင်ပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်